ဒီကလန်ရိုက် ကို ခေါ်ရန်အတွက် အသင်းက ဗဟိုနောက်ခံလူတစ်ယောက်ကို ဒီနွေရာသီမှာ ရောင်းချမှ ဖြစ်မယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ သူ့ရဲ့ အလိုချင်ဆုံး ပစ်မှတ်တွေထဲက တစ်ယောက်ကို ခေါ်ယူရန်အတွက် ဗဟိုနောက်ခံလူတစ်ယောက်ကို မဖြစ်မနေရောင်းချဖို့ လိုအပ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသင်းကို ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်တည်ဆောက်နေတဲ့ နည်းပြဟာ အပြောင်းအရွှေ့မှာ ကစားသမားအသစ်ထပ်မံ ခေါ်ယူရန်အတွက် အသုံးစရိတ် လိုအပ်နေတာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ အသင်းရဲ့ ခံစစ်အင်အားကို ဖြည့်တင်းရန်အတွက် ဝက်စ်ဟမ်းကစားသမား ဒီကလန်ရိုက် နဲ့ အက်သလက်တီကို က ဟီမီနက်ဇ် ကို အဓိက ပစ်မှတ်ထားနေတယ်လို့ Telegraph က အဆိုအရ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လမ်းပတ်ရဲ့အသင်းမှာ ပုံမှန်ခြေစွမ်းမပြနိုင်တဲ့ ခရစ္စတန်ဆန် ဒါမှမဟုတ် ဇူးမားတို့ (၂) ယောက်ထဲက တစ်ယောက်ကို ရောင်းချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ဘုန်းမောက်အသင်းကနေ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ပူးပေါင်းရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ ကစားသမားဟောင်း နသန်အကီကို ချဲလ်ဆီးအသင်းဟာ ပြန်လည်ခေါ်ယူရန် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း လမ်းပတ်ဟာ ပေါင် ၆၅ သန်းတန် ဝက်စ်ဟမ်းအသင်းရဲ့ စွယ်စုံရ ကွင်းလယ်ခံစစ်ကစားသမား ဒီကလန်ရိုက် ကို ပိုပြီး မျက်စိကျနေတာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ဟီမီနက်ဇ်ကလည်း အဓိက ဦးစားပေးဖြစ်ပေမယ့် ခဲျလ်ဆီးအသင်းအနေနဲ့ (၂) ယောက်စလုံးကိုတော့ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။

ဒီကလန္ရိုက္ ကို ေခၚရန္အတြက္ အသင္းက ဗဟိုေနာက္ခံလူတစ္ေယာက္ကို ဒီေႏြရာသီမွာ ေရာင္းခ်မွ ျဖစ္မယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ သူ႔ရဲ႕ အလိုခ်င္ဆံုး ပစ္မွတ္ေတြထဲက တစ္ေယာက္ကို ေခၚယူရန္အတြက္ ဗဟိုေနာက္ခံလူတစ္ေယာက္ကို မျဖစ္မေနေရာင္းခ်ဖို႔ လိုအပ္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသင္းကို ကိုယ္ပိုင္ဟန္နဲ႔ ျပန္လည္တည္ေဆာက္ေနတဲ့ နည္းျပဟာ အေျပာင္းအေရႊ႕မွာ ကစားသမားအသစ္ထပ္မံ ေခၚယူရန္အတြက္ အသံုးစရိတ္ လိုအပ္ေနတာ ျဖစ္ပါတယ္။

လမ္းပတ္ဟာ အသင္းရဲ႕ ခံစစ္အင္အားကို ျဖည့္တင္းရန္အတြက္ ၀က္စ္ဟမ္းကစားသမား ဒီကလန္ရိုက္ နဲ႔ အက္သလက္တီကို က ဟီမီနက္ဇ္ ကို အဓိက ပစ္မွတ္ထားေနတယ္လို႔ Telegraph က အဆိုအရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လမ္းပတ္ရဲ႕အသင္းမွာ ပံုမွန္ေျခစြမ္းမျပႏိုင္တဲ့ ခရစၥတန္ဆန္ ဒါမွမဟုတ္ ဇူးမားတို႔ (၂) ေယာက္ထဲက တစ္ေယာက္ကို ေရာင္းခ်သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္တုန္းက ဘုန္းေမာက္အသင္းကေန ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းနဲ႔ ပူးေပါင္းရန္ သေဘာတူညီမႈ ရရွိခဲ့ျပီျဖစ္တဲ့ ကစားသမားေဟာင္း နသန္အကီကို ခ်ဲလ္ဆီးအသင္းဟာ ျပန္လည္ေခၚယူရန္ ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း လမ္းပတ္ဟာ ေပါင္ ၆၅ သန္းတန္ ၀က္စ္ဟမ္းအသင္းရဲ႕ စြယ္စံုရ ကြင္းလယ္ခံစစ္ကစားသမား ဒီကလန္ရိုက္ ကို ပိုျပီး မ်က္စိက်ေနတာ ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က ဟီမီနက္ဇ္ကလည္း အဓိက ဦးစားေပးျဖစ္ေပမယ့္ ခဲ်လ္ဆီးအသင္းအေနနဲ႔ (၂) ေယာက္စလံုးကိုေတာ့ ေခၚယူသြားမွာ မဟုတ္ပါဘူး။