လီဗာပူးလ်နောက်ခံလူ မာတစ်ပ် ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမယ့် ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်နောက်ခံလူ မာတစ်ပ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူရန် ကြိုးစားလာဖွယ်ရှိတယ်လို့ သတင်းအရ သိရပါတယ်။ အသင်းရဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ လီဂူး ၁ ချန်ပီယံအသင်းဟာ ဗဟိုနောက်ခံလူအသစ်တစ်ယောက် ဈေးကွက်ထဲမှာ ရှာဖွေနေတာ ဖြစ်ပါတယ်။

Kick442 က အဆိုအရ မာတစ်ပ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ထဲပါဝင်နေပြီး ပြင်သစ်လီဂူး ၁ ဘီလူးအသင်းဟာ လီဗာပူးလ်အသင်း သတ်မှတ်ထားတဲ့ တန်ကြေးထက် ပိုပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မာတစ်ပ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ဂျိုးဂိုးမက်စ်ဇ် ဒဏ်ရာရနေချိန်မှာ ဗန်ဒိုက်ချ် နဲ့ တွဲဖက်ပြီး (၁၃) ပွဲသာ ကစားထားရသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ အသင်းရဲ့ ဗဟိုနောက်ခံလူတစ်ယောက်ဖြစ်တဲ့ လိုဗရန်ကို ဇင်းနစ်အသင်းထံ ပေါင် ၁၀.၉ သန်း နဲ့ အစောကြီးကတည်းက ဆုံးရှုံးထားပြီးပါပြီ။ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒို ဟာ မာတစ်ပ်ကို အသင်းရဲ့ ဗဟိုနောက်ခံလူ သီယာဂိုဆေးလ်ဗား နေရာမှာ အစားထိုးနိုင်မယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သီယာဂိုဆေးလ်ဗား နဲ့ ကာဗာနီ တို့ (၂) ယောက်စလုံးကို စာချုပ်သက်တမ်း ထပ်မတိုးတော့ပဲ အသင်းက ထွက်ခွာခွင့်ပေးထားပါတယ်။ ကာဗာနီ နေရာမှာ အစားထိုးရန်အတွက် ပီအက်စ်ဂျီအသင်းဟာ အီကာဒီ ကို အစောကြီးကတည်းက ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ကူလီဘလီ နဲ့ ဟီမီနက်ဇ် တို့ကိုလည်း ပစ်မှတ်ထားနေပေမယ့် သူတို့ (၂) ယောက်စလုံးရဲ့ တန်ကြေးဟာ ပေါင် ၇၅ သန်း ထက်ပိုပေးရဖွယ်ရှိနေပါတယ်။

လီဗာပူးလ္ေနာက္ခံလူ မာတစ္ပ္ ကို ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမယ့္ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ လီဗာပူးလ္ေနာက္ခံလူ မာတစ္ပ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူရန္ ၾကိဳးစားလာဖြယ္ရွိတယ္လို႔ သတင္းအရ သိရပါတယ္။ အသင္းရဲ႕ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗား ဒီလအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားျပီျဖစ္လို႔ လီဂူး ၁ ခ်န္ပီယံအသင္းဟာ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ ေစ်းကြက္ထဲမွာ ရွာေဖြေနတာ ျဖစ္ပါတယ္။

Kick442 က အဆိုအရ မာတစ္ပ္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ပစ္မွတ္ထဲပါ၀င္ေနျပီး ျပင္သစ္လီဂူး ၁ ဘီလူးအသင္းဟာ လီဗာပူးလ္အသင္း သတ္မွတ္ထားတဲ့ တန္ေၾကးထက္ ပိုေပးျပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ မာတစ္ပ္ဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ လီဗာပူးလ္အသင္းအတြက္ ဂ်ိဳးဂိုးမက္စ္ဇ္ ဒဏ္ရာရေနခ်ိန္မွာ ဗန္ဒိုက္ခ်္ နဲ႔ တြဲဖက္ျပီး (၁၃) ပြဲသာ ကစားထားရသူ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးလ္အသင္းဟာ ဒီေႏြရာသီမွာ အသင္းရဲ႕ ဗဟိုေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ လိုဗရန္ကို ဇင္းနစ္အသင္းထံ ေပါင္ ၁၀.၉ သန္း နဲ႔ အေစာၾကီးကတည္းက ဆံုးရႈံးထားျပီးပါျပီ။ပီအက္စ္ဂ်ီအသင္း အားကစားဒါရိုက္တာ လီယိုနာဒို ဟာ မာတစ္ပ္ကို အသင္းရဲ႕ ဗဟိုေနာက္ခံလူ သီယာဂိုေဆးလ္ဗား ေနရာမွာ အစားထိုးႏိုင္မယ္လို႔ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ သီယာဂိုေဆးလ္ဗား နဲ႔ ကာဗာနီ တို႔ (၂) ေယာက္စလံုးကို စာခ်ဳပ္သက္တမ္း ထပ္မတိုးေတာ့ပဲ အသင္းက ထြက္ခြာခြင့္ေပးထားပါတယ္။ ကာဗာနီ ေနရာမွာ အစားထိုးရန္အတြက္ ပီအက္စ္ဂ်ီအသင္းဟာ အီကာဒီ ကို အေစာၾကီးကတည္းက ေခၚယူထားျပီး ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ကူလီဘလီ နဲ႔ ဟီမီနက္ဇ္ တို႔ကိုလည္း ပစ္မွတ္ထားေနေပမယ့္ သူတို႔ (၂) ေယာက္စလံုးရဲ႕ တန္ေၾကးဟာ ေပါင္ ၇၅ သန္း ထက္ပိုေပးရဖြယ္ရွိေနပါတယ္။