စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားကို ရောင်းချမှာ မဟုတ်ပဲ ဒုတိယအကြိမ်အခွင့်အရေးပေးမယ့် စပါးအသင်း

စပါးအသင်းဟာ အန်ဒွန်ဘီလီကို ပြင်းပြင်းထန်ထန်ကြိုးစားစေချင်ပြီး ပရီးမီးယားလိဂ်မှာ အောင်မြင်မှု ရရန် ဒုတိယအကြိမ် အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။ အင်တာမီလန် နဲ့ ဘာစီလိုနာအသင်းတို့က ဒီနွေရာသီမှာ ဆက်သွယ်နေသော်လည်း မြောက်လန်ဒန်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ရောင်းချလိုခြင်းမရှိပါဘူး။

စပါးအသင်းဟာ ကွင်းလယ်ကစားသမားအတွက ်ပြီးခဲ့တဲ့ (၁၃) လတုန်း လိုင်ယွန်အသင်းကို ပေါင် ၅၅.၄၅ သန်းပေးခဲ့ရတာ ဖြစ်ပြီး အသင်းပိုင်ရှင် လီဗိုင်းကလည်း ဒီလို အနေအထားမျိုးမှာ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှု လုပ်ထားတဲ့ကစားသမားတစ်ယောက်ကို ရောင်းချဖို့ မပြင်ဆင်ထားဘူး ဖြစ်ပါတယ်။

အန်ဒွန်ဘီလီဟာ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ဒဏ်ရာ ပြဿနာ များစွာနဲ့ ပွဲကစားခွင့်ရုန်းကန်နေရပြီး နည်းပြနဲ့လည်း ဆက်ဆံရေး မကောင်းခဲ့ပါဘူး။ မော်ရင်ဟိုကလည်း ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ကြိုးစားလိုစိတ် နည်းပါးနေတယ်လို့ ပြောခဲ့ပါသေးတယ်။

သို့သော်လည်း စပါးအသင်းဟာ ကွင်းလယ်အင်အားကို ဆက်ပြီး တောင့်တင်းချင်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ ဆောက်သမ်တန်အသင်းခေါင်းဆောင် ဟော့ဂျ်ဘက် နဲ့ အငှားချထားတဲ့ ဝေါ်လ်ကာပီတာ ကို အလဲအထပ် လုပ်ရန် ဆွေးနွေးပြောဆိုနေပါတယ်။အဲဗာတန်အသင်းကလည်း စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူအတွက် ဆောက်သမ်တန်အသင်းက ပေါင် ၂၅ သန်း သတ်မှတ်ထားပြီး ကစားသမားကိုယ်တိုင်က စပါးနဲ့ လက်တွဲလိုနေတာဖြစ်ပါတယ်။

စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ကစားသမားကို ေရာင္းခ်မွာ မဟုတ္ပဲ ဒုတိယအၾကိမ္အခြင့္အေရးေပးမယ့္ စပါးအသင္း

စပါးအသင္းဟာ အန္ဒြန္ဘီလီကို ျပင္းျပင္းထန္ထန္ၾကိဳးစားေစခ်င္ျပီး ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈ ရရန္ ဒုတိယအၾကိမ္ အခြင့္အေရးေပးသြားမွာ ျဖစ္ပါတယ္။ အင္တာမီလန္ နဲ႔ ဘာစီလိုနာအသင္းတို႔က ဒီေႏြရာသီမွာ ဆက္သြယ္ေနေသာ္လည္း ေျမာက္လန္ဒန္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်လိုျခင္းမရွိပါဘူး။

စပါးအသင္းဟာ ကြင္းလယ္ကစားသမားအတြက ္ျပီးခဲ့တဲ့ (၁၃) လတုန္း လိုင္ယြန္အသင္းကို ေပါင္ ၅၅.၄၅ သန္းေပးခဲ့ရတာ ျဖစ္ျပီး အသင္းပိုင္ရွင္ လီဗိုင္းကလည္း ဒီလို အေနအထားမ်ိဳးမွာ ၾကီးမားတဲ့ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ထားတဲ ့ကစားသမားတစ္ေယာက္ကို ေရာင္းခ်ဖို႔ မျပင္ဆင္ထားဘူး ျဖစ္ပါတယ္။

အန္ဒြန္ဘီလီဟာ ပရီးမီးယားလိဂ္ကို ေရာက္လာကတည္းက ဒဏ္ရာ ျပႆနာ မ်ားစြာနဲ႔ ပြဲကစားခြင့္ရုန္းကန္ေနရျပီး နည္းျပနဲ႔လည္း ဆက္ဆံေရး မေကာင္းခဲ့ပါဘူး။ ေမာ္ရင္ဟိုကလည္း ျပင္သစ္လက္ေရြးစင္ကစားသမားဟာ ၾကိဳးစားလိုစိတ္ နည္းပါးေနတယ္လို႔ ေျပာခဲ့ပါေသးတယ္။

သို႔ေသာ္လည္း စပါးအသင္းဟာ ကြင္းလယ္အင္အားကို ဆက္ျပီး ေတာင့္တင္းခ်င္ေနတာ ျဖစ္ပါတယ္။ သူတို႔ဟာ ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ ေဟာ့ဂ်္ဘက္ နဲ႔ အငွားခ်ထားတဲ့ ေ၀ၚလ္ကာပီတာ ကို အလဲအထပ္ လုပ္ရန္ ေဆြးေႏြးေျပာဆိုေနပါတယ္။အဲဗာတန္အသင္းကလည္း စိတ္၀င္စားေနတဲ့ ကြင္းလယ္လူအတြက္ ေဆာက္သမ္တန္အသင္းက ေပါင္ ၂၅ သန္း သတ္မွတ္ထားျပီး ကစားသမားကိုယ္တိုင္က စပါးနဲ႔ လက္တြဲလိုေနတာျဖစ္ပါတယ္။