ယူနိုက်တက်နောက်ခံလူ ဒါလော့ ကို ပြန်လည်စိတ်ဝင်စားလာတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဒါလော့ကို ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာအသင်းဟာ ဒါလော့ကို ၂၀၁၈ ခုနှစ်တုန်းက ပေါ်တိုအသင်းကနေ ခေါ်ယူလိုခဲ့သော်လည်း ယူနိုက်တက်အသင်းက ပေါင် ၁၉ သန်းနဲ့ လက်ဦးမှု ရသွားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒါလော့ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲသာ ပါဝင်ကစားခဲ့ရပြီး ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

Mundo Deportivo က အဆိုအရ ဘာစီလိုနာအသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို ပေါင် ၁၀ သန်းလောက်နဲ့ ခေါ်ယူရန် ယုံကြည်မှု ရှိနေပြီး ကမ်းလှမ်းဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ ပေါ်တူဂီ အသက် ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်သေးသော်လည်း သူ့ကို ရောင်းချလိုက်ပါက အသင်းအတွက် နွေရာသီပြောင်းရွှေ့ကြေး အသုံးစရိတ် ရရှိဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းက ဒီချီဂလီယို ကို ဆက်သွယ်ခဲ့သော်လည်း သဘောတူညီမှု မရခဲ့လို့ ဒါလော့ကို ကြိုးစားလာတာ ဖြစ်ပါတယ်။မတ်လမှာ ၂၁ နှစ်ပြည့်မယ် ဒါလော့ ဟာ အက်ဖ်အေဖလား မှာ နောဝစ်ချ်ကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဝီလီယံ နေရာမှာ ပွဲကစားချိန် (၆၃) မိနစ်မှာ နောက်ဆုံး ပါဝင်ကစားခဲ့ပါတယ်။

ယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့ ကို ျပန္လည္စိတ္၀င္စားလာတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ယူႏိုက္တက္အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနတဲ့ ဒါေလာ့ကို ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘာစီလိုနာအသင္းဟာ ဒါေလာ့ကို ၂၀၁၈ ခုႏွစ္တုန္းက ေပၚတိုအသင္းကေန ေခၚယူလိုခဲ့ေသာ္လည္း ယူႏိုက္တက္အသင္းက ေပါင္ ၁၉ သန္းနဲ႔ လက္ဦးမႈ ရသြားခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒါေလာ့ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု (၁၁) ပြဲသာ ပါ၀င္ကစားခဲ့ရျပီး ပြဲကစားခြင့္ရဖို႔ ရုန္းကန္ေနရပါတယ္။

Mundo Deportivo က အဆုိအရ ဘာစီလိုနာအသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို ေပါင္ ၁၀ သန္းေလာက္န႔ဲ ေခၚယူရန္ ယံုၾကည္မႈ ရွိေနျပီး ကမ္းလွမ္းဖို႔ စဥ္းစားေနျပီျဖစ္ပါတယ္။ ေပၚတူဂီ အသက္ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ေသးေသာ္လည္း သူ႔ကို ေရာင္းခ်လိုက္ပါက အသင္းအတြက္ ေႏြရာသီေျပာင္းေရႊ႕ေၾကး အသံုးစရိတ္ ရရွိဖြယ္ရွိေနပါတယ္။

ဘာစီလိုနာအသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းက ဒီခ်ီဂလီယို ကို ဆက္သြယ္ခဲ့ေသာ္လည္း သေဘာတူညီမႈ မရခဲ့လို႔ ဒါေလာ့ကို ၾကိဳးစားလာတာ ျဖစ္ပါတယ္။မတ္လမွာ ၂၁ ႏွစ္ျပည့္မယ္ ဒါေလာ့ ဟာ အက္ဖ္ေအဖလား မွာ ေနာ၀စ္ခ်္ကို (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ၀ီလီယံ ေနရာမွာ ပြဲကစားခ်ိန္ (၆၃) မိနစ္မွာ ေနာက္ဆံုး ပါ၀င္ကစားခဲ့ပါတယ္။