အားလပ်ရက်တွေမှာ လူမှုရေးအလုပ်တွေ ဆက်လုပ်နေတဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီး ယူရိုပါလိဂ်ပြိုင်ပွဲမကစားရသေးခင်မှာ လူမှုရေး အလုပ်တွေကို ဆက်လုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ရက်ရှ်ဖို့ဒ်ဟာ ကျောင်းနေအရွယ် ကလေးတွေအတွက် ထောက်ပံမှုရဖို့အတွက် ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပြီး သူရဲ့ဦးဆောင်မှုကြောင့် ဗြိတိန်အစိုးရအနေနဲ့ ထောက်ပံမှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ အားနည်းချက်ရှိနေတဲ့ကလေးသူငယ်တွေအတွက် ပေါင်သန်း ၂၀ အထိထောက်ပံမှာဖြစ်ပြီး ရက်ရှ် ဖို့ဒ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဆာလောင်မှုတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ FareShare မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ပုံကို သူရဲ့ အင်စ တာဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖို့ဒ်က ဒီအဖွဲ့အစည်းမှာလုပ်ကိုင်နေတဲ့ဝန်ထမ်းတွေနဲ့ လုပ်အားပေးတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

လူမှုရေးလုပ်ငန်းတွေမှာ ဦးဆောင်လှုပ်ရှားခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ချက်စတာတက္ကသိုလ်ကချီးမြင့်တဲ့ဂုဏ်ထူး ဆောင်ဆုကို ရရှိခဲ့သလို အားကစားလောကရဲ့ပုဂ္ဂိုလ်ရေး ဆုတံဆိပ်ရရှိဖို့အတွက်ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဒါအပြင် ရက်ရှ်ဖို့ဟာ အမေရိကန်ရက်ပ်သီချင်းအဆိုတော် ဂျေဇက်နဲ့တွဲပြီးလည်း အမေရိကန်မှာ ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာတက္ကသိုလ်ရဲ့ ဥက္ကဌနဲ့ အဓိပတိဖြစ်တဲ့ ပါမောက္ခဒိန်းနန်စီရော့ဝဲလ်က “ ရက်ရှ်ဖို့ဒ် ကဘောလုံးနဲ့ ပတ်သက် ပြီး သူရဲ့ထူးချွန်မှုကို ပြနိုင်ခဲ့တဲ့လူငယ်တစ်ဦးဖြစ်သလို ဘဝမှာလည်း အရည်အချင်း ပြည့်ဝတဲ့ သူတစ်ဦးဆိုတာကို သက် သေပြနိုင်ခဲ့ပါတယ်။ အသက်ငယ်သေးပေမယ့် လူမှုရေးလုပ်ငန်းတွေပါဝင်လုပ်ကိုင်ပြီး သူရဲ့ကြီးမားတဲ့ပုံရိပ်ကို တည်ထောင် နိုင်တဲ့သူပါ” လို့ပြောခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာတက္ကသိုလ်က ချီးမြင့်တဲ့ဂုဏ်ထူးဆောင်ဆုကို အသက်အငယ် ဆုံးနဲ့ ရရှိထားသူလည်း ဖြစ်ပါတယ်။