စမောလင်းအတွက် ယူနိုက်တက်နဲ့ ညှိနှိုင်းရတာ အဆင်မပြေလို့ ဗာတွန်ဂန် ကို ခေါ်ယူရန် ပြန်လည်အာရုံစိုက်လာတဲ့ ရိုးမားအသင်း

ရိုးမားအသင်းဟာ ခရစ်စမောလင်းအတွက် ဆွေးနွေးညှိနှိုင်းမှုဟာ အဆင်မပြေဖြစ်နေလို့ ဗာတွန်ဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စီးရီးအေကလပ်အသင်းနဲ့ ပွဲဦးထွက် အငှားရာသီမှာ ခြေစွမ်းပြကစားနေတဲ့ စမောလင်းကို ရိုးမားအသင်းဟာ အပြီးသတ်ခေါ်ယူရန် ဒါမှမဟုတ် နောက်ထပ် (၁) နှစ်အငှားနဲ့ ခေါ်ယူရန် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းပေမယ့် အဆင်မပြေဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းဟာ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းအပြင် ဘောနပ်စ် ပေါင် ၄.၅ သန်း လိုချင်နေပေမယ့် ရိုးမားအသင်းက ပေါင် ၁၃.၅ သန်း သာ ပေးရန် ပြင်ဆင်ထားပါတယ်။ သတင်းများအရ ရိုးမားအသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအပြီး မှာ စပါးအသင်းကနေ စာချုပ်သက်တမ်းကုန်ပြီး ထွက်လာတဲ့ ဗာတွန်ဂန် ကို ခေါ်ယူရန် ပြန်လည်အာရုံစိုက်နေပြီ ဖြစ်ပါတယ်။

စပါးအသင်းမှာ (၈) နှစ်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားဟာ အီတလီကို ပြောင်းဖို့ ဆက်သွယ်မှု ခံနေရပါတယ်။ လာဇီယို နဲ့ အင်တာမီလန်အသင်းတို့ကလည်း အသက် ၃၃ နှစ်အရွယ်ကစားသမားစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးပြီး ရုန်းကန်ခဲ့ရတဲ့ စမောလင်းဟာ ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပွဲကစားပြီး အောင်မြင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့လို့ အင်္ဂလန်ကို ပြန်သွားဖွယ်မရှိတော့ပါဘူး။ စီးရီးအေကလပ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ စပိန်တိုက်စစ်ကစားသမား ပက်ဒရိုကိုလည်း ခေါ်ယူပြီး ပြီ ဖြစ်ပါတယ်။

စေမာလင္းအတြက္ ယူႏိုက္တက္နဲ႔ ညိွႏိႈင္းရတာ အဆင္မေျပလို႔ ဗာတြန္ဂန္ ကို ေခၚယူရန္ ျပန္လည္အာ႐ုံစိုက္လာတဲ့ ႐ိုးမားအသင္း

႐ိုးမားအသင္းဟာ ခရစ္စေမာလင္းအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈဟာ အဆင္မေျပျဖစ္ေနလို႔ ဗာတြန္ဂန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စီးရီးေအကလပ္အသင္းနဲ႔ ပြဲဦးထြက္ အငွားရာသီမွာ ေျခစြမ္းျပကစားေနတဲ့ စေမာလင္းကို ႐ိုးမားအသင္းဟာ အၿပီးသတ္ေခၚယူရန္ ဒါမွမဟုတ္ ေနာက္ထပ္ (၁) ႏွစ္အငွားနဲ႔ ေခၚယူရန္ ယူႏိုက္တက္အသင္းနဲ႔ ေဆြးေႏြးညႇိႏႈိင္းေပမယ့္ အဆင္မေျပျဖစ္ေနပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းဟာ စေမာလင္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၈ သန္းအျပင္ ေဘာနပ္စ္ ေပါင္ ၄.၅ သန္း လိုခ်င္ေနေပမယ့္ ႐ိုးမားအသင္းက ေပါင္ ၁၃.၅ သန္း သာ ေပးရန္ ျပင္ဆင္ထားပါတယ္။ သတင္းမ်ားအရ ႐ိုးမားအသင္းဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီအၿပီး မွာ စပါးအသင္းကေန စာခ်ဳပ္သက္တမ္းကုန္ၿပီး ထြက္လာတဲ့ ဗာတြန္ဂန္ ကို ေခၚယူရန္ ျပန္လည္အာ႐ုံစိုက္ေနၿပီ ျဖစ္ပါတယ္။

စပါးအသင္းမွာ (၈) ႏွစ္ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ကစားသမားဟာ အီတလီကို ေျပာင္းဖို႔ ဆက္သြယ္မႈ ခံေနရပါတယ္။ လာဇီယို နဲ႔ အင္တာမီလန္အသင္းတို႔ကလည္း အသက္ ၃၃ ႏွစ္အ႐ြယ္ကစားသမားစိတ္ဝင္စားေနတာ ျဖစ္ပါတယ္။

၂၀၁၈-၁၉ ေဘာလုံးရာသီတုန္းက ယူႏိုက္တက္အသင္းမွာ ပြဲကစားခြင့္ေပ်ာက္ဆုံးၿပီး ႐ုန္းကန္ခဲ့ရတဲ့ စေမာလင္းဟာ ႐ိုးမားအသင္းအတြက္ ၿပိဳင္ပြဲစုံ (၃၆) ပြဲကစားၿပီး ေအာင္ျမင္တဲ့ ေဘာလုံးရာသီကို ပိုင္ဆိုင္ခဲ့လို႔ အဂၤလန္ကို ျပန္သြားဖြယ္မရွိေတာ့ပါဘူး။ စီးရီးေအကလပ္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္တဲ့ စပိန္တိုက္စစ္ကစားသမား ပက္ဒ႐ိုကိုလည္း ေခၚယူၿပီး ၿပီ ျဖစ္ပါတယ္။