ဂျာဒွန်ဆန်ချိုနေရာမှာ အစားထိုးရန် ယူနိုက်တက်ကစားသမား ဒီပေးကို ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်း

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဂျာဒွန်ဆန်ချို ခေါ်ယူရန် ကြိုးစားနေတာဖြစ်လို့ ဒေါ့မွန်အသင်းကလည်း အစားထိုးမယ့် ကစားသမားကို ရည်ရွယ်ထားပြီးပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အိုးထရက်ဖိုဒ့်မှာ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်ကစားခဲ့တဲ့ ကြယ်ပွင့်ဟောင်း ဒီပေးကို ဘွန်ဒက်စ်လီဂါ ဘီလူးအသင်းဟာ ဂျာဒွန်ဆန်ချို ယူနိုက်တက်ကို ပြောင်းသွားပါက ပေါင်သန်း ၄၀ နဲ့ ခေါ်ယူအစားထိုးရန် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Bild က အဆိုအရ လိုင်ယွန်အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ခဲ့လို့ ဒီပေးဟာ အသင်းက ထွက်ခွာလိုနေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျာဒွန်ဆန်ချိုဟာ ပြီးခဲ့တဲ့ အပတ်တွေကတည်း ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေသော်လည်း ဆွေးနွေးညှိနှိုင်းနေမှုဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက ပေါင်သန်း ၁၀၀ လိုချင်နေပြီး ယူနိုက်တက်အကြီးအကဲတွေက အဲ့ဒီလောက် မပေးချင်ပါဘူး။

အသက် ၂၆ နှစ်အရွယ် ဒီပေးဟာ ပီအက်စ်ဗွီအသင်းကနေ အင်္ဂလန်ကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ နာမည်ကျော် ကျောနံပါတ် (၇) ကို ဝတ်ဆင်ကစားခဲ့ရမှာ ခြေစွမ်းမပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ တစ်နှစ်ခွဲ ကစားခဲ့ပြီးချိန်မှာ အသင်းအတွက် လိဂ်ဂိုး (၂) ဂိုးသာ သွင်းခဲ့ပြီး လိုင်ယွန်အသင်းထံ ပေါင် ၁၄ သန်း နဲ့ ရောင်းချခြင်းခံခဲ့ရပါတယ်။

လီဂူး ၁ မှာတော့ ဒီပေးဟာ ပြန်လည် ခြေစွမ်းပြလာသော်လည်း လိုင်ယွန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ခဲ့လို့ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ဂျာဒွန်ဆန်ချိုကတော့ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၂၀) သွင်းပြီး (၁၈) ဂိုးဖန်တီးပေးထားပါတယ်။ ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကလည်း ဂျာဒွန်ဆန်ချို အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်နေတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳေနရာမွာ အစားထိုးရန္ ယူႏိုက္တက္ကစားသမား ဒီေပးကို ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္အသင္း

ယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီမွာ ဂ်ာဒြန္ဆန္ခ်ိဳ ေခၚယူရန္ ၾကိဳးစားေနတာျဖစ္လို႔ ေဒါ့မြန္အသင္းကလည္း အစားထိုးမယ့္ ကစားသမားကို ရည္ရြယ္ထားျပီးျပီလို႔ သတင္းထြက္ေပၚလာပါတယ္။ အိုးထရက္ဖိုဒ့္မွာ ၂၀၁၅ ကေန ၂၀၁၇ ခုႏွစ္ကစားခဲ့တဲ့ ၾကယ္ပြင့္ေဟာင္း ဒီေပးကို ဘြန္ဒက္စ္လီဂါ ဘီလူးအသင္းဟာ ဂ်ာဒြန္ဆန္ခ်ိဳ ယူႏိုက္တက္ကို ေျပာင္းသြားပါက ေပါင္သန္း ၄၀ နဲ႔ ေခၚယူအစားထိုးရန္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ Bild က အဆိုအရ လိုင္ယြန္အသင္းဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ နဲ႔ လြဲေခ်ာ္ခဲ့လို႔ ဒီေပးဟာ အသင္းက ထြက္ခြာလိုေနတယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေရြးစင္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳဟာ ျပီးခဲ့တဲ့ အပတ္ေတြကတည္း ယူႏုိက္တက္ရဲ႕ အဓိက ပစ္မွတ္ျဖစ္ေနေသာ္လည္း ေဆြးေႏြးညိွႏိႈင္းေနမႈဟာ ရႈပ္ေထြးေနဆဲ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းက ေပါင္သန္း ၁၀၀ လိုခ်င္ေနျပီး ယူႏုိက္တက္အၾကီးအကဲေတြက အဲ့ဒီေလာက္ မေပးခ်င္ပါဘူး။

အသက္ ၂၆ ႏွစ္အရြယ္ ဒီေပးဟာ ပီအက္စ္ဗြီအသင္းကေန အဂၤလန္ကို ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕ခဲ့ျပီး အသင္းရဲ႕ နာမည္ေက်ာ္ ေက်ာနံပါတ္ (၇) ကို ၀တ္ဆင္ကစားခဲ့ရမွာ ေျခစြမ္းမျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ တစ္ႏွစ္ခြဲ ကစားခဲ့ျပီးခ်ိန္မွာ အသင္းအတြက္ လိဂ္ဂိုး (၂) ဂိုးသာ သြင္းခဲ့ျပီး လိုင္ယြန္အသင္းထံ ေပါင္ ၁၄ သန္း နဲ႔ ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။

လီဂူး ၁ မွာေတာ့ ဒီေပးဟာ ျပန္လည္ ေျခစြမ္းျပလာေသာ္လည္း လိုင္ယြန္အသင္းဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ နဲ႔ လြဲေခ်ာ္ခဲ့လို႔ အသင္းကေန ထြက္ခြာခ်င္ေနတာျဖစ္ပါတယ္။ဂ်ာဒြန္ဆန္ခ်ိဳကေတာ့ ေဒါ့မြန္အသင္းအတြက္ ျပိဳင္ပြဲစံု ဂိုး (၂၀) သြင္းျပီး (၁၈) ဂိုးဖန္တီးေပးထားပါတယ္။ ေဒါ့မြန္အသင္း အားကစားဒါရိုက္တာ မိုက္ကယ္ေဇာ့ကလည္း ဂ်ာဒြန္ဆန္ခ်ိဳ အသင္းမွာ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ေနတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။