ချဲလ်ဆီးအတွက် နောက်ထပ်မကစားရတော့မှာကို ကြောက်လန့်နေတဲ့ ဂိုးသမားကီပါ

ဒီရာသီမှာ လက်စွမ်းကျဆင်းမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ချဲလ်ဆီးဂိုးသမားကီပါက အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ နည်းပြလမ်းပတ်အနေနဲ့ ဂိုးသမားကာဘယ်လီရိုကို အသုံးပြုဖို့ရှိ နေတာကြောင့် ချဲလ်ဆီးအ တွက် သူအနေနဲ့ နောက်ထပ်ပွဲကစားခွင့်မရတော့မှာကို ကြောက်လန့်နေကြောင်း ပြောခဲ့ပါတယ်။ဘီလ်ဘာအို ကနေ ကမ္ဘာ့ ဈေးအကြီးဆုံး ဂိုးသမားစံချိန်နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ကီပါဟာ လက်စွမ်းကျဆင်းမှုတွေကြောင့် အသင်းပြောင်းဖို့ သတင်းတွေ ထွက်နေသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲပြီးရင် ဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိဂ်ရှုံးထွက် ၁၆သင်း အဆင့်ဒုတိယအကျော့ပွဲစဉ်ကစားဖို့ရှိနေပေမယ့် ပထမအကျော့က သုံးဂိုးပြတ်နဲ့ ရှုံးထားတာကြောင့် နောက်တစ်ဆင့်တက် ဖို့ မျှော်လင့်ချက်နည်းနေတာပဲ ဖြစ်ပါတယ်။ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့ နွေရာသီအ ပြောင်းအရွှေ့မှာလုပ်ဆောင်နေပြီး ကီပါရဲ့နေရာအတွက်လည်း ဂိုးသမားသစ်ခေါ်ယူဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အက်သလက်တီကိုဂိုးသမားအောဘလက်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဘန်လေဂိုးသ မားနစ်ခ်ပုတ်၊ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းကခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဒေါ့မွန်ဂိုးသမား ဘာကီက သက်ဆိုင်ရာအသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်လိုက်တာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လီဗာပူးကို ငါးဂိုးသုံးဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ကီပါရဲ့စွမ်းဆောင်ရည်က ပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ကီပါဟာ အစောပိုင်းတုန်းက လက်စွမ်းပြနိုင်ခဲ့ပေမယ့် ချဲလ်ဆီးနည်းပြအဖြစ်လမ်းပတ်ဖြစ်လာချိန်မှာတော့ ပုံမှန်လက်စွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရ တာဖြစ်ပါတယ်။ အချက်အလက်စစ်တမ်းတွေကောက်ယူတဲ့သတင်းဌာနရဲ့ကတော့ ကီပါဟာ ဥရောပထိပ်သီး လိဂ်၅ ခုရဲ့ အဓိက,ဂိုးသမားတွေထဲမှာ စွမ်းဆောင်ရည်အဆိုးရွားဆုံးကစားသမားအဖြစ် ဖော်ပြထားခံရပါတယ်။

 

zawgyi version

ခ်ဲလ္ဆီးအတြက္ ေနာက္ထပ္မကစားရေတာ့မွာကို ေၾကာက္လန္႔ေနတဲ့ ဂိုးသမားကီပါ

ဒီရာသီမွာ လက္စြမ္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္ခံေနရတဲ့ ခ်ဲလ္ဆီးဂိုးသမားကီပါက အက္ဖ္ေအဖလားဗိုလ္လုပြဲအျဖစ္ ကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွာ နည္းျပလမ္းပတ္အေနနဲ႔ ဂိုးသမားကာဘယ္လီ႐ိုကို အသံုးျပဳဖို႔ရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအ တြက္ သူအေနနဲ႔ ေနာက္ထပ္ပြဲကစားခြင့္မရေတာ့မွာကို ေၾကာက္လန္႔ေနေၾကာင္း ေျပာခဲ့ပါတယ္။ဘီလ္ဘာအို ကေန ကမ႓ာ့ ေစ်းအႀကီးဆံုး ဂိုးသမားစံခ်ိန္နဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့တဲ့ ကီပါဟာ လက္စြမ္းက်ဆင္းမႈေတြေၾကာင့္ အသင္းေျပာင္းဖို႔ သတင္းေတြ ထြက္ေနသူလည္း ျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ အာဆင္နယ္နဲ႔ကစားမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲၿပီးရင္ ဘိုင္ယန္ျမဴးနစ္နဲ႔ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆သင္း အဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကစားဖို႔ရွိေနေပမယ့္ ပထမအေက်ာ့က သံုးဂိုးျပတ္နဲ႔ ရႈံးထားတာေၾကာင့္ ေနာက္တစ္ဆင့္တက္ ဖို႔ ေမွ်ာ္လင့္ခ်က္နည္းေနတာပဲ ျဖစ္ပါတယ္။ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ အသင္းကိုေျပာင္းလဲမႈျပဳလုပ္ဖို႔ ေႏြရာသီအ ေျပာင္းအေရႊ႕မွာလုပ္ေဆာင္ေနၿပီး ကီပါရဲ႕ေနရာအတြက္လည္း ဂိုးသမားသစ္ေခၚယူဖို႔လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္သလက္တီကိုဂိုးသမားေအာဘလက္ခ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ၿပီး ဘန္ေလဂိုးသ မားနစ္ခ္ပုတ္၊ဘိုင္ယန္ျမဴးနစ္ဂိုးသမား ႏူအာတို႔ကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အေစာပိုင္းတုန္းကေခၚယူဖို႔ စိတ္ဝင္စားခဲ့တဲ့ ေဒါ့မြန္ဂိုးသမား ဘာကီက သက္ဆိုင္ရာအသင္းနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္လိုက္တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ေခၚယူႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။
လီဗာပူးကို ငါးဂိုးသံုးဂိုးနဲ႔ ရႈံးတဲ့ပြဲမွာ ကီပါရဲ႕စြမ္းေဆာင္ရည္က ေျပာစရာျဖစ္ခဲ့တာျဖစ္ပါတယ္။ကီပါဟာ အေစာပိုင္းတုန္းက လက္စြမ္းျပႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနည္းျပအျဖစ္လမ္းပတ္ျဖစ္လာခ်ိန္မွာေတာ့ ပံုမွန္လက္စြမ္းျပႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရ တာျဖစ္ပါတယ္။ အခ်က္အလက္စစ္တမ္းေတြေကာက္ယူတဲ့သတင္းဌာနရဲ႕ကေတာ့ ကီပါဟာ ဥေရာပထိပ္သီး လိဂ္၅ ခုရဲ႕ အဓိက,ဂိုးသမားေတြထဲမွာ စြမ္းေဆာင္ရည္အဆိုးရြားဆံုးကစားသမားအျဖစ္ ေဖာ္ျပထားခံရပါတယ္။