ကက်စပါရှမိုက်ကယ်ကို အမှားများနေတဲ့ ဒီဂီယာ နေရာအစားထိုးရန် ရည်ရွယ်လာတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသင်းဂန္တဝင် ပီတာရှမိုက်ကယ်ရဲ့ သားဖြစ်သူ ကက်စပါရှမိုက်ကယ် ကို အိုးထရက်ဖိုဒ့်ထံ ဒီနွေရာသီမှာ ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်စတာအသင်းရဲ့ ဂိုးသမားဟာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်မှာ မကြာခဏ ပါဝင်နေတာဖြစ်လို့ လက်စတာအသင်းအနေနဲ့ စိုးရိမ်ရမယ့် အနေအထားကို ရောက်နေတာ ဖြစ်ပါတယ်။

The Sun က အဆိုအရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား နဲ့ အသင်းအကြီးအကဲတွေက အသက် ၃၃ နှစ်အရွယ် ကက်စပါရှမိုက်ကယ်ကို ဝယ်ယူရန် အာရုံစိုက်နေတယ်လို့ သိရပါတယ်။ အသင်းရဲ့ နံပါတ် (၁) ဂိုးသမား ဒီဂီယာဟာ ရာသီပြီးဆုံးခါနီးအထိ အမှားတွေများနေခဲ့ပြီး သူ့ရဲ့ အိုးထရက်ဖိုဒ့်မှာ ရှိနေတဲ့ နေရာဟာ စိတ်မချရတော့ပါဘူး။

ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားသွားရောက်ကစားပြီး အောင်မြင်မှု ရခဲ့တဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန်ကလည်း ဒီနွေရာသီမှာ ယူနိုက်တက်ကို ပြန်လာမှာ ဖြစ်သော်လည်း ဆိုးလ်ရှားအနေနဲ့ သူ့ကို နံပါတ် (၁) ဂိုးသမား နေရာကို ပေးဖို့ ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကလည်း နောက်နွေရာသီ ဥရောပချန်ပီရှစ် ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရမယ့် အခွင့်အရေးကို မျက်စိကျနေလို့ ပုံမှန်ပွဲကစားခွင့်ရရန် လိုချင်နေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲဟာ ဒီဂီယာအတွက် နောက်ဆုံး အခွင့် အရေးဖြစ်နိုင်ဖွယ်ရှိနေပြီး အမှားတွေ ထပ်လုပ်ခဲ့ပါက သူ့နေရာမှာ အစားထိုးရန် ပိုပြီးနီးစပ်တော့မှာ ဖြစ်ပါတယ်။

ကက္စပါရွမိုက္ကယ္ကို အမွားမ်ားေနတဲ့ ဒီဂီယာ ေနရာအစားထိုးရန္ ရည္ရြယ္လာတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ အသင္းဂႏၱ၀င္ ပီတာရွမိုက္ကယ္ရဲ႕ သားျဖစ္သူ ကက္စပါရွမိုက္ကယ္ ကို အိုးထရက္ဖိုဒ့္ထံ ဒီေႏြရာသီမွာ ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ လက္စတာအသင္းရဲ႕ ဂိုးသမားဟာ ယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္မွာ မၾကာခဏ ပါ၀င္ေနတာျဖစ္လို႔ လက္စတာအသင္းအေနနဲ႔ စုိးရိမ္ရမယ့္ အေနအထားကို ေရာက္ေနတာ ျဖစ္ပါတယ္။

The Sun က အဆိုအရ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား နဲ႔ အသင္းအၾကီးအကဲေတြက အသက္ ၃၃ ႏွစ္အရြယ္ ကက္စပါရွမိုက္ကယ္ကို ၀ယ္ယူရန္ အာရံုစိုက္ေနတယ္လို႔ သိရပါတယ္။ အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား ဒီဂီယာဟာ ရာသီျပီးဆံုးခါနီးအထိ အမွားေတြမ်ားေနခဲ့ျပီး သူ႔ရဲ႕ အိုးထရက္ဖိုဒ့္မွာ ရွိေနတဲ့ ေနရာဟာ စိတ္မခ်ရေတာ့ပါဘူး။

ရွက္ဖီးယူႏိုက္တက္အသင္းမွာ အငွားသြားေရာက္ကစားျပီး ေအာင္ျမင္မႈ ရခဲ့တဲ့ လူငယ္ဂိုးသမား ဟန္ဒါဆန္ကလည္း ဒီေႏြရာသီမွာ ယူႏိုက္တက္ကို ျပန္လာမွာ ျဖစ္ေသာ္လည္း ဆိုးလ္ရွားအေနနဲ႔ သူ႔ကို နံပါတ္ (၁) ဂိုးသမား ေနရာကို ေပးဖို႔ ေဆြးေႏြးဦးမွာ ျဖစ္ပါတယ္။

ဟန္ဒါဆန္ကလည္း ေနာက္ေႏြရာသီ ဥေရာပခ်န္ပီရွစ္ ျပိဳင္ပြဲအတြက္ အဂၤလန္လက္ေရြးစင္အသင္းၾကီးမွာ ပါ၀င္ကစားခြင့္ရမယ့္ အခြင့္အေရးကို မ်က္စိက်ေနလို႔ ပံုမွန္ပြဲကစားခြင့္ရရန္ လိုခ်င္ေနပါတယ္။ ယူရိုပါလိဂ္ျပိဳင္ပြဲဟာ ဒီဂီယာအတြက္ ေနာက္ဆံုး အခြင့္ အေရးျဖစ္ႏိုင္ဖြယ္ရွိေနျပီး အမွားေတြ ထပ္လုပ္ခဲ့ပါက သူ႔ေနရာမွာ အစားထိုးရန္ ပိုျပီးနီးစပ္ေတာ့မွာ ျဖစ္ပါတယ္။