အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်း အပြောင်းအရွှေ့မှာ လှုပ်ရှားဖို့ စတင်ပြင်ဆင်

အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့အတွက် စတင်လှုပ်ရှားလာပြီး ဆီဗီလာ ဗဟိုနောက်ခံလူ ဒီယေဂိုကားလိုစ့်ကို ခေါ်ယူရန် မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စနေနေ့က ဝင်ဘလေကွင်းမှာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက ်နောက်နှစ ်ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေးအတွက် အသုံးစရိတ် ရရှိမှာ ဖြစ်ပါတယ်။

The Telegraph က အဆိုအရ နည်းပြ အာတီတာဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေတဲ့ ဘရာဇီးနောက်ခံလူ ကားလိုစ့်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။သို့သော်လည်း အာဆင်နယ်အသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၈ သန်း ရှိတဲ့ ကားလိုစ့်ရဲ့ တန်ကြေးအတွက် ဆီဗီလာ အသင်းနဲ့ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ ဆီဗီလာအသင်းဘက်ကတော့ အနည်းဆုံး ယူရို ၅၄.၅ သန်းလောက်ရရင် လက်ခံသွားဖွယ်ရှိနေပါတယ်။

ကားလိုစ့်ဟာ ၂၀၁၉ မေလကမှ ဆီဗီလာ အသင်းကို ပြင်သစ်ကလပ် နန့်တက်စ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ စပိန်လာလီဂါ အသင်းအတွက် ဒီရာသီမှာ လိဂ်ပွဲ (၃) ပွဲသာ လွဲချော်ထားသူဖြစ်ပါတယ်။တနင်္ဂနွေနေ့ညက ထွက်ရှိလာတဲ့ သတင်းများအရ အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ ကစားသမား အသစ်ခေါ်ယူရန်အတွက် ပထမအသင်းက ကစားသမား (၉) ယောက်လောက်ကို ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားတွေဟာ ဆိုကရာတစ်၊ ဂွမ်ဒူဇီ၊ တော်ရဲရား၊ မစ်ခီတာယန် နဲ့ ကိုလာစီနက် ဒါ့အပြင် မူစတာဖီ နဲ့ ဟိုလ်ဒင်း တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္း အေျပာင္းအေရႊ႕မွာ လႈပ္ရွားဖို႔ စတင္ျပင္ဆင္

အာဆင္နယ္အသင္းဟာ အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ခဲ့ျပီးေနာက္ ဒီေႏြရာသီအေျပာင္းအေရႊ႕အတြက္ စတင္လႈပ္ရွားလာျပီး ဆီဗီလာ ဗဟိုေနာက္ခံလူ ဒီေယဂိုကားလိုစ့္ကို ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စေနေန႔က ၀င္ဘေလကြင္းမွာ ဆုဖလားဆြတ္ခူးႏိုင္ခဲ့ျပီးေနာက ္ေနာက္ႏွစ ္ယူရိုပါလိဂ္၀င္ခြင့္ ရရွိခဲ့တဲ့ အာဆင္နယ္အသင္းဟာ ေျပာင္းေရႊ႕ေၾကးအတြက္ အသံုးစရိတ္ ရရွိမွာ ျဖစ္ပါတယ္။

The Telegraph က အဆုိအရ နည္းျပ အာတီတာဟာ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြကလည္း စိတ္၀င္စားေနတဲ့ ဘရာဇီးေနာက္ခံလူ ကားလိုစ့္ကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။သုိ႔ေသာ္လည္း အာဆင္နယ္အသင္းဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို ၆၈ သန္း ရွိတဲ့ ကားလိုစ့္ရဲ႕ တန္ေၾကးအတြက္ ဆီဗီလာ အသင္းနဲ႔ ေဆြးေႏြးရဦးမွာ ျဖစ္ပါတယ္။ ဆီဗီလာအသင္းဘက္ကေတာ့ အနည္းဆံုး ယူရို ၅၄.၅ သန္းေလာက္ရရင္ လက္ခံသြားဖြယ္ရွိေနပါတယ္။

ကားလိုစ့္ဟာ ၂၀၁၉ ေမလကမွ ဆီဗီလာ အသင္းကို ျပင္သစ္ကလပ္ နန္႔တက္စ္ကေန ေျပာင္းေရႊ႕လာသူျဖစ္ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရ စပိန္လာလီဂါ အသင္းအတြက္ ဒီရာသီမွာ လိဂ္ပြဲ (၃) ပြဲသာ လြဲေခ်ာ္ထားသူျဖစ္ပါတယ္။တနဂၤေႏြေန႔ညက ထြက္ရွိလာတဲ့ သတင္းမ်ားအရ အာဆင္နယ္အသင္းဟာ ဒီေႏြရာသီမွာ ကစားသမား အသစ္ေခၚယူရန္အတြက္ ပထမအသင္းက ကစားသမား (၉) ေယာက္ေလာက္ကို ေရာင္းခ်သြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အဆိုပါ ကစားသမားေတြဟာ ဆိုကရာတစ္၊ ဂြမ္ဒူဇီ၊ ေတာ္ရဲရား၊ မစ္ခီတာယန္ နဲ႔ ကိုလာစီနက္ ဒါ့အျပင္ မူစတာဖီ နဲ႔ ဟိုလ္ဒင္း တို႔လည္း ပါ၀င္ေနတာ ျဖစ္ပါတယ္။