ကော်တင်ဟို ကို ပေါင် ၉ သန်း နဲ့ ခေါ်ယူရန် အာဆင်နယ်အသင်း ကမ်းလှမ်းခံလိုက်ရပေမယ့် ဂွမ်ဒူဇီ အလိုက်ပေးရဖွယ်ရှိ

အာဆင်နယ်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုကို ဒီနွေရာသီမှာ ပေါင် ၉ သန်းနဲ့ ခေါ်ယူလို့ရမယ့် အခွင့်အရေးတစ်ရပ် ကမ်းလှမ်းခံလိုက်ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ကော်တင်ဟိုဟာ လက်ရှိ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာ ပဲ ဆက်ရှိနေပြီး နောက်လမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် ပြင်ဆင်နေပေမယ့် ဂျာမန်ကလပ်ဟာ ဘရာဇီးကစားသမားကို အပြီးသတ်ဝယ်ယူဖွယ်မရှိဘူး ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ပြန်သွားရင်လည်း ပွဲထွက်ကစားခွင့်ရဖို့ မသေချာတော့လို့ ကော်တင်ဟို ကို အာဆင်နယ် နဲ့ စပါးအသင်းတို့ က ကမ်းလှမ်းထားထားပေမယ့် မိုက်ကယ်အာတီတာရဲ့ အသင်းဆီကို ရောက်ရှိဖွယ်ရှိနေပါတယ်။The Independent သတင်းဌာနက အဆိုအရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို အာဆင်နယ်မှာ ဝေဖန်ခံနေရတဲ့ ဂွမ်ဒူဇီ နဲ့ အလဲအထပ် လုပ်ရန် အကြံရခဲ့တယ်လို့ သိရပါတယ်။

ဂွမ်ဒူဇီ အလိုက်ပေးရမှာဖြစ်လို့ အာဆင်နယ်အသင်းဟာ ကော်တင်ဟိုအတွက် ပေါင် ၉ သန်းပဲ ကုန်ကျဖွယ်ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်အသင်း ဘုတ်အဖွဲ့တွေဟာ စနေနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်အပေါ် မူတည်ပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်ရမှာသာ ဘဏ္ဍာရေး ချထားဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီးကို ဝင်ဘလေမှာ အနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ေကာ္တင္ဟို ကို ေပါင္ ၉ သန္း နဲ႔ ေခၚယူရန္ အာဆင္နယ္အသင္း ကမ္းလွမ္းခံလိုက္ရေပမယ့္ ဂြမ္ဒူဇီ အလုိက္ေပးရဖြယ္ရွိ

အာဆင္နယ္အသင္းဟာ ဘာစီလိုနာ ကြင္းလယ္ဖန္တီးရွင္ ေကာ္တင္ဟိုကို ဒီေႏြရာသီမွာ ေပါင္ ၉ သန္းနဲ႔ ေခၚယူလို႔ရမယ့္ အခြင့္အေရးတစ္ရပ္ ကမ္းလွမ္းခံလိုက္ရတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ေကာ္တင္ဟိုဟာ လက္ရွိ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ပဲ ဆက္ရွိေနျပီး ေနာက္လမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ ျပင္ဆင္ေနေပမယ့္ ဂ်ာမန္ကလပ္ဟာ ဘရာဇီးကစားသမားကို အျပီးသတ္၀ယ္ယူဖြယ္မရွိဘူး ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကို ျပန္သြားရင္လည္း ပြဲထြက္ကစားခြင့္ရဖို႔ မေသခ်ာေတာ့လို႔ ေကာ္တင္ဟို ကို အာဆင္နယ္ နဲ႔ စပါးအသင္းတို႔ က ကမ္းလွမ္းထားထားေပမယ့္ မိုက္ကယ္အာတီတာရဲ႕ အသင္းဆီကို ေရာက္ရွိဖြယ္ရွိေနပါတယ္။The Independent သတင္းဌာနက အဆိုအရ ဘာစီလိုနာအသင္းဟာ ေကာ္တင္ဟိုကို အာဆင္နယ္မွာ ေ၀ဖန္ခံေနရတဲ့ ဂြမ္ဒူဇီ နဲ႔ အလဲအထပ္ လုပ္ရန္ အၾကံရခဲ့တယ္လို႔ သိရပါတယ္။

ဂြမ္ဒူဇီ အလိုက္ေပးရမွာျဖစ္လို႔ အာဆင္နယ္အသင္းဟာ ေကာ္တင္ဟိုအတြက္ ေပါင္ ၉ သန္းပဲ ကုန္က်ဖြယ္ရွိေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အာဆင္နယ္အသင္း ဘုတ္အဖြဲ႔ေတြဟာ စေနေန႔ အက္ဖ္ေအဖလား ဗိုလ္လုပြဲ ရလဒ္အေပၚ မူတည္ျပီး ဥေရာပျပိဳင္ပြဲ ၀င္ခြင့္ရမွာသာ ဘ႑ာေရး ခ်ထားဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္၀င္ခြင့္အတြက္ ခ်ဲလ္ဆီးကို ၀င္ဘေလမွာ အႏိုင္ကစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။