ပီအက်စ်ဂျီ ကွင်းလယ်ခံစစ်ကစားသမား ဂေယီကို ခေါ်ယူရန် မျက်စိကျနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂေယီကို ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ယူရန် ဆက်သွယ်နေတယ်လို့ သိရပါတယ်။ ပြင်သစ်ကထွက်ပေါ်လာတဲ့ သတင်းများအရ အက်စတွန်ဗီလာ နဲ့ အဲဗာတန် ကွင်းလယ်ခံစစ်ကစားသမားဟောင်းဟာ ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်ကစားပြီးနောက် အသင်းက ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။Le10Sport က အဆိုအရ ယူနိုက်တက်အသင်းဟာ ဆီနီဂေါလက်ရွေးစင်ကစားသမားကို ဒီနွေရာသီမှာ ကမ်းလှမ်းဖွယ်ရှိနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက် ဝုလ်ဗ်အသင်းနဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းချန်ပီယံလိဂ် ပြိုင်ပွဲပြီးတာနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ၂၀၁၅ ခုနှစ်က လိုင်လီအသင်းကနေ အက်စတွန်ဗီလာအသင်းကို ပေါင် ၉သန်း နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့နောက်တစ်နှစ်မှာ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

သူက အဲဗာတန်အသင်းအတွက် (၃) ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၀၈ ပွဲကစားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ပီအက်စ်ဂျီအသင်းက မနှစ်က ဇူလိုင်လက ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲကစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ကွင်းလယ်ကစားသမားကို မှန်ကန်တဲ့ ဈေးနှုန်းရရင် ရောင်းချသွားမယ်လို့ ပြောထားခဲ့ပါတယ်။



