အခြားဘယ်နောက်ခံလူတွေထက် ဘင်ချီဝဲလ်ကိုပဲ ဦးစားပေးခေါ်ယူသွားမယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ အခြားဘယ်နောက်ခံလူတွေ ပစ်မှတ်ထားဖို့ ရှိနေသော်လည်း လက်စတာစီးတီးအသင်းက ဘင်ချီဝဲလ်ကိုပဲ ခေါ်ယူရန် အာရုံစိုက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ရာသီမတိုင်မီ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပြီးပြီ ဖြစ်သော်လည်း ယခုအခါ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက (၅၄) ဂိုးအထိ ပေးထားရတဲ့ နောက်တန်းကို ပြင်ဆင်ရန် စောင့်ကြည့်နေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဘင်ချီဝဲလ်ဟာ နည်းပြလမ်းပတ်ရဲ့ ထိပ်ဆုံးက ပစ်မှတ်ဖြစ်သော်လည်း သူ့ရဲ့ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းဟာ နောက်ထပ် (၄) နှစ်ကျန်သေးလို့ လက်စတာအသင်းက တန်ကြေးမြင့်မားစွာ တောင်းဆိုနေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အေဂျက်က တာ့ဂလီယာဖီကို ၊ ပေါ်တို က တယ်လက်စ် နဲ့ ဂီတာဖေးက ကူကာရီလာ တို့အားလုံးကို ပေါင်သန်း ၃၀ အောက် လောက်နဲ့ ခေါ်ယူလို့ ရနေတာဖြစ်ပါတယ်။

သို့သော်လည်း Goal က အဆိုအရ ချဲလ်ဆီးအသင်းဟာ ပေါင်သန်း ၈၀ ကျော်တန် ဘင်ချီဝဲလ်ကိုပဲ ဦးစားပေးပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဘင်ချီဝဲလ်ဟာ လက်စတာအသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပွဲ (၃၀) ကစားထားပြီး အသင်းအတွက် (၃) ဂိုးသွင်းပြီး (၃) ဂိုးဖန်တီးပေးထား သူလည်း ဖြစ်ပါတယ်။

အျခားဘယ္ေနာက္ခံလူေတြထက္ ဘင္ခ်ီ၀ဲလ္ကိုပဲ ဦးစားေပးေခၚယူသြားမယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ အျခားဘယ္ေနာက္ခံလူေတြ ပစ္မွတ္ထားဖုိ႔ ရွိေနေသာ္လည္း လက္စတာစီးတီးအသင္းက ဘင္ခ်ီ၀ဲလ္ကိုပဲ ေခၚယူရန္ အာရံုစိုက္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ရာသီမတိုင္မီ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းျပီးျပီ ျဖစ္ေသာ္လည္း ယခုအခါ ၂၀၁၉-၂၀ ေဘာလံုးရာသီတုန္းက (၅၄) ဂိုးအထိ ေပးထားရတဲ့ ေနာက္တန္းကို ျပင္ဆင္ရန္ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ ဘင္ခ်ီ၀ဲလ္ဟာ နည္းျပလမ္းပတ္ရဲ႕ ထိပ္ဆံုးက ပစ္မွတ္ျဖစ္ေသာ္လည္း သူ႔ရဲ႕ လက္စတာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ေနာက္ထပ္ (၄) ႏွစ္က်န္ေသးလို႔ လက္စတာအသင္းက တန္ေၾကးျမင့္မားစြာ ေတာင္းဆိုေနပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေအဂ်က္က တာ့ဂလီယာဖီကို ၊ ေပၚတို က တယ္လက္စ္ နဲ႔ ဂီတာေဖးက ကူကာရီလာ တို႔အားလံုးကို ေပါင္သန္း ၃၀ ေအာက္ ေလာက္နဲ႔ ေခၚယူလို႔ ရေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း Goal က အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ ေပါင္သန္း ၈၀ ေက်ာ္တန္ ဘင္ခ်ီ၀ဲလ္ကိုပဲ ဦးစားေပးပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ ဘင္ခ်ီ၀ဲလ္ဟာ လက္စတာအသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ပြဲ (၃၀) ကစားထားျပီး အသင္းအတြက္ (၃) ဂိုးသြင္းျပီး (၃) ဂိုးဖန္တီးေပးထား သူလည္း ျဖစ္ပါတယ္။