နသန်အကီအတွက် မန်စီးတီးက ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းတာကို လက်ခံလိုက်တဲ့ ဘုန်းမောက်အသင်း

ဘုန်းမောက်အသင်းဟာ ဗဟိုနောက်ခံလူ နသန်အကီအတွက် မန်စီးတီးအသင်းက ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းတာကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ဟော်လန်လက်ရွေးစင်ကစားသမားဟာ အခု မန်စီးတီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးနေပြီဖြစ်ပြီး လာမယ့် ရက်အတွင်းမှာ ကြေညာချက်ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခြင်းခံထားရတာကနေ လွတ်မြောက်လာတဲ့ မန်စီးတီးအသင်းဟာ အစောပိုင်းကတည်းက အပြောင်းအရွှေ့မှာ လှုပ်ရှားနေတာဖြစ်ပြီး ဗလင်စီယာတောင်ပံကစားသမား ဖာရန်တောရက်စ်ကိုလည်း ပေါင် ၂၁ သန်းနဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ် နသန်အကီဟာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ သွားရောက်ကစားကတည်းက ဘုန်းမောက်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ၂၀၁၇ ခုနှစ်က အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

ဘုန်းမောက်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ပြောင်းရွှေ့ကြေး ၂ ဆကို တန်းဆင်းသွားတဲ့ ဘုန်းမောက်အသင်းက နသန်အကီအတွက် ရရှိမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက ကွန်ပနီ ကို ဆုံးရှုံးခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ နသန်အကီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။အသင်းရဲ့ နောက်ခံလူ လေးယောက်နေရာကို ကွင်းလယ်ခံစစ်ကစားသမား ဖာနန်ဒင်ဟို က ဝင်ရောက်ကစားနေတာဖြစ်ပြီး နသန်အကီ ရောက်လာရင် လာပေါ်တေး နဲ့ တွဲကစားရမှာ ဖြစ်ပါတယ်။

နသန္အကီအတြက္ မန္စီးတီးက ေပါင္ ၄၁ သန္းနဲ႔ ကမ္းလွမ္းတာကို လက္ခံလိုက္တဲ့ ဘုန္းေမာက္အသင္း

ဘုန္းေမာက္အသင္းဟာ ဗဟိုေနာက္ခံလူ နသန္အကီအတြက္ မန္စီးတီးအသင္းက ေပါင္ ၄၁ သန္းနဲ႔ ကမ္းလွမ္းတာကို လက္ခံလိုက္ျပီျဖစ္ပါတယ္။ ေဟာ္လန္လက္ေရြးစင္ကစားသမားဟာ အခု မန္စီးတီးအသင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ ေဆြးေႏြးေနျပီျဖစ္ျပီး လာမယ့္ ရက္အတြင္းမွာ ေၾကညာခ်က္ထုတ္ျပန္ဖြယ္ရွိေနပါတယ္။

ခ်န္ပီယံလိဂ္၀င္ခြင့္ ပိတ္ပင္ျခင္းခံထားရတာကေန လြတ္ေျမာက္လာတဲ့ မန္စီးတီးအသင္းဟာ အေစာပိုင္းကတည္းက အေျပာင္းအေရႊ႕မွာ လႈပ္ရွားေနတာျဖစ္ျပီး ဗလင္စီယာေတာင္ပံကစားသမား ဖာရန္ေတာရက္စ္ကိုလည္း ေပါင္ ၂၁ သန္းနဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။အသက္ ၂၅ ႏွစ္အရြယ္ နသန္အကီဟာ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ သြားေရာက္ကစားကတည္းက ဘုန္းေမာက္အသင္းမွာ ေျခစြမ္းျပေနသူျဖစ္ျပီး ၂၀၁၇ ခုႏွစ္က အျပီးသတ္ေျပာင္းေရႊ႕ခဲ့ပါတယ္။

ဘုန္းေမာက္ကို ေပါင္သန္း ၂၀ နဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ ေျပာင္းေရႊ႕ေၾကး ၂ ဆကို တန္းဆင္းသြားတဲ့ ဘုန္းေမာက္အသင္းက နသန္အကီအတြက္ ရရွိမွာ ျဖစ္ပါတယ္။ျပီးခဲ့တဲ့ရာသီအကုန္ကတည္းက ကြန္ပနီ ကို ဆံုးရႈံးခဲ့တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ နသန္အကီကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။အသင္းရဲ႕ ေနာက္ခံလူ ေလးေယာက္ေနရာကို ကြင္းလယ္ခံစစ္ကစားသမား ဖာနန္ဒင္ဟို က ၀င္ေရာက္ကစားေနတာျဖစ္ျပီး နသန္အကီ ေရာက္လာရင္ လာေပၚေတး နဲ႔ တြဲကစားရမွာ ျဖစ္ပါတယ္။