ဘာစီလိုနာ ကစားသမား ဆာဂျီရော်ဘတ်တိုကို ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ ဘာစီလိုနာကစားသမား ဆာဂျီရော်ဘတ်တိုကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ကစားသမားဘ၀ ဘာစီလိုနာအသင်းမှာပဲ ပြိုင်ပွဲစုံ (၂၈၁) ပွဲကစားထားတဲ့ စပိန်လက်ရွေးစင်ကစားသမားကို ကာလရှည်နှစ်သက်သူဖြစ်ပါတယ်။ ဆာဂျီရော်ဘတ်တိုဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက်လည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားပေးထားပြီး ညာနောက်ခံလူနေရာမှာ (၃၇) ပွဲပါဝင်ကစားပေးထားပါတယ်။

Sport က အဆိုအရ ဂွါဒီယိုလာဟာ အသက် ၂၈ နှစ်အရွယ်ကစားသမားကို သူ့ရဲ့ ညာနောက်ခံလူနေရာမှာ အင်အားဖြည့်တင်းချင်နေပြီး မြင့်မားတဲ့ တန်ကြေးပေးချင်နေတာ ဖြစ်ပါတယ်။ သတင်းများအရ ဘာစီလိုနာအသင်းဘက်ကတော့ စပိန်ကစားသမားအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ငြင်းဆန်သွားဖို့ ဆုံးဖြတ်ထားပြီး ၂၀၂၀-၂၁ ဘောလုံးရာသီမတိုင်ခင် ဆီမီဒို ကိုပဲ ရောင်းချချင်နေတယ်လို့ သိရပါတယ်။

ဆာဂျီရော်ဘတ်တိုရဲ့ လက်ရှိ နူးကမ့် နဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၂ ဇွန်လ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်စီးတီးအသင်းဟာ လစာ တိုးပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဗလင်စီယာ တောင်ပံကစားသမား ဖာရန်တောရက်စ်ကိုလည်း ပေါင်သန်း ၂၀ နဲ့ ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီလို့ သိရပါတယ်။

ဘာစီလိုနာ ကစားသမား ဆာဂ်ီေရာ္ဘတ္တိုကို ေခၚယူရန္ စိတ္ဝင္စားလာတဲ့ မန္စီးတီးအသင္း

မန္စီးတီးအသင္းဟာ ဘာစီလိုနာကစားသမား ဆာဂ်ီေရာ္ဘတ္တိုကို ေခၚယူရန္ စိတ္ဝင္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ကစားသမားဘ၀ ဘာစီလိုနာအသင္းမွာပဲ ၿပိဳင္ပြဲစုံ (၂၈၁) ပြဲကစားထားတဲ့ စပိန္လက္ေ႐ြးစင္ကစားသမားကို ကာလရွည္ႏွစ္သက္သူျဖစ္ပါတယ္။ ဆာဂ်ီေရာ္ဘတ္တိုဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းအတြက္လည္း အဓိက အခန္းက႑ကေန ပါဝင္ကစားေပးထားၿပီး ညာေနာက္ခံလူေနရာမွာ (၃၇) ပြဲပါဝင္ကစားေပးထားပါတယ္။

Sport က အဆိုအရ ဂြါဒီယိုလာဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားကို သူ႔ရဲ႕ ညာေနာက္ခံလူေနရာမွာ အင္အားျဖည့္တင္းခ်င္ေနၿပီး ျမင့္မားတဲ့ တန္ေၾကးေပးခ်င္ေနတာ ျဖစ္ပါတယ္။ သတင္းမ်ားအရ ဘာစီလိုနာအသင္းဘက္ကေတာ့ စပိန္ကစားသမားအတြက္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမဆို ျငင္းဆန္သြားဖို႔ ဆုံးျဖတ္ထားၿပီး ၂၀၂၀-၂၁ ေဘာလုံးရာသီမတိုင္ခင္ ဆီမီဒို ကိုပဲ ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။

ဆာဂ်ီေရာ္ဘတ္တိုရဲ႕ လက္ရွိ ႏူးကမ့္ နဲ႔ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၂ ဇြန္လ မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး မန္စီးတီးအသင္းဟာ လစာ တိုးေပးၿပီး ကမ္းလွမ္းရန္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ဗလင္စီယာ ေတာင္ပံကစားသမား ဖာရန္ေတာရက္စ္ကိုလည္း ေပါင္သန္း ၂၀ နဲ႔ ေခၚယူရန္ ပစ္မွတ္ထားေနၿပီး ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရထားၿပီလို႔ သိရပါတယ္။