ဘင်ချီဝဲလ်ကို ပေါင်သန်း ၈၀ ထက် ပိုပေးပြီး ကမ်းလှမ်းမယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူလိုပါက ကမ္ဘာ့တန်ကြေးအများဆုံး ကစားသမားတစ်ယောက်ရဲ့ တန်ကြေးပေးဖို့ လိုအပ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နည်းပြလမ်းပတ်ဟာ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို နောက်ရာသီ အသင်းရဲ့ လူစာရင်းမှာ ပါဝင်စေချင်နေတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမား လက်စတာအသင်းထံ အသက် ၁၂ နှစ်အရွယ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ The Mirror က အဆိုအရ လက်စတာအသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းပါက လက်လွှွတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကွင်းလယ်ကစားသမား ဒရင့်ဝါးတား ဟာ တနလာၤနေ့က သူ နဲ့ ဘင်ချီဝဲလ် နဲ့ (၂) ယောက် Mykonos မှာ ရှိနေတဲ့ ပုံကို ရိုက်ပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကို “နွေရာသီ ကင်းထောက် ထောက်လှမ်းရေး တာဝန်” ဆိုပြီး ချဲလ်ဆီးအသင်းရဲ့ တရားဝင် အကောင့်ကို တွစ်တာမှာ တင်ခဲ့တာပါ။

လက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ဒီနွေရာသီမှာ ဘင်ချီဝဲလ်ကို အသင်းမှာ ဆက်ထိန်းသိမ်းရန် မျှော်လင့်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ယူနိုက်တက်အသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့အသင်းဟာ စိတ်ပျက်စရာ ကြုံခဲ့ရပါတယ်။

ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၈၀ ထက္ ပိုေပးျပီး ကမ္းလွမ္းမယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေခၚယူလိုပါက ကမာၻ႕တန္ေၾကးအမ်ားဆံုး ကစားသမားတစ္ေယာက္ရဲ႕ တန္ေၾကးေပးဖို႔ လိုအပ္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ နည္းျပလမ္းပတ္ဟာ အဂၤလန္ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ေနာက္ရာသီ အသင္းရဲ႕ လူစာရင္းမွာ ပါ၀င္ေစခ်င္ေနတာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမား လက္စတာအသင္းထံ အသက္ ၁၂ ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာသူျဖစ္ျပီး အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ပါေသးတယ္။ The Mirror က အဆိုအရ လက္စတာအသင္းကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမး္ပါက လက္လႊြတ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီး ကြင္းလယ္ကစားသမား ဒရင့္၀ါးတား ဟာ တနလာၤေန႔က သူ နဲ႔ ဘင္ခ်ီ၀ဲလ္ နဲ႔ (၂) ေယာက္ Mykonos မွာ ရွိေနတဲ့ ပံုကို ရိုက္ျပီး တင္ခဲ့တာ ျဖစ္ပါတယ္။ ေခါင္းစဥ္ကို “ေႏြရာသီ ကင္းေထာက္ ေထာက္လွမ္းေရး တာ၀န္” ဆိုျပီး ခ်ဲလ္ဆီးအသင္းရဲ႕ တရား၀င္ အေကာင့္ကို တြစ္တာမွာ တင္ခဲ့တာပါ။

လက္စတာအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ ဆံုးရႈံးခဲ့တာေၾကာင့္ ဒီေႏြရာသီမွာ ဘင္ခ်ီ၀ဲလ္ကို အသင္းမွာ ဆက္ထိန္းသိမ္းရန္ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲမွာ ယူႏိုက္တက္အသင္းကို (၂-၀) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာရဲ႕အသင္းဟာ စိတ္ပ်က္စရာ ၾကံဳခဲ့ရပါတယ္။