ဂျာဒွန်ဆန်ချိုကို အရစ်ကျ ခေါ်ယူရန် စီစဉ်နေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံ တိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို အရစ်ကျ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စီစဉ်နေပေမယ့် အချိန် တစ်ပတ်ပဲ ရတော့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ အသက် ၂၀ အရွယ်ကစားသမားအတွက် ပေါင် ၁၀၈ သန်းကို အလုံးအရင်း နဲ့ ပေးဖို့ မတတ်နိုင်ဘူး ဖြစ်နေပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေးကို အရစ်ကျ ခွဲပေးချင်နေပြီး ပထမဆုံး ပေးချေမှုကို ပေါင် ၆၃ သန်း ပေးမှာ ဖြစ်ပါတယ်။ နောက်ထပ် (၂) ကြိမ်ကိုတော့ ပေါင် ၂၇ သန်း က တစ်ခါ၊ ပေါင် ၁၈ သန်း က တစ်ခါ နဲ့ (၂) နှစ် ခွဲပေးသွားမယ်လို့ ဂျာမန်သတင်းဟာ Bild က အဆိုအရ သိရပါတယ်။

သို့သော်လည်း ယူနိုက်တက်အမှုဆောင်ချုပ် အက်ဝုဒ်ဝပ် အနေနဲ့ ဂျာဒွန်ဆန်ချိုကို အင်္ဂလန်ထံ ခေါ်ယူရန် အချိန် တစ်ပတ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဂျာဒွန်ဆန်ချိုကို ခေါ်ယူရန် သြဂုတ်လ ၁၀ ရက် နောက်ဆုံး သတ်မှတ်ထားတာဖြစ်ပြီး ရာသီအကြို လေ့ကျင့်ရေးဆင်းတာနဲ့ အသင်းကရောင်းချသွားမှာ မဟုတ်တော့ပါဘူး။ဒေ့ါမွန်အသင်းဟာ ဂျာဒွန်ဆန်ချိုနေရာမှာ အစားထိုးရန်အတွက် ယူနိုက်တက်ကစားသမား ဒီပေးကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်မှာတုန်းက ဒီပေးဟာ ပြိုင်ပွဲစုံ (၅၃) ပွဲမှာ (၇) ဂိုးပဲ သွင်းပေးပြီး ရုန်းကန်ခဲ့ရလို့ လိုင်ယွန်အသင်းထံ ရောင်းချခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ လိုင်ယွန်အသင်းအတွက် ဒီရာသီမှာ (၁၄) ဂိုးသွင်းပြီး လက်ရွေးစင်ဟော်လန်အတွက်လည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ပေးထားပါတယ်။ လက်ရှိမှာ အားလပ်ရက်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျာဒွန်ဆန်ချိုကတော့ ဒေါ့မွန်အသင်းအတွက် (၃၂) ပွဲကစားထားပြီး ဘွန်ဒက်စ်လီဂါ (၁၇) ဂိုးသွင်းက (၁၇) ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳကို အရစ္က် ေခၚယူရန္ စီစဥ္ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံ တိုက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို အရစ္က် ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ စီစဥ္ေနေပမယ့္ အခ်ိန္ တစ္ပတ္ပဲ ရေတာ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ အသက္ ၂၀ အရြယ္ကစားသမားအတြက္ ေပါင္ ၁၀၈ သနး္ကို အလံုးအရင္း နဲ႔ ေပးဖို႔ မတတ္ႏိုင္ဘူး ျဖစ္ေနပါတယ္။

ဒါ့ေၾကာင့္ ယူႏိုက္တက္အသင္းဟာ ေျပာင္းေရႊ႕ေၾကးကို အရစ္က် ခြဲေပးခ်င္ေနျပီး ပထမဆံုး ေပးေခ်မႈကို ေပါင္ ၆၃ သန္း ေပးမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ (၂) ၾကိမ္ကိုေတာ့ ေပါင္ ၂၇ သန္း က တစ္ခါ၊ ေပါင္ ၁၈ သန္း က တစ္ခါ နဲ႔ (၂) ႏွစ္ ခြဲေပးသြားမယ္လို႔ ဂ်ာမန္သတင္းဟာ Bild က အဆိုအရ သိရပါတယ္။

သုိ႔ေသာ္လည္း ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀ပ္ အေနနဲ႔ ဂ်ာဒြန္ဆန္ခ်ိဳကို အဂၤလန္ထံ ေခၚယူရန္ အခ်ိန္ တစ္ပတ္ပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူရန္ ၾသဂုတ္လ ၁၀ ရက္ ေနာက္ဆံုး သတ္မွတ္ထားတာျဖစ္ျပီး ရာသီအၾကိဳ ေလ့က်င့္ေရးဆင္းတာနဲ႔ အသင္းကေရာင္းခ်သြားမွာ မဟုတ္ေတာ့ပါဘူး။ေဒ့ါမြန္အသင္းဟာ ဂ်ာဒြန္ဆန္ခ်ိဳေနရာမွာ အစားထိုးရန္အတြက္ ယူႏိုက္တက္ကစားသမား ဒီေပးကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္မွာတုန္းက ဒီေပးဟာ ျပိဳင္ပြဲစံု (၅၃) ပြဲမွာ (၇) ဂိုးပဲ သြင္းေပးျပီး ရုန္းကန္ခဲ့ရလို႔ လိုင္ယြန္အသင္းထံ ေရာင္းခ်ျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ လိုင္ယြန္အသင္းအတြက္ ဒီရာသီမွာ (၁၄) ဂိုးသြင္းျပီး လက္ေရြးစင္ေဟာ္လန္အတြက္လည္း အထင္ၾကီးေလာက္စရာ စြမ္းေဆာင္ေပးထားပါတယ္။ လက္ရွိမွာ အားလပ္ရက္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေနတဲ့ ဂ်ာဒြန္ဆန္ခ်ိဳကေတာ့ ေဒါ့မြန္အသင္းအတြက္ (၃၂) ပြဲကစားထားျပီး ဘြန္ဒက္စ္လီဂါ (၁၇) ဂိုးသြင္းက (၁၇) ဂိုးဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။