အဖေက အကြီးမားဆုံးဝေဖန်သူဖြစ်ပြီး သတ်မှတ်ထားတဲ့ ၁၀ ဂိုးမှာ ၇ ဂိုးရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ ချဲလ်ဆီးကွင်းလယ်လူ မာဆင်မောင့်

ချဲလ်ဆီးကစားသမား မာဆင်မောင့်က သူအတွက် အကြီးမားဆုံးဝေဖန်သူက သူရဲ့အဖေဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ၁၀ ဂိုးသွင်းယူပေးဖို့သတ်မှတ်ခဲ့ရာမှာ ၇ ဂိုးအထိရခဲ့တာကြောင့် ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။ဒါဘီမှာ လမ်းပတ်နဲ့ လက်တွဲခဲ့ဖူးတဲ့ မာဆင်မောင့်ဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းရဲ့အဓိက,ကစားသမား တစ်ဦးဖြစ်လာပြီး ပရီးမီးယားလိဂ်မှာ ၃၇ ပွဲအထိပါဝင်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

ဖီဖာရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတာကြောင့် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားသစ်ခေါ်ယူမှု မပြု လုပ်နိုင်ခဲ့ဘဲ အသင်းရဲ့လူငယ်ကစားသမားတွေကို အသင်းကြီးအတွက်ကစားခွင့်ပေးခဲ့တာဖြစ်ပြီး ဒီကစားသမားတွေထဲ မှာ မာဆင်မောင့်က ခြေစွမ်းအပြနိုင်ဆုံးလို့တောင် ဆိုရမှာဖြစ်ပါတယ်။မာဆင်မောင့်ဟာ ဒီရာသီမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

မာဆင့်မောင်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကခြေစွမ်းပြနိုင်တဲ့သူတစ်ဦးဖြစ်ခဲ့သလို အာဆင် နယ်ကစားမယ့် အက်ဖ်အေဖလားပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း ခြေစွမ်းပြကစားနိုင်မယ်လို့ ထင်ကြေးပေးခံနေရသူ လည်း ဖြစ်ပါတယ်။ သူ့ဖခင်ရဲ့သတ်မှတ်ထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးမှာ ၇ ဂိုးရခဲ့တာကြောင့် မာဆင်မောင့် ကိုယ်တိုင်ကလည်း သူရဲ့ စွမ်းဆောင်ရည်အပေါ်ကျေနပ်နေတယ်လို့ သိရပါတယ်။

မာဆင်မောင့်ရဲ့ ဖခင်ဖြစ်တဲ့ တိုနီမောင့်အနေနဲ့ အစောပိုင်းတုန်းက သူရဲ့သားကို ချဲလ်ဆီးကနေ ထွက်ဖို့ ဆန္ဒရှိခဲ့တယ်ဆို ပေမယ့် နောက်ပိုင်းမှာ ချဲလ်ဆီးမှာ ဆက်ကစားဖို့ အလိုရှိခဲ့တာပဲ ဖြစ်ပါတယ်။မာဆင်မောင့်က “ အဖေက ကျွန်တော် အတွက် အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပြီး အကြီးမားဆုံးဝေဖန်သူလည်း ဖြစ်ပါတယ်။ သူ သတ်မှတ်ပေးထားတဲ့ ပရီးမီးယား လိဂ်သွင်းဂိုး ၁၀ ဂိုးမှာ ၇ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အေဖက အႀကီးမားဆံုးေဝဖန္သူျဖစ္ၿပီး သတ္မွတ္ထားတဲ့ ၁၀ ဂိုးမွာ ၇ ဂိုးရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူ မာဆင္ေမာင့္

ခ်ဲလ္ဆီးကစားသမား မာဆင္ေမာင့္က သူအတြက္ အႀကီးမားဆံုးေဝဖန္သူက သူရဲ႕အေဖျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္ စြမ္းေဆာင္မႈနဲ႔ ပတ္သက္ၿပီး ၁၀ ဂိုးသြင္းယူေပးဖို႕သတ္မွတ္ခဲ့ရာမွာ ၇ ဂိုးအထိရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မိေၾကာင္း ေျပာခဲ့ပါတယ္။ဒါဘီမွာ လမ္းပတ္နဲ႔ လက္တြဲခဲ့ဖူးတဲ့ မာဆင္ေမာင့္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းရဲ႕အဓိက,ကစားသမား တစ္ဦးျဖစ္လာၿပီး ပရီးမီးယားလိဂ္မွာ ၃၇ ပြဲအထိပါဝင္ကစားခြင့္ရခဲ့သူလည္း ျဖစ္ပါတယ္။
ဖီဖာရဲ႕ ကစားသမားေခၚယူခြင့္ ပိတ္ပင္ခံထားရတာေၾကာင့္ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရာသီက ကစားသမားသစ္ေခၚယူမႈ မျပဳ လုပ္ႏိုင္ခဲ့ဘဲ အသင္းရဲ႕လူငယ္ကစားသမားေတြကို အသင္းႀကီးအတြက္ကစားခြင့္ေပးခဲ့တာျဖစ္ၿပီး ဒီကစားသမားေတြထဲ မွာ မာဆင္ေမာင့္က ေျခစြမ္းအျပႏိုင္ဆံုးလို႔ေတာင္ ဆိုရမွာျဖစ္ပါတယ္။မာဆင္ေမာင့္ဟာ ဒီရာသီမွာ ကိုယ္တိုင္ ၇ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
မာဆင့္ေမာင္အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဓိကေျခစြမ္းျပႏိုင္တဲ့သူတစ္ဦးျဖစ္ခဲ့သလို အာဆင္ နယ္ကစားမယ့္ အက္ဖ္ေအဖလားပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာလည္း ေျခစြမ္းျပကစားႏိုင္မယ္လို႔ ထင္ေၾကးေပးခံေနရသူ လည္း ျဖစ္ပါတယ္။ သူ႕ဖခင္ရဲ႕သတ္မွတ္ထားတဲ့ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀ ဂိုးမွာ ၇ ဂိုးရခဲ့တာေၾကာင့္ မာဆင္ေမာင့္ ကိုယ္တိုင္ကလည္း သူရဲ႕ စြမ္းေဆာင္ရည္အေပၚေက်နပ္ေနတယ္လို႔ သိရပါတယ္။
မာဆင္ေမာင့္ရဲ႕ ဖခင္ျဖစ္တဲ့ တိုနီေမာင့္အေနနဲ႔ အေစာပိုင္းတုန္းက သူရဲ႕သားကို ခ်ဲလ္ဆီးကေန ထြက္ဖို႔ ဆႏၵရွိခဲ့တယ္ဆို ေပမယ့္ ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးမွာ ဆက္ကစားဖို႔ အလိုရွိခဲ့တာပဲ ျဖစ္ပါတယ္။မာဆင္ေမာင့္က “ အေဖက ကြ်န္ေတာ္ အတြက္ အလုပ္ႀကိဳးစားသူတစ္ဦးျဖစ္ၿပီး အႀကီးမားဆံုးေဝဖန္သူလည္း ျဖစ္ပါတယ္။ သူ သတ္မွတ္ေပးထားတဲ့ ပရီးမီးယား လိဂ္သြင္းဂိုး ၁၀ ဂိုးမွာ ၇ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။