ချဲလ်ဆီးရဲ့ ၂နှစ်စာချုပ်သက်တမ်းကို ငြင်းပယ်ခဲ့တဲ့ ဝီလီယံကို အာဆင်နယ်က ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထား

ချဲလ်ဆီးအသင်းကနေပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေတဲ့ ဝီလီယံကို အာဆင်နယ်က နွေရာသီအပြောင်းအရွှေ့ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုပြီးခေါ်ယူဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးအသင်း ရဲ့ ၂ နှစ်စာချုပ်နဲ့ စာချုပ်သစ်လက်လှမ်းမှုကို ငြင်းပယ်ခဲ့တဲ့တာဖြစ်ပြီး သူအနေနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုဖို့ အလိုရှိခဲ့တာဖြစ်ပါ တယ်။ စာချုပ်သစ်ချုပ်ဖို့ အဆင်မပြေဖြစ်နေတာကြောင့် အာဆင်နယ်အနေနဲ့ ဝီလီယံကိုခေါ်ဖို့ မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာတော့ အာဆင်နယ်ဘက်ကတာဝန်ရှိသူတွေဟာ ဝီလီယံကိုခေါ်ယူဖို့အတွက် စတင်လုပ် ဆောင်နေပြီလို့ သတင်းတွေမှာဖော်ပြကြပါတယ်။ ဝီလီယံကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်နဲ့ကစား မယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အပြီးမှ ဆုံးဖြတ်မယ်လို့ ပြောထားပေမယ့် ဝီလီယံရဲ့အေးဂျင့်နဲ့ အာဆင်နယ်အားက စားဒါရိုက်တာ အီဒူးတို့ကတော့ အပြောင်းအရွှေ့အတွက် စတင်ဆွေးနွေးနေပြီလို့လည်း သိရပါတယ်။

ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခပေါင် ၁၂၀,၀၀၀ ရနေတဲ့ ဝီလီယံကို အာဆင်နယ်အနေနဲ့ ပြောင်းရွှေ့ရေးစရိတ်မပေးရတာ ကြောင့် လက်ရှိလုပ်ခလစာထက် တိုးပေးပြီး စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ဝီလီယံကိုခေါ်ယူဖို့အတွက် ဒေး ဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီကလည်း စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။ ဝီလီယံအနေနဲ့ ဒဏ်ရာရကစားသမားတွေများနေတဲ့ ချဲလ်ဆီးအတွက် ဘိုင်ယန်မြူးနစ်နဲ့ကစားမယ့်ပွဲမှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ အက်စ်ပီလီကွီတာ၊ ပူ လီဆစ်နဲ့ ပီဒရိုတို့ ဒဏ်ရာရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပါဝင်ဖို့မသေချာဘူးလို့ သိရပါတယ်။ဒါအပြင်အဓိက,ကစား သမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ မားကို့စ်အလွန်ဆိုတို့ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ကန်တီနဲ့ လော့တပ်ချိဖ်တို့က ကြံခိုင်မှုမပြည့်ဝသေးတာကြောင့် ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ခ်ဲလ္ဆီးရဲ႕ ၂ႏွစ္စာခ်ဳပ္သက္တမ္းကို ျငင္းပယ္ခဲ့တဲ့ ဝီလီယံကို အာဆင္နယ္က ၃ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထား

ခ်ဲလ္ဆီးအသင္းကေနေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနတဲ့ ဝီလီယံကို အာဆင္နယ္က ေႏြရာသီအေျပာင္းအေရႊ႕ မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေခၚယူဖို႔ ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ ဝီလီယံဟာ ခ်ဲလ္ဆီးအသင္း ရဲ႕ ၂ ႏွစ္စာခ်ဳပ္နဲ႔ စာခ်ဳပ္သစ္လက္လွမ္းမႈကို ျငင္းပယ္ခဲ့တဲ့တာျဖစ္ၿပီး သူအေနနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အလိုရွိခဲ့တာျဖစ္ပါ တယ္။ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အဆင္မေျပျဖစ္ေနတာေၾကာင့္ အာဆင္နယ္အေနနဲ႔ ဝီလီယံကိုေခၚဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနတာျဖစ္ ပါတယ္။
အက္ဖ္ေအဖလားဗိုလ္လုပြဲအၿပီးမွာေတာ့ အာဆင္နယ္ဘက္ကတာဝန္ရွိသူေတြဟာ ဝီလီယံကိုေခၚယူဖို႔အတြက္ စတင္လုပ္ ေဆာင္ေနၿပီလို႔ သတင္းေတြမွာေဖာ္ျပၾကပါတယ္။ ဝီလီယံကေတာ့ သူရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ကစား မယ့္ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အၿပီးမွ ဆံုးျဖတ္မယ္လို႔ ေျပာထားေပမယ့္ ဝီလီယံရဲ႕ေအးဂ်င့္နဲ႔ အာဆင္နယ္အားက စားဒါ႐ိုက္တာ အီဒူးတို႔ကေတာ့ အေျပာင္းအေရႊ႕အတြက္ စတင္ေဆြးေႏြးေနၿပီလို႔လည္း သိရပါတယ္။
ခ်ဲလ္ဆီးမွာ တစ္ပတ္လုပ္ခေပါင္ ၁၂၀,၀၀၀ ရေနတဲ့ ဝီလီယံကို အာဆင္နယ္အေနနဲ႔ ေျပာင္းေရႊ႕ေရးစရိတ္မေပးရတာ ေၾကာင့္ လက္ရွိလုပ္ခလစာထက္ တိုးေပးၿပီး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ဝီလီယံကိုေခၚယူဖို႔အတြက္ ေဒး ဗစ္ဘက္ခမ္းရဲ႕ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီကလည္း စိတ္ဝင္စားေနတယ္လို႔လည္းသိရပါတယ္။ ဝီလီယံအေနနဲ႔ ဒဏ္ရာရကစားသမားေတြမ်ားေနတဲ့ ခ်ဲလ္ဆီးအတြက္ ဘိုင္ယန္ျမဴးနစ္နဲ႔ကစားမယ့္ပြဲမွာ ပါဝင္ကစားဖို႔ ဆႏၵရွိေနတာပဲ ျဖစ္ ပါတယ္။
အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ အက္စ္ပီလီကြီတာ၊ ပူ လီဆစ္နဲ႔ ပီဒ႐ိုတို႔ ဒဏ္ရာရခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ပါဝင္ဖို႔မေသခ်ာဘူးလို႔ သိရပါတယ္။ဒါအျပင္အဓိက,ကစား သမားေတြျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔ မားကို႔စ္အလြန္ဆိုတို႔ကလည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္သလို ကန္တီနဲ႔ ေလာ့တပ္ခ်ိဖ္တို႔က ၾကံခိုင္မႈမျပည့္ဝေသးတာေၾကာင့္ ပါဝင္ဖို႔ မေသခ်ာဘူးလို႔ သိရပါတယ္။