မက်ဂွိုင်းယားက စတိဗ်ဘရုစ်၊ ရွိုင်ကိန်းတို့လို အသင်းကို ဦးဆောင်နိုင်တဲ့ပုံစံ မဟုတ်ဘူးလို့ ကစားသမားဟောင်း ပယ်လစ္စတာ ပြောဆို

ယူနိုက်တက်ကစားသမားဟောင်း ပယ်လစ္စတာက လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ပြောင်းရွှေ့လာပြီးနောက် အသင်း မှာ အသင်းခေါင်းဆောင်အဖြစ် ကစားနေတဲ့ မက်ဂွိုင်းယားအနေနဲ့ အရင်က အသင်းကိုဦးဆောင်ကစားနိုင်တဲ့ စတိဗ်ဘရုစ်၊ ရွိုင်ကိန်းတို့လိုမျိုး ကစားသမားမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းကအသင်းခေါင်းဆောင် ဖြစ်တဲ့အက်ရှလေယန်းအနေနဲ့ အင်တာကိုပြောင်းရွှေ့သွားပြီးနောက်မှာ မက်ဂွိုင်းယားဟာ ယူနိုက်တက် အသင်းခေါင်း ဆောင်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ပယ်လစ္စတာက အသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်စတာနဲ့ ကစားခဲ့တဲ့ရာသီပိတ်ပွဲစဉ်မှာ မက်ဂွိုင်းယားရဲ့အသင်းအပေါ် ဦးဆောင်မှုကိုကြည့်ပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။ MUTV ကနေတဆင့် ပယ်လစ္စတာက “ မက်ဂွိုင်းယားက သူရဲ့နေရာအတွက်တော့ ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ယူနိုက်တက်အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဘရွိုင်ယန်ရော်ဆင်၊စတိဗ်ဘရုစ်နဲ့ ရွိုင်ကိန်းတို့လိုမျိုးတော့ အသင်း ကို မဦးဆောင်နိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ်ရရှိခဲ့တဲ့ ပယ်လစ္စတာဟာ ကစားသမားဘဝတုန်းက ဗဟို နောက်ခံလူတစ်ဦးဖြစ်ပြီး လက်ရှိယူနိုက်တက်အသင်းရဲ့နောက်ခံလူတစ်ဦးဖြစ်တဲ့လင်ဒီလော့ဖ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပါ တယ်။ပယ်လစ္စတာက “ လင်ဒီလော့ဖ်အနေနဲ့ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။သူဟာ မက်ဂွိုင်းယားရဲ့ လွှမ်းမိုးခြင်းမခံထားရဘဲ သူအတွက်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒီဂီယာအနေနဲ့ ပုံမှန်လက်စွမ်းမပြနိုင်မှုကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့် မက် ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ခံစစ်အတွဲကြောင့် ယူနိုက်တက်အနေနဲ့ ရလဒ်တွေကောင်းခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သြဂုတ်လ ၅ ရက်နေ့မှာတော့ ယူရိုပါလိဂ်ရှုံးထွက် ၁၆သင်း အဆင့် မှာ ပထမအကျော့က ငါးဂိုးပြတ်အနိုင်ရခဲ့တဲ့ လက်ခ်လင့်ဇ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

မက္ဂြိဳင္းယားက စတိဗ္ဘ႐ုစ္၊ ရြိဳင္ကိန္းတို႔လို အသင္းကို ဦးေဆာင္ႏိုင္တဲ့ပံုစံ မဟုတ္ဘူးလို႔ ကစားသမားေဟာင္း ပယ္လစၥတာ ေျပာဆို

ယူႏိုက္တက္ကစားသမားေဟာင္း ပယ္လစၥတာက လက္စတာကေန ေပါင္သန္း ၈၀ နဲ႔ေျပာင္းေရႊ႕လာၿပီးေနာက္ အသင္း မွာ အသင္းေခါင္းေဆာင္အျဖစ္ ကစားေနတဲ့ မက္ဂြိဳင္းယားအေနနဲ႔ အရင္က အသင္းကိုဦးေဆာင္ကစားႏိုင္တဲ့ စတိဗ္ဘ႐ုစ္၊ ရြိဳင္ကိန္းတို႔လိုမ်ိဳး ကစားသမားမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းကအသင္းေခါင္းေဆာင္ ျဖစ္တဲ့အက္ရွေလယန္းအေနနဲ႔ အင္တာကိုေျပာင္းေရႊ႕သြားၿပီးေနာက္မွာ မက္ဂြိဳင္းယားဟာ ယူႏိုက္တက္ အသင္းေခါင္း ေဆာင္ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ပယ္လစၥတာက အသင္းအတြက္အေရးႀကီးတဲ့ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လက္စတာနဲ႔ ကစားခဲ့တဲ့ရာသီပိတ္ပြဲစဥ္မွာ မက္ဂြိဳင္းယားရဲ႕အသင္းအေပၚ ဦးေဆာင္မႈကိုၾကည့္ၿပီး ေျပာခဲ့တာပဲျဖစ္ပါတယ္။ MUTV ကေနတဆင့္ ပယ္လစၥတာက “ မက္ဂြိဳင္းယားက သူရဲ႕ေနရာအတြက္ေတာ့ ထူးခြ်န္တဲ့ကစားသမားတစ္ေယာက္ပါ။ ဒါေပမယ့္ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေတြျဖစ္တဲ့ ဘရြိဳင္ယန္ေရာ္ဆင္၊စတိဗ္ဘ႐ုစ္နဲ႔ ရြိဳင္ကိန္းတို႔လိုမ်ိဳးေတာ့ အသင္း ကို မဦးေဆာင္ႏိုင္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ ၄ ႀကိမ္ရရွိခဲ့တဲ့ ပယ္လစၥတာဟာ ကစားသမားဘဝတုန္းက ဗဟို ေနာက္ခံလူတစ္ဦးျဖစ္ၿပီး လက္ရွိယူႏိုက္တက္အသင္းရဲ႕ေနာက္ခံလူတစ္ဦးျဖစ္တဲ့လင္ဒီေလာ့ဖ္ကို ခ်ီးက်ဴးမႈေတြျပဳလုပ္ခဲ့ပါ တယ္။ပယ္လစၥတာက “ လင္ဒီေလာ့ဖ္အေနနဲ႔ ဒီရာသီမွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။သူဟာ မက္ဂြိဳင္းယားရဲ႕ လႊမ္းမိုးျခင္းမခံထားရဘဲ သူအတြက္အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ခဲ့တယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
ဒီရာသီမွာ ယူႏိုက္တက္အသင္းရဲ႕ဂိုးသမား ဒီဂီယာအေနနဲ႔ ပံုမွန္လက္စြမ္းမျပႏိုင္မႈေၾကာင့္ ေဝဖန္မႈေတြခံခဲ့ရေပမယ့္ မက္ ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ခံစစ္အတြဲေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ရလဒ္ေတြေကာင္းခဲ့ၿပီး ရာသီကုန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကိုရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ၾသဂုတ္လ ၅ ရက္ေန႔မွာေတာ့ ယူ႐ိုပါလိဂ္ရႈံးထြက္ ၁၆သင္း အဆင့္ မွာ ပထမအေက်ာ့က ငါးဂိုးျပတ္အႏိုင္ရခဲ့တဲ့ လက္ခ္လင့္ဇ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။