ယူနိုက်တက်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုရပြီးနောက် တက်တူးအသစ်ထိုးခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်

ယူနိုက်တက်လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်အနေနဲ့ အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက်မှာ တက်တူးအသစ်ထိုးပြီး ပြသခဲ့တယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ဟာ ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမား တစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေရတဲ့ ယူနိုက်တက်အတွက် ဇူလိုင်လအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်အနေနဲ့ ဇူလိုင်အတွင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၇ပွဲစလုံးကို ကစားခွင့်ရခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်း ပရိသတ်တွေပေးတဲ့ ၄၆ ရာခိုင်နှုန်းနဲ့ မဲအများဆုံးရရှိခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ မာရှယ်လ်တို့ကို ကျော်ဖြတ်ပြီး ဇူလိုင်လအတွက် အကောင်းဆုံး ကစားသမားဆုကို ရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဂရင်းဝုဒ်ဟာ ဇူလိုင်လအတွင်း ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဘယ်၊ညာ နှစ်ဘက်စလုံး ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ မှတ်တမ်းဝင်ခဲ့သလို အက်စ်တွန်ဗီလာနဲ့ပွဲမှာလည်း သူရဲ့အမှတ်တံ ဆိပ်လို့ ခေါ်ရမယ့်အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်၊ ပဲလေ့စ်၊ ချဲလ်ဆီးတိုနဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ဂရင်းဝုဒ်အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဂရင်းဝုဒ်အနေနဲ့ ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်အနေနဲ့ ဇူလိုင်လအတွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် ၇ပွဲအတွင်းမှာ ပွဲတစ်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ၃ကြိမ် အထိရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇူလိုင်လအတွက် အကောင်းဆုံးကစားသမားဆုရတဲ့ ဂရင်းဝုဒ်ဟာ ၂၀၁၆ ခုနှစ်ဖေဖော် ဝါရီတုန်းက တစ်လတာအကောင်းဆုံးရခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နောက်ပိုင်း အသက်အငယ်ဆုံးနဲ့ဆုရခဲ့တဲ့သူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

zawgyi version

ယူႏိုက္တက္ရဲ႕ တစ္လတာအေကာင္းဆံုးကစားသမားဆုရၿပီးေနာက္ တက္တူးအသစ္ထိုးခဲ့တဲ့ တိုက္စစ္မွဴး ဂရင္းဝုဒ္

ယူႏိုက္တက္လူငယ္တိုက္စစ္မွဴး ဂရင္းဝုဒ္အေနနဲ႔ အသင္းရဲ႕တစ္လတာအေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္မွာ တက္တူးအသစ္ထိုးၿပီး ျပသခဲ့တယ္လို႔ သိရပါတယ္။ ဂရင္းဝုဒ္ဟာ ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ကစားသမား တစ္ဦးျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႀကိဳးစားေနရတဲ့ ယူႏိုက္တက္အတြက္ ဇူလိုင္လအတြင္း ကစားခဲ့တဲ့ပြဲေတြမွာ သြင္းဂိုး ၄ ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဂရင္းဝုဒ္အေနနဲ႔ ဇူလိုင္အတြင္းမွာ ကစားခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ပြဲစဥ္ ၇ပြဲစလံုးကို ကစားခြင့္ရခဲ့သူျဖစ္ၿပီး ေျခစြမ္းျပႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အသင္းပရိသတ္ေတြေပးတဲ့ ၄၆ ရာခိုင္ႏႈန္းနဲ႔ မဲအမ်ားဆံုးရရွိခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္နဲ႔ မာရွယ္လ္တို႔ကို ေက်ာ္ျဖတ္ၿပီး ဇူလိုင္လအတြက္ အေကာင္းဆံုး ကစားသမားဆုကို ရခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္တဲ့ ဂရင္းဝုဒ္ဟာ ဇူလိုင္လအတြင္း ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာ ဘယ္၊ညာ ႏွစ္ဘက္စလံုး ဂိုးသြင္းယူႏိုင္ခဲ့တယ္လို႔ မွတ္တမ္းဝင္ခဲ့သလို အက္စ္တြန္ဗီလာနဲ႔ပြဲမွာလည္း သူရဲ႕အမွတ္တံ ဆိပ္လို႔ ေခၚရမယ့္အျပင္းကန္ခ်က္နဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္၊ ပဲေလ့စ္၊ ခ်ဲလ္ဆီးတိုနဲ႔ ကစားခဲ့တဲ့ ပြဲေတြမွာ ဂရင္းဝုဒ္အေနနဲ႔ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဝက္စ္ဟမ္းနဲ႔ တစ္ဂိုးစီသေရက်တဲ့ပြဲမွာ ဂရင္းဝုဒ္အေနနဲ႔ ဂိုးျပန္သြင္းႏိုင္ခဲ့ ပါတယ္။
ဂရင္းဝုဒ္အေနနဲ႔ ဇူလိုင္လအတြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ ၇ပြဲအတြင္းမွာ ပြဲတစ္ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကို ၃ႀကိမ္ အထိရခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ ဇူလိုင္လအတြက္ အေကာင္းဆံုးကစားသမားဆုရတဲ့ ဂရင္းဝုဒ္ဟာ ၂၀၁၆ ခုႏွစ္ေဖေဖာ္ ဝါရီတုန္းက တစ္လတာအေကာင္းဆံုးရခဲ့တဲ့ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ေနာက္ပိုင္း အသက္အငယ္ဆံုးနဲ႔ဆုရခဲ့တဲ့သူ အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။