ဆီဗီလာမှာ အငှားသွားရောက်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဆာဂျီယိုရက်ဂွီလွန် ကို ပေါင် ၁၈ သန်း နဲ့ ကမ်းလှမ်းလိုက်တဲ့ အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဘယ်နောက်ခံလူ ဆာဂျီယိုရက်ဂွီလွန်ကို ပေါင် ၁၈ သန်း နဲ့ ကမ်းလှမ်းလိုက်ပြီး ခေါ်ယူနိုင်ရန် ရေပန်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ဘယ်နောက်ခံလူ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရစေမယ့် အဆင့် (၄) နေရာ ရအောင် စွမ်းဆောင်းပေးထားသူတစ်ယောက် ဖြစ်ပါတယ်။

အဲဗာတန်အသင်းနည်းပြ အန်စလော့တီဟာ အနားယူသွားတဲ့ လေတန်ဘိန်းစ် နေရာမှာ အစားထိုးမယ့် ကစားသမား ရှာဖွေနေပြီး လူးကပ်စ်ဒစ်နေးအတွက်လည်း ပြိုင်ဆိုင်မှု ပြင်းထန်စေရန် အတွက် ခေါ်ယူလိုနေတာ ဖြစ်တယ်လို့ စကိုင်းစပေါ့ က အဆိုအရ သိရပါတယ်။သို့သော်လည်း ပြင်သစ်ကစားသမား လူးကပ်စ်ဒစ်နေးကို ဘယ်နောက်ခံလူ တစ်ယောက် ရှာဖွေနေတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာတော့ ဘယ်နောက်ခံလူ နေရာမှာ မာဆယ်လို နဲ့ ဖာလန်မန်ဒီ တို့ (၂) ယောက်ရှိနေတဲ့အတွက် ရက်ဂွီလွန်ကို ရောင်းချဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အသင်းရဲ့ ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုကို ကူညီရန်အတွက် ဒီနွေရာသီမှာ လူရောင်းချမှုကနေ ပေါင်သန်း ၁၈၀ ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆီဗီလာမွာ အငွားသြားေရာက္ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူ ဆာဂ်ီယိုရက္ဂြီလြန္ ကို ေပါင္ ၁၈ သန္း နဲ႔ ကမး္လွမ္းလိုက္တဲ့ အဲဗာတန္အသင္း

အဲဗာတန္အသင္းဟာ ရီးရဲလ္မက္ဒရစ္ဘယ္ေနာက္ခံလူ ဆာဂ်ီယိုရက္ဂြီလြန္ကို ေပါင္ ၁၈ သန္း နဲ႔ ကမ္းလွမ္းလိုက္ျပီး ေခၚယူႏိုင္ရန္ ေရပန္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ဘယ္ေနာက္ခံလူ ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဆီဗီလာအသင္းအတြက္ အေရးပါတဲ့ အခန္းက႑ကေန ပါ၀င္ကစားေပးခဲ့သူျဖစ္ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရေစမယ့္ အဆင့္ (၄) ေနရာ ရေအာင္ စြမ္းေဆာင္းေပးထားသူတစ္ေယာက္ ျဖစ္ပါတယ္။

အဲဗာတန္အသင္းနည္းျပ အန္စေလာ့တီဟာ အနားယူသြားတဲ့ ေလတန္ဘိန္းစ္ ေနရာမွာ အစားထိုးမယ့္ ကစားသမား ရွာေဖြေနျပီး လူးကပ္စ္ဒစ္ေနးအတြက္လည္း ျပိဳင္ဆိုင္မႈ ျပင္းထန္ေစရန္ အတြက္ ေခၚယူလိုေနတာ ျဖစ္တယ္လို႔ စကိုင္းစေပါ့ က အဆိုအရ သိရပါတယ္။သို႔ေသာ္လည္း ျပင္သစ္ကစားသမား လူးကပ္စ္ဒစ္ေနးကို ဘယ္ေနာက္ခံလူ တစ္ေယာက္ ရွာေဖြေနတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကလည္း ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာေတာ့ ဘယ္ေနာက္ခံလူ ေနရာမွာ မာဆယ္လို နဲ႔ ဖာလန္မန္ဒီ တို႔ (၂) ေယာက္ရွိေနတဲ့အတြက္ ရက္ဂြီလြန္ကို ေရာင္းခ်ဖြယ္ရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကလည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အသင္းရဲ႕ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈကို ကူညီရန္အတြက္ ဒီေႏြရာသီမွာ လူေရာင္းခ်မႈကေန ေပါင္သန္း ၁၈၀ ရရွိဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။