နော်ဝေးတောင်ပံကစားသမား ဂျော့ချ်လီဝစ်စ် ကို ခေါ်ယူရန် သဘောတူညီမှု ရတော့မယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ နော်ဝေးတောင်ပံကစားသမား ဂျော့ချ်လီဝစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။ အသက်၂၀ အရွယ် လီဝစ်စ်ဟာ အိုင်ပီဝစ်ချ် နဲ့ ဘုန်းမောက် အသင်းအတွက် ကစားခဲ့ပြီး မတ်လတုန်းကလည်း အာဆင်နယ်အသင်းမှာ တစ်ပတ် လာရောက်ကစားခဲ့ပြီး နောက်ထပ် (၇) ရက် ထပ်ကစားရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။

Goal က အဆိုအရ အာဆင်နယ်အသင်းဟာ စနေနေ့ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ လီဝစ်စ်ကို ခေါ်ယူရန် နီးစပ်နေပြီလို့ သိရပါတယ်။ အခြားသော ကိစ္စအနည်းအငယ်သာ လုပ်ဆောင်ရန် ကျန်ရှိနေသေးပေမယ့်လည်း သဘောတူညီမှု ရဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်လည်း လန်ဒန်မှာ ရှိနေပြီး အင်စတာဂရမ်မှာ ဓာတ်ပုံတွေ တင်ခဲ့ပါတယ်။ လီဝစ်စ်ဟာ အာဆင်နယ်နည်းပြ အာတီတာ ရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။

အာတီတာဟာ ဇန်နဝါရီလက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းက ပါဘလိုမာရီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။လီဝစ်စ် ဟာ ကစားသမားဘဝကို နော်ဝေးကလပ် Tromso IL မှာ စတင်ကစားခဲ့ပြီးနောက် Tromsdalen ကို ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လီဝစ်စ်ရဲ့ တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်တဲ့ စွမ်းရည်ကို အထင်ကြီးလေးစားခဲ့တာဖြစ်ပါတယ်။

ေနာ္ေ၀းေတာင္ပံကစားသမား ေဂ်ာ့ခ်္လီ၀စ္စ္ ကို ေခၚယူရန္ သေဘာတူညီမႈ ရေတာ့မယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ေနာ္ေ၀းေတာင္ပံကစားသမား ေဂ်ာ့ခ်္လီ၀စ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ အသက္၂၀ အရြယ္ လီ၀စ္စ္ဟာ အိုင္ပီ၀စ္ခ်္ န႔ဲ ဘုန္းေမာက္ အသင္းအတြက္ ကစားခဲ့ျပီး မတ္လတုန္းကလည္း အာဆင္နယ္အသင္းမွာ တစ္ပတ္ လာေရာက္ကစားခဲ့ျပီး ေနာက္ထပ္ (၇) ရက္ ထပ္ကစားရန္ ဖိတ္ေခၚျခင္းခံခဲ့ရပါတယ္။

Goal က အဆိုအရ အာဆင္နယ္အသင္းဟာ စေနေန႔ကစားမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲအျပီးမွာ လီ၀စ္စ္ကို ေခၚယူရန္ နီးစပ္ေနျပီလို႔ သိရပါတယ္။ အျခားေသာ ကိစၥအနည္းအငယ္သာ လုပ္ေဆာင္ရန္ က်န္ရွိေနေသးေပမယ့္လည္း သေဘာတူညီမႈ ရဖို႔ အလြန္နီးစပ္ေနျပီျဖစ္ပါတယ္။ ကစားသမားကိုယ္တိုင္လည္း လန္ဒန္မွာ ရွိေနျပီး အင္စတာဂရမ္မွာ ဓာတ္ပံုေတြ တင္ခဲ့ပါတယ္။ လီ၀စ္စ္ဟာ အာဆင္နယ္နည္းျပ အာတီတာ ရဲ႕ ဒုတိယေျမာက္ ေခၚယူမႈ ျဖစ္လာမွာပါ။

အာတီတာဟာ ဇန္န၀ါရီလက ဘရာဇီးကလပ္ ဖလာမင္ဂိုအသင္းက ပါဘလိုမာရီကို ေခၚယူခဲ့တာျဖစ္ပါတယ္။လီ၀စ္စ္ ဟာ ကစားသမားဘ၀ကို ေနာ္ေ၀းကလပ္ Tromso IL မွာ စတင္ကစားခဲ့ျပီးေနာက္ Tromsdalen ကို ၂၀၁၇ ခုႏွစ္က ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လီ၀စ္စ္ရဲ႕ တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏိုင္တဲ့ စြမး္ရည္ကို အထင္ၾကီးေလးစားခဲ့တာျဖစ္ပါတယ္။