မာရာဒိုနာနဲ့ သူရဲ့ကြားက အဖြစ်အပျက်ကိုပြောပြပြီး ချဲလ်ဆီးလူငယ်ကစားသမားတွေကို အားပေးခဲ့တဲ့ ဇိုလာ
ချဲလ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇိုလာက အသင်းမှာရှိတဲ့လူငယ်ကစားသမားတွေအနေနဲ့ ပြောင်းရွှေ့ ကြေးမြင့်မားစွာနဲ့ အသင်းကို ရောက်လာခဲ့တဲ့ တီမိုဝါနာနဲ့ ဇီယက်တို့ိကို ကြောက်လန့်မနေဘဲ ကိုယ်အလုပ်ကိုယ်လုပ်ဖို့ကို နာပိုလီအသင်းမှာ ရှိခဲ့စဉ်တုန်းက မာရာဒိုနာနဲ့သူအကြား ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့နှိုင်းယှဉ်ပြီး တိုက်တွန်းပြောဆိုခဲ့ပါ တယ်။ ဇိုလာဟာ နာပိုလီအသင်းမှာ မာရာဒိုနာနဲ့ ၂နှစ်လောက်လက်တွဲခဲ့ကစားခဲ့ဖူးပေမယ့် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ နေ့တိုင်းအတူတူ မလုပ်ခဲ့ဖူးဘူးလို့ ပြောခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ၁၂ လကြာ လူဝယ်ယူမှုပိတ်ပင်ခံခဲ့ရပြီးနောက် တီမိုဝါနာကို ပေါင် ၅၃ သန်း၊ ဇီယက်ကို ပေါင် ၃၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။နည်းပြလမ်းပတ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကိုင်ဟာဗက်ဇ်နဲ့ ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ထပ်ပြီးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ဒါကြောင့် ချဲလ်ဆီးမှာလူငယ်ကစားသမားတွေအနေနဲ့ ပွဲထွက် ကစားခွင့်ရဖို့ အခွင့်အရေးနည်းပါးတယ်ဆိုပြီး သတင်းတွေကဖော်ပြနေကြတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဇိုလာက “ သူအနေနဲ့ နာပိုလီမှာကစားခဲ့တုန်းက နာမည်ကြီးက စားသမားဖြစ်တဲ့ မာရာဒိုနာနဲ့ အတူ ၂ နှစ်လောက်တွဲကစားခွင့်ရခဲ့ပေမယ့် နေ့တိုင်းအတူတွဲပြီး လေ့ကျင့်ခဲ့တာမျိုးတွေမရှိ ဘူးလို့ပြောခဲ့ ပါတယ်။ ၁၉၉၆ ခုနှစ်က ပါးမားကနေချဲလ်ဆီးကို ပေါင် ၄.၅သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ဇိုလာဟာ အင်္ဂလိပ်ဘောလုံး ကို ပြောင်းလဲမှုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဇိုလာက အသင်းဖော်ဟောင်းလမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းကို လူငယ်တွေနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက် ထားနိုင်တဲ့အတွက်လည်း ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ဇိုလာက “ ချဲလ်ဆီးအနေနဲ့ ဟာဇက်လို ကစားသမားမျိုးကို ဆုံးရှုံးခဲ့ရ တယ်ဆိုပေမယ့် လူငယ်ကစားသမားတွေကိုနေရာပေးပြီး ချန်ပီယံလိဂ်ကစားခွင့်ရအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။အသင်း ရဲ့ အနေအထားအရ ဆုဖလားတွေရယူနိုင်ဖို့လိုအပ်ပါတယ်” လို့လည်းပြောခဲ့ပါတယ်။
zawgyi version