အရမ်းမိုက်တဲ့ မန်စီးတီးအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အဝေးကွင်းအင်္ကျီ အသစ်

မန်စီးတီးအသင်း ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဝတ်ဆင်ကစားမယ့် အဝေးကွင်းအင်္ကျီအသစ်ကို တနလာၤနေ့ မနက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အင်္ကျီအသစ်ဟာ အမည်းရောင် ဒီဇိုင်းအသစ်ဖြစ်လို့ မန်စီးတီးအသင်းရဲ့ လိုဂိုတံဆိပ် နဲ့ စပွန်ဆာ တံဆိပ်တို့ဟာ ကြေးရောင်အဖြစ် အရောင်းပြောင်းထားတာ ဖြစ်ပါတယ်။

ဘောင်းဘီကတော့ အမည်းရောင်ပဲ ဖြစ်ပြီး ခြေအိတ်ကိုတော့ အပြာရောင် ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။အင်္ကျီအသစ်ကို အသင်းရဲ့ တိုက်စစ်မှူး အဂူရို နဲ့ ဒီဘရိုင်း တို့အပါအဝင် ဝတ်ဆင်ပြီးကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းအင်္ကျီအသစ်ကို ပြီးခဲ့တဲ့လက ကြေညာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ရိုးရာမပျက် အပြာရောင်ကိုပဲ အဖြူနဲ့ ဒီဇိုင်းထုတ်ခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ Puma ကုမ္ပဏီနဲ့ အင်္ကျီ စပွန်ဆာဟာ ပရီးမီးယားလိဂ်မှာ တတိယကြေးအများဆုံး ဖြစ်ပါတယ်။လီဗာပူးလ်အသင်းက ပထမနေရာမှာ Nike ကုမ္ပဏီ နဲ့ တစ်နှစ် ပေါင်သန်း ၈၀ နဲ့ ချုပ်ဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်က တစ်နှစ် ပေါင် ၇၅ သန်း နဲ့ Adidas နဲ့ စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် လီဗာပူးလ်အသင်းထံ လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပြီး ပြန်လည်ရယူနိုင်ရန် မျှော်လင့်နေတာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာရဲ့ အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ကာရာဘောင်ဖလားကို အက်စတွန်ဗီလာအသင်း ကို (၂-၁) နဲ့ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်ရန် မျှော်လင့်လို့ ရသေးပြီး ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့မှာ စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်း ကို (၂-၁) နဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယအကျော့ကို ဒီတစ်ပတ်မှာ ပြန်လည်ကစားမှာ ဖြစ်ပါတယ်။

အရမ္းမိုက္တဲ့ မန္စီးတီးအသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလုံးရာသီအတြက္ အေဝးကြင္းအက်ႌ အသစ္

မန္စီးတီးအသင္း ဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ၀တ္ဆင္ကစားမယ့္ အေ၀းကြင္းအက်ၤီအသစ္ကို တနလာၤေန႔ မနက္က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အက်ၤီအသစ္ဟာ အမည္းေရာင္ ဒီဇိုင္းအသစ္ျဖစ္လို႔ မန္စီးတီးအသင္းရဲ႕ လိုဂိုတံဆိပ္ နဲ႔ စပြန္ဆာ တံဆိပ္တို႔ဟာ ေၾကးေရာင္အျဖစ္ အေရာင္းေျပာင္းထားတာ ျဖစ္ပါတယ္။ ေဘာင္းဘီကေတာ့ အမည္းေရာင္ပဲ ျဖစ္ျပီး ေျခအိတ္ကိုေတာ့ အျပာေရာင္ ၀တ္ဆင္ကစားသြားမယ္လို႔ သိရပါတယ္။

အက်ၤီအသစ္ကို အသင္းရဲ႕ တိုက္စစ္မွဴး အဂူရို နဲ႔ ဒီဘရိုင္း တို႔အပါအ၀င္ ၀တ္ဆင္ျပီးေၾကညာသြားခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ၀တ္ဆင္မယ့္ အိမ္ကြင္းအက်ၤီအသစ္ကို ျပီးခဲ့တဲ့လက ေၾကညာခဲ့တာ ျဖစ္ျပီး အသင္းရဲ႕ ရိုးရာမပ်က္ အျပာေရာင္ကိုပဲ အျဖဴနဲ႔ ဒီဇိုင္းထုတ္ခဲ့တာပါ။ မန္စီးတီးအသင္းရဲ႕ Puma ကုမၸဏီနဲ႔ အက်ၤီ စပြန္ဆာဟာ ပရီးမီးယားလိဂ္မွာ တတိယေၾကးအမ်ားဆံုး ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ပထမေနရာမွာ Nike ကုမၸဏီ နဲ႔ တစ္ႏွစ္ ေပါင္သန္း ၈၀ နဲ႔ ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး ယူႏိုက္တက္က တစ္ႏွစ္ ေပါင္ ၇၅ သန္း နဲ႔ Adidas နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတယ္လို႔ သိရပါတယ္။မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ လီဗာပူးလ္အသင္းထံ လႊဲေျပာင္းေပးခဲ့ရတာ ျဖစ္ျပီး ျပန္လည္ရယူႏိုင္ရန္ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

နည္းျပ ဂြါဒီယိုလာရဲ႕ အသင္းဟာ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာလည္း အာဆင္နယ္အသင္းကို ရႈံးနိမ့္ခဲ့ရပါတယ္။ ဒါေပမယ့္ မန္စီးတီးအသင္းဟာ ကာရာေဘာင္ဖလားကို အက္စတြန္ဗီလာအသင္း ကို (၂-၁) နဲ႔ ဗိုလ္လုပြဲမွာ အႏိုင္ရခဲ့ျပီး ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္ကို ဆြတ္ခူးႏိုင္ရန္ ေမွ်ာ္လင့္လို႔ ရေသးျပီး ရႈံးထြက္ (၁၆) သင္းအဆင့္ ပထမအေက်ာ့မွာ စပိန္လာလီဂါ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္း ကို (၂-၁) နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒုတိယအေက်ာ့ကို ဒီတစ္ပတ္မွာ ျပန္လည္ကစားမွာ ျဖစ္ပါတယ္။