ဒေးဗစ်ဆေးလ်ဗားနေရာအတွက် အစားထိုးဖို့ ခက်လိမ့်မယ်လို့ ပြောခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင်ဒေးဗစ်ဆေးလ်ဗားရဲ့နေရာကို အစားထိုးဖို့အတွက် ခက်ခဲမှာဖြစ် ကြောင်း ပြောခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဆေးလ်ဗားဟာ ဒီရာသီအပြီးမှာ မန်စီးတီးကနေထွက်ပြီး ကစားသမား ဘဝကနေ အနားယူဖို့လုပ်ဆောင်နေသူဖြစ်ပါတယ်။ မန်စီးတီးမှာ ၁၀ နှစ်ကြာကစားခဲ့ပြီးနောက် ဒေးဗစ်ဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

DAZN နဲ့ တွေ့ဆုံမှုမှာတော့ ဂွါဒီယိုလာက “ အခြားကစားသမားတစ်ယောက်ကို အသင်းအတွက် ခေါ်ယူစာချုပ်ချုပ်နိုင် မယ်ဆိုရင်တောင် ဆေးလ်ဗားရဲ့နေရာအတွက်တော့ အစားထိုးနိုင်မှာမဟုတ်ပါဘူး။ သူက အရည်အချင်းရှိတာတင်မကပါ ဘူး။ပါရမီရှင်ကစားသမားတစ်ယောက်ပါ။ သူနဲ့ ၄နှစ်ပဲ လက်တွဲပြီး လုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် သူကကျွန်တော်ကို အံသြသွားလောက်အောင် စွမ်းဆောင်နိုင်တဲ့ကစားသမားတစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ပေမယ့် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီနှစ်မှာတော့ အမှတ်ပေးဇယားဒုတိယ နေရာမှာသာ ရှိနေခဲ့ပြီး ချန်ပီယံလီဗာပူးနဲ့ ၁၈ မှတ်အထိကွာဟခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက် လွှတ်ခဲ့ရပေမယ့် မန်စီးတီးဟာ ချန်ပီယံလိဂ်ကို ရယူနိုင်ဖို့ အဓိကထား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ရှုံးထွက် ၁၆ သင်းပထမအကျော့တုန်းက ရီးရဲလ်ကို အဝေးကွင်း နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရထားတာကြောင့် မန်စီးတီးအနေနဲ့ ကွာတား တက်ဖို့ အခြေအနေ ကောင်းနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ အလေးပေးမှုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက ဘာမှကြိုတင်ပြောလို့မရပါဘူး။ ဇီဒန်းရဲ့ရီးရဲလ် ကလည်း ချန်ပီယံလိဂ်မှာဆိုရင် မထင်မှတ်တာတွေလုပ်ပြနိုင်ပါတယ်။ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံဖြစ်ဖို့ ခက်ဦးမှာပါ။ ကွာတားမှာ ဂျူဗင်တပ်-လိုင်ယွန်အတွဲက အနိုင်ရတဲ့အသင်းနဲ့ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ရောက်ခဲ့မယ်ဆိုရင်လည်း နာပိုလီ၊ ဘာစီလိုနာ၊ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေထဲက တစ်သင်းနဲ့ကစားရမှာမို့ ဗိုလ် လုပွဲတက်အောင်ကစားဖို့တောင် ခက်ပါတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ေဒးဗစ္ေဆးလ္ဗားေနရာအတြက္ အစားထိုးဖို႔ ခက္လိမ့္မယ္လို႔ ေျပာခဲ့တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက အသင္းေခါင္းေဆာင္ေဒးဗစ္ေဆးလ္ဗားရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ခက္ခဲမွာျဖစ္ ေၾကာင္း ေျပာခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ေဆးလ္ဗားဟာ ဒီရာသီအၿပီးမွာ မန္စီးတီးကေနထြက္ၿပီး ကစားသမား ဘဝကေန အနားယူဖို႔လုပ္ေဆာင္ေနသူျဖစ္ပါတယ္။ မန္စီးတီးမွာ ၁၀ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ေဒးဗစ္ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။
DAZN နဲ႔ ေတြ႕ဆံုမႈမွာေတာ့ ဂြါဒီယိုလာက “ အျခားကစားသမားတစ္ေယာက္ကို အသင္းအတြက္ ေခၚယူစာခ်ဳပ္ခ်ဳပ္ႏိုင္ မယ္ဆိုရင္ေတာင္ ေဆးလ္ဗားရဲ႕ေနရာအတြက္ေတာ့ အစားထိုးႏိုင္မွာမဟုတ္ပါဘူး။ သူက အရည္အခ်င္းရွိတာတင္မကပါ ဘူး။ပါရမီရွင္ကစားသမားတစ္ေယာက္ပါ။ သူနဲ႔ ၄ႏွစ္ပဲ လက္တြဲၿပီး လုပ္ေဆာင္ခဲ့ရတယ္ဆိုေပမယ့္ သူကကြ်န္ေတာ္ကို အံၾသသြားေလာက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ကစားသမားတစ္ေယာက္ပါ” လို႔ ေျပာခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ ၂ ႏွစ္ဆက္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ ဒီႏွစ္မွာေတာ့ အမွတ္ေပးဇယားဒုတိယ ေနရာမွာသာ ရွိေနခဲ့ၿပီး ခ်န္ပီယံလီဗာပူးနဲ႔ ၁၈ မွတ္အထိကြာဟခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္ လႊတ္ခဲ့ရေပမယ့္ မန္စီးတီးဟာ ခ်န္ပီယံလိဂ္ကို ရယူႏိုင္ဖို႔ အဓိကထား လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ရႈံးထြက္ ၁၆ သင္းပထမအေက်ာ့တုန္းက ရီးရဲလ္ကို အေဝးကြင္း ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရထားတာေၾကာင့္ မန္စီးတီးအေနနဲ႔ ကြာတား တက္ဖို႔ အေျခအေန ေကာင္းေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ အေလးေပးမႈနဲ႔ ပတ္သက္ၿပီး ဂြါဒီယိုလာက ဘာမွႀကိဳတင္ေျပာလို႔မရပါဘူး။ ဇီဒန္းရဲ႕ရီးရဲလ္ ကလည္း ခ်န္ပီယံလိဂ္မွာဆိုရင္ မထင္မွတ္တာေတြလုပ္ျပႏိုင္ပါတယ္။ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ေတာင္ ခ်န္ပီယံျဖစ္ဖို႔ ခက္ဦးမွာပါ။ ကြာတားမွာ ဂ်ဴဗင္တပ္-လိုင္ယြန္အတြဲက အႏိုင္ရတဲ့အသင္းနဲ႔ကစားရမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္ ေရာက္ခဲ့မယ္ဆိုရင္လည္း နာပိုလီ၊ ဘာစီလိုနာ၊ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြထဲက တစ္သင္းနဲ႔ကစားရမွာမို႔ ဗိုလ္ လုပြဲတက္ေအာင္ကစားဖို႔ေတာင္ ခက္ပါတယ္လို႔ ေျပာခဲ့ပါတယ္။