ပရီးမီးယားလိဂ် ၂ တစ်နှစ်တာ အကောင်းဆုံး ဆွတ်ခူးသွားတဲ့ လီဗာပူးလ် လူငယ်ကြယ်ပွင့် ကာတစ်ဂျုံးစ်

လီဗာပူးလ်လူငယ်ကြယ်ပွင့် ကာတစ်ဂျုံးစ်ဟာ ပရီးမီးယားလိဂ် ၂ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာလည်း ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကြီးမှာ ပါဝင်ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းအတွက် (၃) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်အကယ်ဒမီရဲ့ တန်ဖိုးအရှိဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ ကာတစ်ဂျုံးစ်ဟာ လူငယ်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပါတယ်။

သူဟာ အသက် ၂၃ နှစ်အောက် အသင်းမှာ ဒီရာသီ၌ (၁၄) ပွဲကစားခဲ့ပြီး (၉) ဂိုးသွင်း ၊ (၅) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။သူဟာ ပွဲတော်တော်များများမှာလည်း အသင်းခေါင်းဆောင်အဖြစ ်တာဝန်ယူပြီး အသင်းကို ဦးဆောင်နိုင်စွမ်းပြသပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ယူအီးအက်ဖ်အေရဲ့ လူငယ်လိဂ်ပွဲ နာပိုလီအသင်းနဲ့ ကစားခဲ့တုန်းက ကာတစ်ဂျုံးစ်ဟာ လီဗာပူးလ်အသင်းအတွက် ဟက်ထရစ် သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

လူငယ်အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ ကာတစ်ဂျုံးစ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ချဲလ်ဆီးက ဂဲလ်မော နဲ့ ဝက်စ်ဟမ်းက နသန်ဟော်လန် တို့ကို ကျော်ဖြတ်ပြီး ယခုလို တစ်နှစ်တာ အကောင်းဆုံး ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

“ကျွန်တော့်အတွက်တော့ ဒါဟာ ကြီးမားပါတယ်။ ကျွန်တော်ဟာ ပထမအသင်းကြီးမှာလည်း ပါဝင်ကစားခွင့်ရခဲ့ပြီး ယူ ၂၃ အသင်းမှာ ကစားခဲ့ရတဲ့အချိန်တိုင်းလည်း ၁၀၀ ရာနှုန်းပြည့် အမြဲတမ်းကစားခဲ့ပါတယ်” လို့သူက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။ကာတစ်ဂျုံးစ်ဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းမှာလည်း ပရီးမီးယားလိဂ် (၅) ပွဲ ပါဝင်ကစားထားပြီး ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ် အနိုင်ရခဲ့တဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။

 

ပရီးမီးယားလိဂ္ ၂ တစ္ႏွစ္တာ အေကာင္းဆံုး ဆြတ္ခူးသြားတဲ့ လီဗာပူးလ္ လူငယ္ၾကယ္ပြင့္ ကာတစ္ဂ်ံဳးစ္

လီဗာပူးလ္လူငယ္ၾကယ္ပြင့္ ကာတစ္ဂ်ံဳးစ္ဟာ ပရီးမီးယားလိဂ္ ၂ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ဆုကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာလည္း ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းၾကီးမွာ ပါ၀င္ပြဲထြက္ခြင့္ရခဲ့ျပီး အသင္းအတြက္ (၃) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ လီဗာပူးလ္အကယ္ဒမီရဲ႕ တန္ဖိုးအရွိဆံုးကစားသမားတစ္ေယာက္ျဖစ္တဲ့ ကာတစ္ဂ်ံဳးစ္ဟာ လူငယ္အသင္းမွာ အေကာင္းဆံုး ေျခစြမ္းျပကစားခဲ့ပါတယ္။

သူဟာ အသက္ ၂၃ ႏွစ္ေအာက္ အသင္းမွာ ဒီရာသီ၌ (၁၄) ပြဲကစားခဲ့ျပီး (၉) ဂိုးသြင္း ၊ (၅) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။သူဟာ ပြဲေတာ္ေတာ္မ်ားမ်ားမွာလည္း အသင္းေခါင္းေဆာင္အျဖစ ္တာ၀န္ယူျပီး အသင္းကို ဦးေဆာင္ႏိုင္စြမ္းျပသေပးခဲ့ပါတယ္။ ျပီးခဲ့တဲ့ ႏို၀င္ဘာလက ယူအီးအက္ဖ္ေအရဲ႕ လူငယ္လိဂ္ပြဲ နာပိုလီအသင္းနဲ႔ ကစားခဲ့တုန္းက ကာတစ္ဂ်ံဳးစ္ဟာ လီဗာပူးလ္အသင္းအတြက္ ဟက္ထရစ္ သြင္းေပးခဲ့သူလည္း ျဖစ္ပါတယ္။

လူငယ္အသင္းမွာ အထူးေျခစြမ္းျပေနတဲ့ ကာတစ္ဂ်ံဳးစ္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ခ်ဲလ္ဆီးက ဂဲလ္ေမာ နဲ႔ ၀က္စ္ဟမ္းက နသန္ေဟာ္လန္ တို႔ကို ေက်ာ္ျဖတ္ျပီး ယခုလို တစ္ႏွစ္တာ အေကာင္းဆံုး ဆုကို ဆြတ္ခူးႏိုင္ခဲ့တာပါ။

“ကၽြန္ေတာ့္အတြက္ေတာ့ ဒါဟာ ၾကီးမားပါတယ္။ ကၽြန္ေတာ္ဟာ ပထမအသင္းၾကီးမွာလည္း ပါ၀င္ကစားခြင့္ရခဲ့ျပီး ယူ ၂၃ အသင္းမွာ ကစားခဲ့ရတဲ့အခ်ိန္တိုင္းလည္း ၁၀၀ ရာႏႈန္းျပည့္ အျမဲတမ္းကစားခဲ့ပါတယ္” လို႔သူက အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ကာတစ္ဂ်ံဳးစ္ဟာ ယာဂင္ကေလာ့ပ္ရ႕ဲ အသင္းမွာလည္း ပရီးမီးယားလိဂ္ (၅) ပြဲ ပါ၀င္ကစားထားျပီး ျပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ အႏိုင္ရခဲ့တဲ့ ဆုတံဆိပ္ကို ရရွိခဲ့ပါတယ္။