စာချုပ်ကိစ္စအကြောင်း တစ်ကယ်ကို မစဉ်းစားဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီးယန်း

အာဆင်နယ်အသင်း ဝင်ဘလေကွင်းမှာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့သော်လည်း တိုက်စစ်မှူး အူဘာမီးယန်းရဲ့ အနာဂတ် မသေချာမရေရာသေးဘူး ဖြစ်ပါတယ်။ တိုက်စစ်မှူါ်ဟာ အာဆင်နယ်အသင်းအတွက် (၂) ဂိုးသွင်းပေးခဲ့ပြီး (၂-၁) ရလဒ်နဲ့ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံး ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ အမ်းမရိတ်ကွင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိနေပြီး စနေနေ့ ပွဲအပြီးမှာ စာချုပ်သစ်ကိစ္စအကြောင်းကို ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အဲ့ဒီအကြောင်း လုံး၀ မစဉ်းစားမိပါဘူး။ ကျွန်တော်က ဆုဖလားယူပြီး အသင်းဖော်တွေနဲ့ ပျော်ချင်တာပဲ သိပါတယ်။ ကျွန်တေ်ာတို့ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒီနေ့ အသင်းအတွက် အားလုံးဟာ အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်။ ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီး ရှိပါတယ်။ ဒါပေမယ့် ဒီလိုကြီးကျယ်တဲ့ နိုင်ပွဲအတွက်တော့ ကျွန်တော်တို့ ပျော်ရွှင်ရပါမယ်” လို့ အူဘာမီးယန်း က BT Sport သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားဟာ အသင်းမှာ ဆက်နေမလားဆိုတာ မသေချာသေးဘူး ဖြစ်ပါတယ်။ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ဂါဘွန်လက်ရွေးစင်ကစားသမားကို ရောင်းချသွားဖွယ် ရှိနေပါတယ်။

စာခ်ဳပ္ကိစၥအေၾကာင္း တစ္ကယ္ကို မစဥ္းစားဘူးလို႔ ဆိုလိုက္တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီးယန္း

အာဆင္နယ္အသင္း ၀င္ဘေလကြင္းမွာ အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ခဲ့ေသာ္လည္း တုိက္စစ္မွဴး အူဘာမီးယန္းရဲ႕ အနာဂတ္ မေသခ်ာမေရရာေသးဘူး ျဖစ္ပါတယ္။ တိုက္စစ္မွဴၚဟာ အာဆင္နယ္အသင္းအတြက္ (၂) ဂိုးသြင္းေပးခဲ့ျပီး (၂-၁) ရလဒ္နဲ႔ အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ပထမဆံုး ဆုဖလားဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ အမ္းမရိတ္ကြင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုး ႏွစ္ကို ေရာက္ရွိေနျပီး စေနေန႔ ပြဲအျပီးမွာ စာခ်ဳပ္သစ္ကိစၥအေၾကာင္းကို ျငင္းဆန္သြားခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္ အဲ့ဒီအေၾကာင္း လံုး၀ မစဥ္းစားမိပါဘူး။ ကၽြန္ေတာ္က ဆုဖလားယူျပီး အသင္းေဖာ္ေတြနဲ႔ ေပ်ာ္ခ်င္တာပဲ သိပါတယ္။ ကၽြန္ေတ္ာတုိ႔ အႏိုင္ရလဒ္နဲ႔ ထိုက္တန္တယ္လို႔ ထင္ပါတယ္။ ဒီေန႔ အသင္းအတြက္ အားလံုးဟာ အေကာင္းဆံုး ေပးဆပ္ခဲ့ပါတယ္။ ေရွ႕ဆက္ရမယ့္ ခရီးက အရွည္ၾကီး ရွိပါတယ္။ ဒါေပမယ့္ ဒီလိုၾကီးက်ယ္တဲ့ ႏိုင္ပြဲအတြက္ေတာ့ ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္ရပါမယ္” လို႔ အူဘာမီးယန္း က BT Sport သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္း အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့အတြက္ ေနာက္ရာသီ ယူရိုပါလိဂ္၀င္ခြင့္ ရရွိခဲ့ေသာ္လည္း တုိက္စစ္ကစားသမားဟာ အသင္းမွာ ဆက္ေနမလားဆိုတာ မေသခ်ာေသးဘူး ျဖစ္ပါတယ္။ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ အာဆင္နယ္အသင္းဟာ ဂါဘြန္လက္ေရြးစင္ကစားသမားကို ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။