ကိုင်ဟာဗက်ဇ်က ဂျာမနီကစားသမားဟောင်း ဘောလက် ထက်ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ဂန်ဒိုဂန်

ဂန်ဒိုဂန်က ကိုင်ဟာဗက်ဇ်ရဲ့ အရည်အသွေးဟာ တစ်နိုင်ငံတည်းသားကစားသမားဟောင်းဖြစ်သူ ဘောလက် ထက် ပိုကောင်းတယ်လို့ မန်စီးတီးအသင်းဖော်တွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ကိုင်ဟာဗက်ဇ်ကို ဒီနွေရာသီမှာ တီမိုဝါနာကို ခေါ်ယူထားတဲ့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ တီမိုဝါနာကို ချဲလ်ဆီးအသင်းဟာ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး လေဗာကူဆင်က ကိုင်ဟာဗက်ဇ်အတွက်လည်း ပေါင် ၇၅ သန်းနဲ့ ခေါ်ယူရန် ဆွေးနွေးနေပါတယ်။

ဂန်ဒိုဂန်ဟာ ကိုင်ဟာဗက်ဇ် နဲ့ တီမိုဝါနာ တို့နဲ့အတူ ဂျာမနီ အသင်းမှာ တွဲကစားနေသူဖြစ်လို့ ဘယ်လောက်ကောင်းသလဲဆိုတာ သိထားသူဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်ကစားသမားက ကိုင်ဟာဗက်ဇ်ဟာ ချဲလ်ဆီး နဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟော်ငး ဘောလက်ထက်တောင် ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။

သူက “ကျွန်တော့်အမြင်အရ ဟာဗက်ဇ်က ဘောလက်ထက်တောင် ပိုကောင်းပါတယ်။ ဘောလက်ဟာ ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်း နဲ့ သတ်မှတ်ထားတဲံ အရည်အသွေးတစ်ခုမှာ ရှိပါတယ်။ သူဟာ အရင်မျိုးဆက်မှာတုန်းက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ကြတော့ အဲ့လိုမဟုတ်ဘူး။ ပိုကောင်းပါတယ်။” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘောလက်ဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ဖလားတစ်ကြိမ် ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလား (၄) ြိကမ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂျာမနီအသင်းမှာလည်း ကမ္ဘာကဖလား ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမား ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကတော့ အခုအချိန်အထိ ဘာဆုတံဆိပ်မှာ မရသေးပါဘူး။

ကိုင္ဟာဗက္ဇ္က ဂ်ာမနီကစားသမားေဟာင္း ေဘာလက္ ထက္ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ဂန္ဒိုဂန္

ဂန္ဒိုဂန္က ကိုင္ဟာဗက္ဇ္ရဲ႕ အရည္အေသြးဟာ တစ္ႏိုင္ငံတည္းသားကစားသမားေဟာင္းျဖစ္သူ ေဘာလက္ ထက္ ပိုေကာင္းတယ္လို႔ မန္စီးတီးအသင္းေဖာ္ေတြကို သတိေပးစကားေျပာၾကားလိုက္ပါတယ္။ ကိုင္ဟာဗက္ဇ္ကို ဒီေႏြရာသီမွာ တီမုိ၀ါနာကို ေခၚယူထားတဲ့ ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ တီမို၀ါနာကို ခ်ဲလ္ဆီးအသင္းဟာ ေပါင္ ၅၃ သန္းနဲ႔ ေခၚယူထားတာျဖစ္ျပီး ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္အတြက္လည္း ေပါင္ ၇၅ သန္းနဲ႔ ေခၚယူရန္ ေဆြးေႏြးေနပါတယ္။

ဂန္ဒိုဂန္ဟာ ကိုင္ဟာဗက္ဇ္ နဲ႔ တီမို၀ါနာ တို႔နဲ႔အတူ ဂ်ာမနီ အသင္းမွာ တြဲကစားေနသူျဖစ္လို႔ ဘယ္ေလာက္ေကာင္းသလဲဆိုတာ သိထားသူျဖစ္ပါတယ္။ မန္စီးတီးကြင္းလယ္ကစားသမားက ကိုင္ဟာဗက္ဇ္ဟာ ခ်ဲလ္ဆီး နဲ႔ ဂ်ာမနီလက္ေရြးစင္ကစားသမားေဟာ္ငး ေဘာလက္ထက္ေတာင္ ပိုေကာင္းတယ္လို႔ ေျပာသြားခဲ့ပါတယ္။

သူက “ကၽြန္ေတာ့္အျမင္အရ ဟာဗက္ဇ္က ေဘာလက္ထက္ေတာင္ ပိုေကာင္းပါတယ္။ ေဘာလက္ဟာ ျပင္းျပတဲ့ စိတ္ဓာတ္ပိုင္း နဲ႔ သတ္မွတ္ထားတဲံ အရည္အေသြးတစ္ခုမွာ ရွိပါတယ္။ သူဟာ အရင္မ်ိဳးဆက္မွာတုန္းက ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္ၾကေတာ့ အဲ့လိုမဟုတ္ဘူး။ ပိုေကာင္းပါတယ္။” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ေဘာလက္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ဖလားတစ္ၾကိမ္ ၊ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါ အမွတ္ေပးဖလား (၄) ၾိကမ္ တို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ဂ်ာမနီအသင္းမွာလည္း ကမာၻကဖလား ဒုတိယဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမား ျဖစ္တဲ့ ကိုင္ဟာဗက္ဇ္ကေတာ့ အခုအခ်ိန္အထိ ဘာဆုတံဆိပ္မွာ မရေသးပါဘူး။