ချဲလ်ဆီး နဲ့ အာဆင်နယ် အပြိုင်စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဒိုမီနစ်ခ်ဇိုဘော့စ်လိုင် ကို ဆဲလ်ဘတ် က ပေါင် ၂၆ သန်း သတ်မှတ်

ချဲလ်ဆီး နဲ့ အာဆင်နယ်အသင်းတို့စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမား ဒိုမီနစ်စ်ဇိုဘော့စ်လိုင် ကို ဆဲလ်ဘတ်အသင်းဟာ ပေါင် ၂၆ သန်း နဲ့ ရောင်းချတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဟန်ဂေရီ ကွင်းလယ်ကစားသမားဟာ ဟာလန်း နဲ့ မီနာမီနို ဒေါ့မွန် နဲ့ လီဗာပူးလ် ကိုဇန်နဝါရီလတုန်းက ပြောင်းသွားပြီးနောက် သြစတြီးယား ကလပ်အသင်းရဲ့ နောက်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာပါတယ်။

သြစတြီးယား သတင်းစာ များက အဆိုအရ ဆဲလ်ဘတ် အသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမား ကို လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။ဇိုဘော့စ်လိုင်ဟာ ဟာလန်း နဲ့ မီနာမီနို အသင်းက ထွက်ခွာပြီးနောက် ဆဲလ်ဘတ်အသင်းအတွက် ရာသီဝက်မှာ (၇) ဂိုးသွင်းပြီး (၁၁) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

သူတို့ (၂) ယောက် မထွက်သွားခင်တုန်းက သူဟာ (၂) ဂိုးသွင်း (၃) ဂိုးဖန်တီးထားပါတယ်။ ဘယ်သန် ကွင်းလယ်ကစားသမားဟာ ဆဲလ်ဘတ်အသင်းကို အသက် ၁၇ နှစ်အရွယ်က မပြောင်းရွှေ့ခင်တုန်းက သြစတြီးယား ဒုတိယတန်း ကလပ် Leifering မှာ ကစားသမားဘ၀ စတင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး နဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေသော်လည်း ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာက ကွင်းလယ်ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောသွားခဲ့ပါတယ်။အေစီမီလန် ၊ ယူနိုက်တက် နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကိုလည်း ကွင်းလယ်ကစားသမားရဲ့ အနေအထားကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဇိုဘော့စ်လိုင်ဟာ ဟန်ဂေရီ အသင်းအတွက်လည်း (၈) ပွဲကစားထားပါတယ်။

ခ်ဲလ္ဆီး နဲ႔ အာဆင္နယ္ အျပိဳင္စိတ္၀င္စားေနတဲ့ ကြင္းလယ္လူ ဒိုမီနစ္ခ္ဇိုေဘာ့စ္လိုင္ ကို ဆဲလ္ဘတ္ က ေပါင္ ၂၆ သန္း သတ္မွတ္

ခ်ဲလ္ဆီး နဲ႔ အာဆင္နယ္အသင္းတို႔စိတ္၀င္စားေနတဲ့ ကြင္းလယ္ကစားသမား ဒိုမီနစ္စ္ဇိုေဘာ့စ္လိုင္ ကို ဆဲလ္ဘတ္အသင္းဟာ ေပါင္ ၂၆ သန္း နဲ႔ ေရာင္းခ်ေတာ့မွာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဟန္ေဂရီ ကြင္းလယ္ကစားသမားဟာ ဟာလန္း နဲ႔ မီနာမီႏို ေဒါ့မြန္ နဲ႔ လီဗာပူးလ္ ကိုဇန္န၀ါရီလတုန္းက ေျပာင္းသြားျပီးေနာက္ ၾသစၾတီးယား ကလပ္အသင္းရဲ႕ ေနာက္ဆံုး ၾကယ္ပြင့္တစ္ပြင့္ ျဖစ္လာပါတယ္။

ၾသစၾတီးယား သတင္းစာ မ်ားက အဆုိအရ ဆဲလ္ဘတ္ အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမား ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။ဇိုေဘာ့စ္လိုင္ဟာ ဟာလန္း နဲ႔ မီနာမီႏို အသင္းက ထြက္ခြာျပီးေနာက္ ဆဲလ္ဘတ္အသင္းအတြက္ ရာသီ၀က္မွာ (၇) ဂိုးသြင္းျပီး (၁၁) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

သူတို႔ (၂) ေယာက္ မထြက္သြားခင္တုန္းက သူဟာ (၂) ဂိုးသြင္း (၃) ဂိုးဖန္တီးထားပါတယ္။ ဘယ္သန္ ကြင္းလယ္ကစားသမားဟာ ဆဲလ္ဘတ္အသင္းကို အသက္ ၁၇ ႏွစ္အရြယ္က မေျပာင္းေရႊ႕ခင္တုန္းက ၾသစၾတီးယား ဒုတိယတန္း ကလပ္ Leifering မွာ ကစားသမားဘ၀ စတင္ခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီး နဲ႔ အာဆင္နယ္အသင္းတို႔က စိတ္၀င္စားေနေသာ္လည္း ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာက ကြင္းလယ္ကစားသမားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ေအစီမီလန္ ၊ ယူႏိုက္တက္ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ကိုလည္း ကြင္းလယ္ကစားသမားရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။ ဇိုေဘာ့စ္လိုင္ဟာ ဟန္ေဂရီ အသင္းအတြက္လည္း (၈) ပြဲကစားထားပါတယ္။