အသက် ၁၈ နှစ်အရွယ် ဗန်ဒိုက်ချ်လက်သစ် ကို ခေါ်ယူရန် နီးစပ်နေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ဗန်ဒိုက်ချ် လက်သစ် ဇာဗီယာအမ်ဘူယမ်ဘာ ကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက MVV Maastricht ကနေ ဘာစီလိုနာအသင်းကို ရောက်လာခဲ့တဲ့ ဒက်ချ်ကစားသမား ဟာ အခု နူးကမ့်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အမ်ဘူယမ်ဘာဟာ မနှစ်က ချဲလ်ဆီးအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပေမယ့် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ရှိသေးလို့ လန်ဒန်ကလပ်အသင်းက ခေါ်ယူရန် မစဉ်းစားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဒက်ချ်ကစားသမားဟာ စပိန်ဘီလူးအသင်းကနေ ဇွန်လ ၃၀ ရက်နေ့က စာချုပ်သက်တမ်း ကုန်ပြီးပြီ ဖြစ်လို့ ချဲလ်ဆီးအသင်းဟာ အပြီးသတ်ခေါ်ယူရန် မျှော်လင့်နေပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ မနှစ်ဟာ ယူအီးအက်ဖ်အေ လူငယ်ပြိုင်ပွဲမှာ (၃) ပွဲကစားခဲ့ပါတယ်။ လမ်းပတ်ဟာ ဒီနွေရာသီမှာ နောက်တန်းကစားသမားတွေ ရှာဖွေနေတာ ဖြစ်ပြီး အမ်ဘူယမ်ဘာဟာ ပထမအသင်းကြီးမှာ ချက်ချင်း ကစားခွင့်ရဖွယ်မရှိပါဘူး။

သို့သော်လည်း လမ်းပတ်ဟာ လူငယ်ကစားသမားတွေကို အသင်းကြီးမှာ ပွဲထွက်ခွင့်ရအောင် လုပ်ဆောင်ပေးရမှာ အရမ်းကို အကျွမ်းတဝင်ရှိတဲ့ နည်းပြဖြစ်ပါတယ်။ မေဆန်မောင့်၊ အေဘရာဟမ်၊ ရီစီဂျိမ်းစ်၊ တိုမိုရီ နဲ့ ဂဲလ်မော့ တို့အားလုံးဟာ မနှစ်က လမ်းပတ် အသင်းကို ရောက်လာမှ ချဲလ်ဆီးအသင်းကြီးမှာ ပွဲထွက်ကစားခွင့် ရခဲ့သူတွေပါ။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ နောက်တန်းက (၅၄) ဂိုးအထိ ပေးခြင်းခံထားရလို့ အတွေ့အကြုံရင့် နောက်ခံလူတွေ ထပ်လိုနေသေးတယ်လို့ သိရပါတယ်။

အသက္ ၁၈ ႏွစ္အရြယ္ ဗန္ဒိုက္ခ်္လက္သစ္ ကို ေခၚယူရန္ နီးစပ္ေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ အသက္ ၁၈ ႏွစ္အရြယ္ ဗန္ဒိုက္ခ်္ လက္သစ္ ဇာဗီယာအမ္ဘူယမ္ဘာ ကို ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီက MVV Maastricht ကေန ဘာစီလိုနာအသင္းကို ေရာက္လာခဲ့တဲ့ ဒက္ခ်္ကစားသမား ဟာ အခု ႏူးကမ့္ကေန ထြက္ခြာေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အမ္ဘူယမ္ဘာဟာ မႏွစ္က ခ်ဲလ္ဆီးအသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ေပမယ့္ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ရွိေသးလို႔ လန္ဒန္ကလပ္အသင္းက ေခၚယူရန္ မစဥ္းစားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဒက္ခ်္ကစားသမားဟာ စပိန္ဘီလူးအသင္းကေန ဇြန္လ ၃၀ ရက္ေန႔က စာခ်ဳပ္သက္တမ္း ကုန္ျပီးျပီ ျဖစ္လုိ႔ ခ်ဲလ္ဆီးအသင္းဟာ အျပီးသတ္ေခၚယူရန္ ေမွ်ာ္လင့္ေနပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ မႏွစ္ဟာ ယူအီးအက္ဖ္ေအ လူငယ္ျပိဳင္ပြဲမွာ (၃) ပြဲကစားခဲ့ပါတယ္။ လမ္းပတ္ဟာ ဒီေႏြရာသီမွာ ေနာက္ခံကစားသမားေတြ ရွာေဖြေနတာ ျဖစ္ျပီး အမ္ဘူယမ္ဘာဟာ ပထမအသင္းၾကီးမွာ ခ်က္ခ်င္း ကစားခြင့္ရဖြယ္မရွိပါဘူး။

သုိ႔ေသာ္လည္း လမ္းပတ္ဟာ လူငယ္ကစားသမားေတြကို အသင္းၾကီးမွာ ပြဲထြက္ခြင့္ရေအာင္ လုပ္ေဆာင္ေပးရမွာ အရမ္းကို အကၽြမ္းတ၀င္ရွိတဲ့ နည္းျပျဖစ္ပါတယ္။ ေမဆန္ေမာင့္၊ ေအဘရာဟမ္၊ ရီစီဂိ်မ္းစ္၊ တိုမိုရီ နဲ႔ ဂဲလ္ေမာ့ တို႔အားလံုးဟာ မႏွစ္က လမး္ပတ္ အသင္းကို ေရာက္လာမွ ခ်ဲလ္ဆီးအသင္းၾကီးမွာ ပြဲထြက္ကစားခြင့္ ရခဲ့သူေတြပါ။ ခ်ဲလ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ ေနာက္တန္းက (၅၄) ဂိုးအထိ ေပးျခင္းခံထားရလို႔ အေတြ႕အၾကံဳရင့္ ေနာက္ခံလူေတြ ထပ္လိုေနေသးတယ္လို႔ သိရပါတယ္။