အလက်ဆစ်ဆန်းချက်ဇ်ကို ံ အပြီးသတ် ခေါ်ယူရန် ယူနိုက်တက် နဲ့ သဘောတူညီမှု ရခဲ့တဲ့ အင်တာမီလန်အသင်း

အင်တာမီလန်အသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန် သဘောတူညီမှု ရသွားပြီလို့ သတင်းထွက်ပေါ်လာပါတယ်။၂၀၁၉-၂၀ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ ချီလီ လက်ရွေးစင်ကစားသမားဟာ စီးရီးအေ ကလပ်အသင်းအတွက် သွင်းဂိုး နဲ့ ဖန်တီးမှု စုစုပေါင်း (၁၀) ကြိမ် ပြုလုပ်ထားပြီး အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ပြသထားသူဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ မာရော့တာ ကလည်း တိုက်စစ်ကစားသမားအတွက် သဘောတူညီမှု ရရန် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးနေတာဖြစ်ပြီး Corriere Della Sera က အဆိုအရ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။အင်တာမီလန်အသင်းဟာ အလက်ဆစ်ဆန်းချက်ဇ်အတွက် ယူနိုက်တက်ကို ပေါင် ၁၃.၅ သန်းပေးရမှာ ဖြစ်ပြီး ကြေညာချက်ကို ယူရိုပါလိဂ် (၁၆) သင်းအဆင့် ဗုဒ္ဓဟူးနေ့ ဂီတာဖေး အသင်းနဲ့ ပွဲအပြီးမှာ ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အင်္ဂလန်မှာ (၆) နှစ်ကစားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ (၁) နှစ်ခွဲ အချိန်ကာလမှာ ရုန်းကန်ခဲ့ရပြီး အင်တာမီလန်အသင်းကို အငှားနဲ့ ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

အလက္ဆစ္ဆန္းခ်က္ဇ္ကို ံ အျပီးသတ္ ေခၚယူရန္ ယူႏိုက္တက္ နဲ႔ သေဘာတူညီမႈ ရခဲ့တဲ့ အင္တာမီလန္အသင္း

အင္တာမီလန္အသင္းဟာ ယူႏိုက္တက္အသင္းကေန အငွားနဲ႔ ေခၚယူထားတဲ့ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကို အျပီးသတ္ေခၚယူရန္ သေဘာတူညီမႈ ရသြားျပီလုိ႔ သတင္းထြက္ေပၚလာပါတယ္။၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အင္တာမီလန္အသင္းထံ အငွားနဲ႔ လာေရာက္ကစားေနတဲ့ ခ်ီလီ လက္ေရြးစင္ကစားသမားဟာ စီးရီးေအ ကလပ္အသင္းအတြက္ သြင္းဂိုး နဲ႔ ဖန္တီးမႈ စုစုေပါင္း (၁၀) ၾကိမ္ ျပဳလုပ္ထားျပီး အထင္ၾကီးေလာက္စရာ စြမ္းေဆာင္ရည္ျပသထားသူျဖစ္ပါတယ္။

အင္တာမီလန္အသင္းရဲ႕ အားကစားဒါရိုက္တာ မာေရာ့တာ ကလည္း တိုက္စစ္ကစားသမားအတြက္ သေဘာတူညီမႈ ရရန္ ယူႏိုက္တက္အသင္းနဲ႔ ေဆြးေႏြးေနတာျဖစ္ျပီး Corriere Della Sera က အဆိုအရ သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။အင္တာမီလန္အသင္းဟာ အလက္ဆစ္ဆန္းခ်က္ဇ္အတြက္ ယူႏိုက္တက္ကို ေပါင္ ၁၃.၅ သန္းေပးရမွာ ျဖစ္ျပီး ေၾကညာခ်က္ကို ယူရိုပါလိဂ္ (၁၆) သင္းအဆင့္ ဗုဒၶဟူးေန႔ ဂီတာေဖး အသင္းနဲ႔ ပြဲအျပီးမွာ ထုတ္ျပန္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အဂၤလန္မွာ (၆) ႏွစ္ကစားခဲ့တဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ အာဆင္နယ္အသင္းမွာ ေအာင္ျမင္တဲ့ ကစားသမားဘ၀ကို ပိုင္ဆိုင္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းမွာ ကစားခဲ့တဲ့ (၁) ႏွစ္ခြဲ အခ်ိန္ကာလမွာ ရုနး္ကန္ခဲ့ရျပီး အင္တာမီလန္အသင္းကို အငွားနဲ႔ ေျပာင္းခဲ့ရတာ ျဖစ္ပါတယ္။