ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ချဲလ်ဆီးလည်း ပါဝင်လာ

လက်စတာက ဘင်ချီဝဲလ်ကို ခေါ်ယူရန် ဈေးများနေလို့ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ရက်ဂွီလွန် ကို စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း စတန်းဖိုဒ့်ဘရစ်ချ်အသင်းဟာ အသက် ၂၃ နှစ်အရွယ်နောက်ခံလူကို အဲဗာတန် ၊ ဆီဗီလာ တို့ နဲ့ အပြိုင် ခေါ်ယူရမှာ ပါ။ အဲဗာတန်အသင်းဟာ ပေါင် ၁၈ သန်း နဲ့ ရက်ဂွီလွန်ကို ခေါ်ယူရန် ရေပန်းစားနေပြီး မာကာက အဆိုအရ ချဲလ်ဆီးအသင်းကလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာ နောက်ခံလူ ဘင်ချီဝဲလ်ကို ဒီနွေရာသီမှာ စတန်းဖိုဒ့်ဘရစ်ချ်ထံ မခေါ်ယူနိုင်သေးလို့ ရက်ဂွီလွန်ကို ပိုပြီး စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးလို့ လက်စတာအသင်းဟာ ဘင်ချီဝဲလ်အတွက် ပေါင်သန်း ၈၀ လောက်တောင်းဆိုနေပါတယ်။

ဒါ့ကြောင့် လမ်းပတ်ဟာ ဈေးသက်သာမယ့် ရက်ဂွီလွန်ကို ပိုပြီး အဆင်ပြေမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဘောလုံးလောကတစ်ခုလုံး ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်နေပြီး လမ်းပတ်ရဲ့ အသင်းဟာ တီမိုဝါနာ နဲ့ ဇီယက်တို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် လေဗာကူဆင်အသင်းက ကိုင်ဟာဗက်ဇ်ကိုလည်း ခေါ်ယူရန် မျှော်လင့်နေတာဖြစ်ပါတယ်။ ရက်ဂွီလွန်ဟာ WhoScored ရဲ့ စပိန်လာလီဂါ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး ဒီနှစ်မှာ ပေးပို့မှု အများဆုံးသော နောက်ခံလူတွေထဲမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူကို စိတ္၀င္စားေနတဲ့ အသင္းေတြထဲ ခ်ဲလ္ဆီးလည္း ပါ၀င္လာ

လက္စတာက ဘင္ခ်ီ၀ဲလ္ကို ေခၚယူရန္ ေစ်းမ်ားေနလို႔ ခ်ဲလ္ဆီးအသင္းဟာ ရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူ ရက္ဂြီလြန္ ကို စိတ္၀င္စားလာျပီ ျဖစ္ပါတယ္။ သို႔ေသာ္လည္း စတန္းဖိုဒ့္ဘရစ္ခ်္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ေနာက္ခံလူကို အဲဗာတန္ ၊ ဆီဗီလာ တုိ႔ နဲ႔ အျပိဳင္ ေခၚယူရမွာ ပါ။ အဲဗာတန္အသင္းဟာ ေပါင္ ၁၈ သန္း နဲ႔ ရက္ဂြီလြန္ကို ေခၚယူရန္ ေရပန္းစားေနျပီး မာကာက အဆိုအရ ခ်ဲလ္ဆီးအသင္းကလည္း တစ္ရာသီ အငွားနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လက္စတာ ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ဒီေႏြရာသီမွာ စတန္းဖိုဒ့္ဘရစ္ခ်္ထံ မေခၚယူႏိုင္ေသးလို႔ ရက္ဂြီလြန္ကို ပိုျပီး စိတ္၀င္စားလာတာ ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္း ၂၀၂၄ ခုႏွစ္အထိ က်န္ရွိေနေသးလို႔ လက္စတာအသင္းဟာ ဘင္ခ်ီ၀ဲလ္အတြက္ ေပါင္သန္း ၈၀ ေလာက္ေတာင္းဆိုေနပါတယ္။

ဒါ့ေၾကာင့္ လမး္ပတ္ဟာ ေစ်းသက္သာမယ့္ ရက္ဂြီလြန္ကို ပိုျပီး အဆင္ေျပမယ္လို႔ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ကိုဗစ္-၁၉ ေၾကာင့္ ေဘာလံုးေလာကတစ္ခုလံုး ဘ႑ာေရး အက်ပ္အတည္းေတြ ျဖစ္ေနျပီး လမ္းပတ္ရဲ႕ အသင္းဟာ တီမို၀ါနာ နဲ႔ ဇီယက္တို႔ကို ေခၚယူထားပါတယ္။ ဒါ့အျပင္ ေလဗာကူဆင္အသင္းက ကိုင္ဟာဗက္ဇ္ကိုလည္း ေခၚယူရန္ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ရက္ဂြီလြန္ဟာ WhoScored ရဲ႕ စပိန္လာလီဂါ အေကာင္းဆံုးအသင္းမွာ ပါ၀င္ခဲ့သူျဖစ္ျပီး ဒီႏွစ္မွာ ေပးပို႔မႈ အမ်ားဆံုးေသာ ေနာက္ခံလူေတြထဲမွာ ဒုတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။