၀က်စ်ဟမ်းအသင်းအတွက် (၈) ဂိုးသွင်းခဲ့တဲ့ မိုက်ကယ်အန်တိုနီယို ဇူလိုင်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုကို ရရှိ

ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး မိုက်ကယ်အန်တိုနီယိုဟာ ဇူလိုင်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဝက်စ်ဟမ်းအသင်း တန်းဆင်းဇုန်က လွှတ်မြောက်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းအတွက် (၇) ပွဲကစားပြီး (၈) ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။သူဟာ ဇူလိုင်လအတွက် အကောင်းဆုံးကစားသမားဆုကို ဂျီရူး ၊ ဟယ်ရီကိန်း၊ မာရှယ်လ် ၊ နစ်ပုတ်၊ ပူလီဆစ် နဲ့ စတာလင်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အရမ်းကို ပျော်မိပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေပြီး ဒီလို အသိအမှတ်ပြုခြင်းခံရတဲ့အတွက် အံ့သြမိပါတယ်။ ကျွန်တော် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ကစားခဲ့ချိန်ကစပြီး အကောင်းဆုံး ကစားခဲ့ပါတယ်။ နောက်ရာသီမှာလည်း ဒီလို စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ အန်တိုနီယိုက ပြောသွားခဲ့ပါတယ်။

တစ်လတာအကောင်းဆုံးဆုအတွက် မဲကို EA SPORTS ဝက်ဘ်ဆိုဒ်မှာ ပရိသတ်များ နဲ့ ပရီးမီးယားလိဂ် အသင်း (၂၀) က အသင်းခေါင်းဆောင်တွေ မဲပေးခဲ့ကြတာဖြစ်ပါတယ်။ အန်တိုနီယိုဟာ နောဝစ်ချ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း (၄) ဂိုးသွင်းပေးခဲ့ပြီး အမှတ်ရလောက်စရာ ခြေစွမ်းပြသခဲ့သူပါ။ သူဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ် အဝေးကွင်းမှာ (၄) ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမား ဖြစ်ပါတယ်။

၀က္စ္ဟမ္းအသင္းအတြက္ (၈) ဂိုးသြင္းခဲ့တဲ့ မိုက္ကယ္အန္တိုနီယို ဇူလိုင္လအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုးဆုကို ရရွိ

၀က္စ္ဟမ္းအသင္းတိုက္စစ္မွဴး မိုက္ကယ္အန္တိုနီယိုဟာ ဇူလိုင္လအတြက္ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမားဆုကို ပထမဆံုးအၾကိမ္အျဖစ္ ရရွိခဲ့ပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ၀က္စ္ဟမ္းအသင္း တန္းဆင္းဇုန္က လႊတ္ေျမာက္ခဲ့ရာမွာ အဓိက အခန္းက႑ကေန ပါ၀င္ခဲ့သူ ျဖစ္ပါတယ္။ တိုက္စစ္ကစားသမားဟာ ေဒးဗစ္မိုယက္စ္ရဲ႕ အသင္းအတြက္ (၇) ပြဲကစားျပီး (၈) ဂိုးအထိ သြင္းယူေပးခဲ့ပါတယ္။သူဟာ ဇူလိုင္လအတြက္ အေကာင္းဆံုးကစားသမားဆုကို ဂ်ီရူး ၊ ဟယ္ရီကိန္း၊ မာရွယ္လ္ ၊ နစ္ပုတ္၊ ပူလီဆစ္ နဲ႔ စတာလင္တို႔ကို ေက်ာ္ျဖတ္ျပီး ရရွိခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္ အရမး္ကို ေပ်ာ္မိပါတယ္။ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ တတ္ႏိုင္သမွ် အေကာင္းဆံုး ၾကိဳးစားေနျပီး ဒီလို အသိအမွတ္ျပဳျခင္းခံရတဲ့အတြက္ အံ့ၾသမိပါတယ္။ ကၽြန္ေတာ္ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားဘ၀ကို စတင္ကစားခဲ့ခ်ိန္ကစျပီး အေကာင္းဆံုး ကစားခဲ့ပါတယ္။ ေနာက္ရာသီမွာလည္း ဒီလို စြမ္းေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ အန္တိုနီယိုက ေျပာသြားခဲ့ပါတယ္။

တစ္လတာအေကာင္းဆံုးဆုအတြက္ မဲကို EA SPORTS ၀က္ဘ္ဆိုဒ္မွာ ပရိသတ္မ်ား နဲ႔ ပရီးမီးယားလိဂ္ အသင္း (၂၀) က အသင္းေခါင္းေဆာင္ေတြ မဲေပးခဲ့ၾကတာျဖစ္ပါတယ္။ အန္တိုနီယိုဟာ ေနာ၀စ္ခ်္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးတည္း (၄) ဂိုးသြင္းေပးခဲ့ျပီး အမွတ္ရေလာက္စရာ ေျခစြမး္ျပသခဲ့သူပါ။ သူဟာ ၀က္စ္ဟမ္းအသင္းအတြက္ ပရီးမီးယားလိဂ္ အေ၀းကြင္းမွာ (၄) ဂိုးသြင္းယူတဲ့ ပထမဆံုးကစားသမား ျဖစ္ပါတယ္။