၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို လက်ခ်လင့်ဇ်နဲ့ ကစားမယ့်ပွဲမှာ ဝတ်ဆင်ကစားမယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး မနက် ဖြန်မှာ ကစားမယ့် လက်ခ်လင့်ဇ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ်အဖြစ်ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။ အင်္ကျီသစ်ရဲ့ ဒီဇိုင်းပုံစံမှာတော့ ယူနိုက်တက်အသင်းရဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်ကို အခြေခံထားပြီး အက်ဒီး ဒက်စ်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ လိုင်း ၃လိုင်းကိုတော့ ပခုံးနေရာမှာ ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီအင်္ကျီအနီကို ဘောင်းဘီအဖြူ ၊ခြေအိတ်အနက်ရောင်တို့နဲ့ တွဲဖက်ပြီး ဝတ်ဆင်ကစားမှာပဲ ဖြစ်ပါ တယ်။အက်ဒီးဒက်စ်ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ယူနိုက်တက်အသင်းရဲ့အင်္ကျီပုံစံအသစ်ကို နည်းပြဆိုးလ်ရှားရဲ့ အလို ရှိတဲ့အတိုင်း လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အင်္ကျီရဲ့ အထည်သားအနေနဲ့ အပူဒဏ်ကိုခံနိုင်အောင် အပါးသားနဲ့ ထုတ်လုပ်ထားတယ်လို့လည်း တာဝန်ရှိသူ တစ်ဦးကပြောခဲ့ပါတယ်။

အက်ဒီးဒက်စ်ရဲ့ ဒီဇိုင်းဒါရိုက်တာ အိုင်နီဂိုတူနာကတော့ “ နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီရာသီမှာအသင်းရဲ့ တန်ဖိုးကို ရှာဖွေ နိုင်ခဲ့သလို ပရိသတ်တွေနဲ့လည်း အကောင်းဆုံးချိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအဓိပ္ပါယ်တွေနဲ့အတူ အသင်းရဲ့ အင်္ကျီအသစ်ကို ဖန်တီးခဲ့တာပါ။ အင်္ကျီရဲ့ပုံစံအရ အပူဒဏ်ကို ခံနိုင်မှာဖြစ်လို့ ကစားသမားတွေအနေနဲ့ ယုံကြည်မှုရှိရှိ ကစားနိုင်မှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် လက်ခ်လင့်ဇ်နဲ့ ကစားဖို့ရှိနေတာဖြစ်ပြီး ပထမအ ကျော့က ငါးဂိုးပြတ်နဲ့အနိုင်ရထားတာကြောင့် ကွာတားတက်ဖို့များနေတာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ ယူနိုက်တက် ဟာ ကိုပင်ဟေဂင်- ဆာဆက်ဆီဟာ အတွဲက အနိုင်ရတဲ့အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူ နိုက်တက်အနေနဲ့ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ အိမ္ကြင္းဝတ္စံုသစ္ကို လက္ခ္လင့္ဇ္နဲ႔ ကစားမယ့္ပြဲမွာ ဝတ္ဆင္ကစားမယ့္ ယူႏိုက္ တက္

ယူႏိုက္တက္အသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ အိမ္ကြင္းဝတ္စံုသစ္ကို စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး မနက္ ျဖန္မွာ ကစားမယ့္ လက္ခ္လင့္ဇ္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့ ပထမဆံုးအႀကိမ္အျဖစ္ဝတ္ဆင္ကစားမယ္လို႔ သိရပါတယ္။ အက်ႌသစ္ရဲ႕ ဒီဇိုင္းပံုစံမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ အမွတ္အသားျဖစ္တဲ့ အနီေရာင္ကို အေျခခံထားၿပီး အက္ဒီး ဒက္စ္ရဲ႕ အမွတ္တံဆိပ္ျဖစ္တဲ့ လိုင္း ၃လိုင္းကိုေတာ့ ပခံုးေနရာမွာ ထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဒီအက်ႌအနီကို ေဘာင္းဘီအျဖဴ ၊ေျခအိတ္အနက္ေရာင္တို႔နဲ႔ တြဲဖက္ၿပီး ဝတ္ဆင္ကစားမွာပဲ ျဖစ္ပါ တယ္။အက္ဒီးဒက္စ္ရဲ႕ တာဝန္ရွိသူတစ္ဦးကေတာ့ ယူႏိုက္တက္အသင္းရဲ႕အက်ႌပံုစံအသစ္ကို နည္းျပဆိုးလ္ရွားရဲ႕ အလို ရွိတဲ့အတိုင္း လုပ္ေဆာင္ေပးခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အက်ႌရဲ႕ အထည္သားအေနနဲ႔ အပူဒဏ္ကိုခံႏိုင္ေအာင္ အပါးသားနဲ႔ ထုတ္လုပ္ထားတယ္လို႔လည္း တာဝန္ရွိသူ တစ္ဦးကေျပာခဲ့ပါတယ္။
အက္ဒီးဒက္စ္ရဲ႕ ဒီဇိုင္းဒါ႐ိုက္တာ အိုင္နီဂိုတူနာကေတာ့ “ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒီရာသီမွာအသင္းရဲ႕ တန္ဖိုးကို ရွာေဖြ ႏိုင္ခဲ့သလို ပရိသတ္ေတြနဲ႔လည္း အေကာင္းဆံုးခ်ိတ္ဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳးအဓိပၸါယ္ေတြနဲ႔အတူ အသင္းရဲ႕ အက်ႌအသစ္ကို ဖန္တီးခဲ့တာပါ။ အက်ႌရဲ႕ပံုစံအရ အပူဒဏ္ကို ခံႏိုင္မွာျဖစ္လို႔ ကစားသမားေတြအေနနဲ႔ ယံုၾကည္မႈရွိရွိ က စားႏိုင္မွာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္အျဖစ္ လက္ခ္လင့္ဇ္နဲ႔ ကစားဖို႔ရွိေနတာျဖစ္ၿပီး ပထမအ ေက်ာ့က ငါးဂိုးျပတ္နဲ႔အႏိုင္ရထားတာေၾကာင့္ ကြာတားတက္ဖို႔မ်ားေနတာ ျဖစ္ပါတယ္။ ကြာတားဖိုင္နယ္မွာ ယူႏိုက္တက္ ဟာ ကိုပင္ေဟဂင္- ဆာဆက္ဆီဟာ အတြဲက အႏိုင္ရတဲ့အသင္းနဲ႔ကစားရမွာျဖစ္ပါတယ္။ ဒီႏွစ္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ယူ ႏိုက္တက္အေနနဲ႔ ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔ သိရပါတယ္။