ရီးရဲလ်မက်ဒရစ် နဲ့ လေဗာကူဆင်အသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ အသက် ၁၉ နှစ်အရွယ် မိုနာကိုနောက်ခံလူ ဘက်ဒီယာရှီးလ် ကို ယူနိုက်တက် က ခေါ်ယူရန် ဆက်သွယ်

ယူနိုက်တက်အသင်းဟာ ဥရောပ ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားနေတဲ့ မိုနာကို အသင်းက အသက် ၁၉ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဘက်ဒီယာရှီးလ် ခေါ်ယူရန် ဆက်သွယ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ လျင်မြန်တဲ့ တိုက်စစ်မှူးတွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ ပေါင်သန်း ၈၀ တန် မက်ဂွဲရားအတွက် တွဲဖက်ကစားရန် ဗဟိုနောက်ခံလူအသစ်တစ်ယောက်ကို ဈေးကွက်ထဲမှာ ရှာဖွေနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ လင်ဒီလော့ဖ်ဟာ အင်္ဂလန်နောက်ခံလူရဲ့ တွဲဖက် ကစားသမားဖြစ်သော်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အသင်းခေါင်းဆောင်အတွက် နောက်ထပ် ဗဟိုနောက်ခံလူအသစ်တစ်ယောက်ကို ရှာဖွေနေပါတယ်။ ဘက်ဒီယာရှီးလ် ကို ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး ဆက်သွယ်လိုက်တယ်လို့ TF1 က အဆိုအရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ မိုနာကိုအသင်းကြီးအတွက် ပွဲထွက်ကစားခွင့် ရထားတဲ့အချိန်မှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားသူဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကလည်း စိတ်ဝင်စားနေလို့ နောက်ခံလူအတွက် ပြိုင်ဆိုင်ရဦးမှာပါ။ ဒ့ါအပြင် စပိန်က ရီးရဲလ်မက်ဒရစ်ကလည်း ပြင်သစ်လူငယ်လက်ရွေးစင်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လီဂူး ၁ ကလပ် မိုနာကိုအသင်းဟာ လူငယ်နောက်ခံလူအတွက် ပေါင် ၂၅ သန်းလောက်ရရင ်ရောင်းချသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္ နဲ႔ ေလဗာကူဆင္အသင္းတို႔ကလည္း စိတ္၀င္စားေနတ့ဲ အသက္ ၁၉ ႏွစ္အရြယ္ မိုနာကိုေနာက္ခံလူ ဘက္ဒီယာရွီးလ္ ကို ယူႏုိက္တက္ က ေခၚယူရန္ ဆက္သြယ္

ယူႏိုက္တက္အသင္းဟာ ဥေရာပ ထိပ္သီးကလပ္အသင္းေတြက စိတ္၀င္စားေနတဲ့ မုိနာကို အသင္းက အသက္ ၁၉ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံလူ ဘက္ဒီယာရွီးလ္ ေခၚယူရန္ ဆက္သြယ္လိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ယူႏိုက္တက္အသင္းဟာ လ်င္ျမန္တဲ့ တိုက္စစ္မွဴးေတြနဲ႔ ေတြ႕ရင္ ရုန္းကန္ရတတ္တဲ့ ေပါင္သန္း ၈၀ တန္ မက္ဂြဲရားအတြက္ တြဲဖက္ကစားရန္ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ကို ေစ်းကြက္ထဲမွာ ရွာေဖြေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ လင္ဒီေလာ့ဖ္ဟာ အဂၤလန္ေနာက္ခံလူရဲ႕ တြဲဖက္ ကစားသမားျဖစ္ေသာ္လည္း ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အသင္းေခါင္းေဆာင္အတြက္ ေနာက္ထပ္ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ကို ရွာေဖြေနပါတယ္။ ဘက္ဒီယာရွီးလ္ ကို ယူႏိုက္တက္အသင္းက စိတ္၀င္စားေနျပီး ဆက္သြယ္လိုက္တယ္လို႔ TF1 က အဆိုအရ သိရပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ မိုနာကိုအသင္းၾကီးအတြက္ ပြဲထြက္ကစားခြင့္ ရထားတဲ့အခ်ိန္မွာပဲ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသထားသူျဖစ္ပါတယ္။ သို႔ေသာ္လည္း ယူႏိုက္တက္အသင္းဟာ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ကလပ္ ေလဗာကူဆင္ ကလည္း စိတ္၀င္စားေနလို႔ ေနာက္ခံလူအတြက္ ျပိဳင္ဆိုင္ရဦးမွာပါ။ ဒ့ါအျပင္ စပိန္က ရီးရဲလ္မက္ဒရစ္ကလည္း ျပင္သစ္လူငယ္လက္ေရြးစင္ကစားသမားကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ လီဂူး ၁ ကလပ္ မိုနာကိုအသင္းဟာ လူငယ္ေနာက္ခံလူအတြက္ ေပါင္ ၂၅ သနး္ေလာက္ရရင ္ေရာင္းခ်သြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။