ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဝီလီယံကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားဝီလီယံကို စာချုပ်သက် တမ်းတစ်နှစ်တိုးခဲ့တာကြောင့် ကစားသမားအနေနဲ့ ၂၀၂၄ ခုနှစ်အထိ ယူနိုက်တက်မှာ ရှိနေမှာပဲဖြစ်ပါတယ်။ မန်ယူလူငယ် အကယ်ဒမီက ထွက်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၉ နှစ်သာရှိသေးတဲ့ ဝီလီယံအနေနဲ့ ယူနိုက်တက် အတွက် ပွဲပေါင်း ၃၃ ပွဲကစားပေးထားသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိကဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောအနေနဲ့ ခြေချင်းဝတ်ဒဏ်ရာရရှိနေခဲ့တာကြောင့် ဝီ လီယံအနေနဲ့ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။အသင်းနဲ့စာချုပ်သက်တမ်း တိုးခဲ့ပြီးနောက်မှာတော့ ဝီလီယံက “ အသင်းကို အသက် ၇ နှစ်ကတည်းက ရောက်ရှိနေခဲ့တာပါ။ ကျွန်တော်အိပ်မက်က အသင်းကြီးမှာပါဝင်ကစား ခွင့်ရဖို့ပါ။” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး နည်းပြဆိုးလ်ရှားနဲ့ ပတ်သက်ပြီး ဝီလီယံက “ ဒီလိုအခြေအနေရောက်ဖို့အတွက် အများကြီးကြိုးစားခဲ့ရပြီး နည်းပြ ဆိုးလ်ရှားဆီကနေလည်း အများကြီးသင်ယူခဲ့ရပါတယ်။အသင်းတာဝန်ရှိသူတွေက ကျွန်တော်ကိုယုံကြည်ခဲ့လို့ အကောင်းဆုံးခြေစွမ်းပြနိုင်အောင်ကြိုးစားခဲ့ပါတယ်။အသင်းမှာ ရှိတဲ့ကစားသမားတိုင်းက ကြိုးစားကြတာကြောင့်ပုံမှန်ပွဲ ထွက်ခွင့်ရဖို့အတွက် မလွယ်ပါဘူး” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ ဝီလီယံအနေနဲ့ သူရဲ့ပထမဆုံးရာသီမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။သူဟာ ထွန်းတောက်လာမယ့်လူငယ်ကစားသမားတစ်ဦးဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာ နေတိုင်းကြိုးစားနေတဲ့ ဝီလီယံကြောင့် လာမယ့်ရာသီတွေမှာ သူရဲ့တိုးတက်လာမှုတွေကို မြင်တွေ့ ရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို ရောင်းချမယ့်သတင်းတွေကြောင့် ဝီလီယံ အနေနဲ့ လာမယ့်ရာသီမှာ ဦးစားပေးကစားသမားအဖြစ် ပွဲထွက်ရဖို့ များနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား ဝီလီယံကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ယူႏိုက္တက္
ယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမားဝီလီယံကို စာခ်ဳပ္သက္ တမ္းတစ္ႏွစ္တိုးခဲ့တာေၾကာင့္ ကစားသမားအေနနဲ႔ ၂၀၂၄ ခုႏွစ္အထိ ယူႏိုက္တက္မွာ ရွိေနမွာပဲျဖစ္ပါတယ္။ မန္ယူလူငယ္ အကယ္ဒမီက ထြက္လာတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဝီလီယံအေနနဲ႔ ယူႏိုက္တက္ အတြက္ ပြဲေပါင္း ၃၃ ပြဲကစားေပးထားသူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ အဓိကဘယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ လုခ္ေရွာအေနနဲ႔ ေျခခ်င္းဝတ္ဒဏ္ရာရရွိေနခဲ့တာေၾကာင့္ ဝီ လီယံအေနနဲ႔ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးေနာက္မွာေတာ့ ဝီလီယံက “ အသင္းကို အသက္ ၇ ႏွစ္ကတည္းက ေရာက္ရွိေနခဲ့တာပါ။ ကြ်န္ေတာ္အိပ္မက္က အသင္းႀကီးမွာပါဝင္ကစား ခြင့္ရဖို႔ပါ။” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး နည္းျပဆိုးလ္ရွားနဲ႔ ပတ္သက္ၿပီး ဝီလီယံက “ ဒီလိုအေျခအေနေရာက္ဖို႔အတြက္ အမ်ားႀကီးႀကိဳးစားခဲ့ရၿပီး နည္းျပ ဆိုးလ္ရွားဆီကေနလည္း အမ်ားႀကီးသင္ယူခဲ့ရပါတယ္။အသင္းတာဝန္ရွိသူေတြက ကြ်န္ေတာ္ကိုယံုၾကည္ခဲ့လို႔ အေကာင္းဆံုးေျခစြမ္းျပႏိုင္ေအာင္ႀကိဳးစားခဲ့ပါတယ္။အသင္းမွာ ရွိတဲ့ကစားသမားတိုင္းက ႀကိဳးစားၾကတာေၾကာင့္ပံုမွန္ပြဲ ထြက္ခြင့္ရဖို႔အတြက္ မလြယ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “ ဝီလီယံအေနနဲ႔ သူရဲ႕ပထမဆံုးရာသီမွာ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္တယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။သူဟာ ထြန္းေတာက္လာမယ့္လူငယ္ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။ ေလ့က်င့္ေရးကြင္းမွာ ေနတိုင္းႀကိဳးစားေနတဲ့ ဝီလီယံေၾကာင့္ လာမယ့္ရာသီေတြမွာ သူရဲ႕တိုးတက္လာမႈေတြကို ျမင္ေတြ႕ ရဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။ယူႏိုက္တက္အေနနဲ႔ ဘယ္ေနာက္ခံလူ လုခ္ေရွာကို ေရာင္းခ်မယ့္သတင္းေတြေၾကာင့္ ဝီလီယံ အေနနဲ႔ လာမယ့္ရာသီမွာ ဦးစားေပးကစားသမားအျဖစ္ ပြဲထြက္ရဖို႔ မ်ားေနတယ္လို႔လည္း သိရပါတယ္။