စမောလင်းကို လက်လျှော့လိုက်ပြီဖြစ်တဲ့ ရိုးမား

ရိုးမားအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေတော့တဲ့အတွက် စမောလင်းကို အပြီးသတ်ခေါ်ယူခွင့်ကို လက်လျှော့လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက အင်္ဂလန်နောက်ခံလူဟောင်းဟာ အီတလီကလပ်အသင်းမှာ တစ်နှစ်အငှားနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း စကိုင်းစပေါ့ အီတလီက အဆိုအရ ရိုးမားအသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းက တောင်းဆိုတဲ့ ပေါင် ၁၈ သန်းကို မပေးနိုင်တဲ့အတွက် ဗဟိုနောက်ခံလူကို အိုးထရက်ဖိုဒ့်ကို ပြန်လွှွတ်ရတော့မယ်လို့ သိရပါတယ်။

စမောလင်းဟာ ရိုးမားအသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ (၃၇) ပွဲကစားခဲ့ပြီး (၃) ဂိုးသွင်းက ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းမှာလည်း ပုံမှန်ပွဲကစားခွင့်ရနိုင်ဖွယ်မရှိပါဘူး။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ စမောလင်းကို အရန်အဖြစ် အသုံးပြုသွားဖွယ်ရှိနေပါတယ်။

စမောလင်းဟာ ရိုးမားအသင်းကို စီးရီးအေ မှာ အဆင့် (၅) နေရာရအောင် ကူညီစွမ်းဆောင်ပေးခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တော့ မရခဲ့ပဲ ယူရိုပါလိဂ် နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ။် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက်အဖြစ် သူတို့ဟာ ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ကို ဂျာမနီမှာ ဆီဗီလာအသင်းနဲ့ ကစားရမှာပါ။ အီတလီကလပ်အသင်းဟာ နောက်ရာသီအတွက် စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ နောက်ခံလူ ဗာတွန်ဂန်ကို ခေါ်ယူရန် ကြိုးစားဖွယ်ရှိနေပါတယ်။

စေမာလင္းကို လက္ေလွ်ာ့လိုက္ျပီျဖစ္တဲ့ ရိုးမား

ရိုးမားအသင္းဟာ ယူႏိုက္တက္အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကး ညိွႏိႈင္းလို႔ အဆင္မေျပေတာ့တဲ့အတြက္ စေမာလင္းကို အျပီးသတ္ေခၚယူခြင့္ကို လက္ေလွ်ာ့လိုက္ျပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီက အဂၤလန္ေနာက္ခံလူေဟာင္းဟာ အီတလီကလပ္အသင္းမွာ တစ္ႏွစ္အငွားနဲ႔ ကစားခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း စကိုင္းစေပါ့ အီတလီက အဆိုအရ ရုိးမားအသင္းဟာ ပရီးမီးယားလိဂ္ကလပ္အသင္းက ေတာင္းဆိုတဲ့ ေပါင္ ၁၈ သန္းကို မေပးႏိုင္တဲ့အတြက္ ဗဟိုေနာက္ခံလူကို အိုးထရက္ဖိုဒ့္ကို ျပန္လႊြတ္ရေတာ့မယ္လို႔ သိရပါတယ္။

စေမာလင္းဟာ ရိုးမားအသင္းအတြက္ ဒီရာသီမွာ ျပိဳင္ပြဲစံု (၃၇) ပြဲကစားခဲ့ျပီး (၃) ဂိုးသြင္းက ေျခစြမ္းျပ ကစားခဲ့သူ ျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းမွာလည္း ပံုမွန္ပြဲကစားခြင့္ရႏိုင္ဖြယ္မရွိပါဘူး။ ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားဟာ စေမာလင္းကို အရန္အျဖစ္ အသံုးျပဳသြားဖြယ္ရွိေနပါတယ္။

စေမာလင္းဟာ ရိုးမားအသင္းကို စီးရီးေအ မွာ အဆင့္ (၅) ေနရာရေအာင္ ကူညီစြမး္ေဆာင္ေပးခဲ့ေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္ေတာ့ မရခဲ့ပဲ ယူရိုပါလိဂ္ နဲ႔ပဲ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ။္ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္အျဖစ္ သူတုိ႔ဟာ ယူရိုပါလိဂ္ ရႈံးထြက္ (၁၆) သင္းအဆင့္ကို ဂ်ာမနီမွာ ဆီဗီလာအသင္းနဲ႔ ကစားရမွာပါ။ အီတလီကလပ္အသင္းဟာ ေနာက္ရာသီအတြက္ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးသြားတဲ့ ေနာက္ခံလူ ဗာတြန္ဂန္ကို ေခၚယူရန္ ၾကိဳးစားဖြယ္ရွိေနပါတယ္။