ပေါင်သန်း ၈၀ မတတ်နိုင်သော်လည်း ဂျက်ဂရီလစ်ရှ်ကို စိတ်ဝင်စားလာတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းခေါင်းဆောင်ကို ခေါ်ယူရန် ပေါင်သန်း ၈၀ မတတ်နိုင်သော်လည်း အပြင်းအထန်စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီနွေရာသီမှာ စိန်ခေါ်မှုအသစ်တွေ လိုချင်တယ်လို့ ပြောဆိုခဲ့တဲ့ ဂျက်ဂရီလစ်ရှ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲအထိ အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ကစားပေးခဲ့သူဖြစ်ပါတယ်။

စကိုင်းစပေါ့က အဆိုအရ အာတီတာရဲ့အသင်းဟာ အက်စတွန်ဗီလာ ကွင်းလယ်လူကို စိတ်ဝင်စားလာပေမယ့် ပြောင်းရွှေ့ကြေးသက်သက်သာသာနဲ့ပဲ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ သတင်းများအရ အသင်းတော်တော်များများဟာ ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပေါင်သန်း ၅၀ ကနေ ပေါင်သန်း ၆၀ အထိ ပေးချင်နေပေမယ့် အက်စတွန်ဗီလာအသင်းက ဈေးလျော့ပေးဖွယ်မရှိပါဘူး။ အသင်းဟာ နောက်ထပ် ပေါင်သန်း ၂၀ လိုချင်နေပြီး ပေါင်သန်း ၈၀ လောက်ရမှသာ လက်လွှတ်သွားဖွယ်ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောအပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ နွေရာသီအသုံးစရိတ်ဟာ ကြီးမားတဲ့ လူခေါ်ယူမှုတွေကို အရင်ကထက် ပိုပြီး လုပ်နိုင်ဖွယ်မရှိပါဘူး။ စက်တင်ဘာလမှာ အသက် ၂၅ နှစ်ပြည့်မယ့် ဂျက်ဂရီလစ်ရှ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်လောက်ကျန်နေသေးလို့ အလောတကြီး ရောင်းချစရာလည်း မလိုဘူး ဖြစ်ပါတယ်။

ဂျက်ဂရီလစ်ရှ်ဟာ နောက်နှစ်မှာ ကစားမယ့် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပါဝင်ကစားခွင့်ရရန် မျှော်လင့်နေသူပါ။ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ကွင်းလယ်တိုက်စစ်အင်အားကို ဂျက်ဂရီလစ်ရှ်နဲ့ အားဖြည့်ချင်နေတာဖြစ်ပါတယ်။

ေပါင္သန္း ၈၀ မတတ္ႏိုင္ေသာ္လည္း ဂ်က္ဂရီလစ္ရွ္ကို စိတ္၀င္စားလာတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ကို ေခၚယူရန္ ေပါင္သန္း ၈၀ မတတ္ႏိုင္ေသာ္လည္း အျပင္းအထန္စိတ္၀င္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဒီေႏြရာသီမွာ စိန္ေခၚမႈအသစ္ေတြ လိုခ်င္တယ္လို႔ ေျပာဆိုခဲ့တဲ့ ဂ်က္ဂရီလစ္ရွ္ဟာ ပရီးမီးယားလိဂ္ေနာက္ဆံုးပြဲအထိ အက္စတြန္ဗီလာအသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ကစားေပးခဲ့သူျဖစ္ပါတယ္။

စကိုင္းစေပါ့က အဆိုအရ အာတီတာရဲ႕အသင္းဟာ အက္စတြန္ဗီလာ ကြင္းလယ္လူကို စိတ္၀င္စားလာေပမယ့္ ေျပာင္းေရႊ႕ေၾကးသက္သက္သာသာနဲ႔ပဲ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ အသင္းေတာ္ေတာ္မ်ားမ်ားဟာ ကြင္းလယ္တိုက္စစ္ကစားသမားအတြက္ ေပါင္သန္း ၅၀ ကေန ေပါင္သန္း ၆၀ အထိ ေပးခ်င္ေနေပမယ့္ အက္စတြန္ဗီလာအသင္းက ေစ်းေလ်ာ့ေပးဖြယ္မရွိပါဘူး။ အသင္းဟာ ေနာက္ထပ္ ေပါင္သန္း ၂၀ လိုခ်င္ေနျပီး ေပါင္သန္း ၈၀ ေလာက္ရမွသာ လက္လႊတ္သြားဖြယ္ရွိေနပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာအျပင္ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ေႏြရာသီအသံုးစရိတ္ဟာ ၾကီးမားတဲ့ လူေခၚယူမႈေတြကို အရင္ကထက္ ပိုျပီး လုပ္ႏိုင္ဖြယ္မရွိပါဘူး။ စက္တင္ဘာလမွာ အသက္ ၂၅ ႏွစ္ျပည့္မယ့္ ဂ်က္ဂရီလစ္ရွ္ဟာ အက္စတြန္ဗီလာအသင္းနဲ႔ စာခ်ဳပ္သက္တမး္ (၃) ႏွစ္ေလာက္က်န္ေနေသးလို႔ အေလာတၾကီး ေရာင္းခ်စရာလည္း မလိုဘူး ျဖစ္ပါတယ္။

ဂ်က္ဂရီလစ္ရွ္ဟာ ေနာက္ႏွစ္မွာ ကစားမယ့္ ဥေရာပခ်န္ပီယံရွစ္ ျပိဳင္ပြဲမွာ အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ပါ၀င္ကစားခြင့္ရရန္ ေမွ်ာ္လင့္ေနသူပါ။ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ကြင္းလယ္တိုက္စစ္အင္အားကို ဂ်က္ဂရီလစ္ရွ္နဲ႔ အားျဖည့္ခ်င္ေနတာျဖစ္ပါတယ္။