အက်ဖ်အေဖလားချန်ပီယံအနေနဲ့ ဝင်ဘလေစင်မြင့်ပေါ်တက်ပြီး ဆုလက်ခံရမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေ ပြောကြား

လာမယ့်စနေနေ့မှာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲ အနိုင်ရခဲ့တဲ့အသင်းအနေနဲ့ ချန်ပီယံ ဆုကို အရင်နှစ်တွေကလို ဝင်ဘလေကွင်းရဲ့စင်မြင့်ကို တက်ပြီး ဆုဖလားကိုင်မြောက်မှု ပြုလုပ်ရမှာမဟုတ်လို့ တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဝင်ဘလေကွင်းအတွင်းရှိ တော်ဝင်မိသားစုတွေအတွက်သာ အသုံးပြုရတဲ့ ဧရိယာကို ပိတ်ထားတာကြောင့် ချန်ပီယံဖြစ်တဲ့အသင်းဟာ ကွင်းအတွင်းမှာပဲ အောင်ပွဲခံလို့ရမှာဖြစ်ပါတယ်။

ချန်ပီယံဖြစ်သွားတဲ့အသင်းရဲ့ခေါင်းဆောင်အနေနဲ့ စင်မြင့်တစ်ခုပေါ်တက်ပြီး ဆုလက်ခံရယူရတာဟာ ပုံမှန်ပြုလုပ်နေတဲ့ အောင်ပွဲခံအခမ်းအနားပုံစံမျိုးမဟုတ်ဘူးလို့လည်း ဒီလအစောပိုင်းတုန်းက Sportsmail က အတည်ပြုပြောကြားခဲ့ပါတယ်။ အက်ဖ်အေဖလားချန်ပီယံဖြစ်တဲ့အသင်းကိုတော့ ဗြိတိန်မင်းသား ဝီလျံက ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ခြင်းကနေတဆင့် ဆု ဖလားပေးအပ်မယ်လို့ သိရပါတယ်။

အက်ဖ်အေဥက္ကဌက ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သတ်မှတ်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတိုင်း လိုက်နာဖို့ အခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ပြောခဲ့ပြီး ဝင်ဘလေကွင်းမှာ ကင်မရာပေါင်းများစွာတပ်ဆင်ပြီးအောင်ပွဲခံ အခမ်းအနားပြုလုပ်မှာပါလို့ ပြောခဲ့ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲရဲ့သီချင်းကတော့ ဗြိတိန်အဆိုတော် အီမီလီဆန်ဒီ ရဲ့ Abide With Me သီချင်းပဲ ဖြစ်ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲကိုတော့ လန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီနှစ်သင်းဟာ ဆီမီးဖိုင်နယ်တုန်းက မန်ချက်စတာမြို့ခံနှစ်သင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီရာသီပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ကစားခွင့်ရခဲ့တဲ့ ချဲလ်ဆီးထက် အဆင့်-၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်က ချန်ပီယံဖြစ်ဖို့ ဖိအားပိုများနေပြီး အက်ဖ်အေဖလားမှာ ဗိုလ်စွဲမှသာ အာဆင်နယ်အနေနဲ့ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲကို ကစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

zawgyi version

အက္ဖ္ေအဖလားခ်န္ပီယံအေနနဲ႔ ဝင္ဘေလစင္ျမင့္ေပၚတက္ၿပီး ဆုလက္ခံရမွာမဟုတ္ဘူးလို႔ တာဝန္ရွိသူေတြ ေျပာၾကား

လာမယ့္စေနေန႔မွာ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ ကစားမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲ အႏိုင္ရခဲ့တဲ့အသင္းအေနနဲ႔ ခ်န္ပီယံ ဆုကို အရင္ႏွစ္ေတြကလို ဝင္ဘေလကြင္းရဲ႕စင္ျမင့္ကို တက္ၿပီး ဆုဖလားကိုင္ေျမာက္မႈျပဳလုပ္ရမွာမဟုတ္လို႔ တာဝန္ရွိသူ ေတြက ေျပာၾကားခဲ့ပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ဝင္ဘေလကြင္းအတြင္းရွိ ေတာ္ဝင္မိသားစုေတြအတြက္သာ အသံုးျပဳရတဲ့ ဧရိယာကို ပိတ္ထားတာေၾကာင့္ ခ်န္ပီယံျဖစ္တဲ့အသင္းဟာ ကြင္းအတြင္းမွာပဲ ေအာင္ပြဲခံလို႔ရမွာျဖစ္ပါတယ္။
ခ်န္ပီယံျဖစ္သြားတဲ့အသင္းရဲ႕ေခါင္းေဆာင္အေနနဲ႔ စင္ျမင့္တစ္ခုေပၚတက္ၿပီး ဆုလက္ခံရယူရတာဟာ ပံုမွန္ျပဳလုပ္ေနတဲ့ ေအာင္ပြဲခံအခမ္းအနားပံုစံမ်ိဳးမဟုတ္ဘူးလို႔လည္း ဒီလအေစာပိုင္းတုန္းက Sportsmail က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အက္ဖ္ေအဖလားခ်န္ပီယံျဖစ္တဲ့အသင္းကိုေတာ့ ၿဗိတိန္မင္းသား ဝီလ်ံက ဗီဒီယိုတိုက္႐ိုက္ထုတ္လႊင့္ျခင္းကေနတဆင့္ ဆု ဖလားေပးအပ္မယ္လို႔ သိရပါတယ္။
အက္ဖ္ေအဥကၠဌက ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သတ္မွတ္ထားတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားအတိုင္း လိုက္နာဖို႔ အခုလိုလုပ္ေဆာင္ရတာျဖစ္တယ္လို႔ေျပာခဲ့ၿပီး ဝင္ဘေလကြင္းမွာ ကင္မရာေပါင္းမ်ားစြာတပ္ဆင္ၿပီးေအာင္ပြဲခံ အခမ္းအနားျပဳလုပ္မွာပါလို႔ ေျပာခဲ့ပါတယ္။ အက္ဖ္ေအဖလားဗိုလ္လုပြဲရဲ႕သီခ်င္းကေတာ့ ၿဗိတိန္အဆိုေတာ္ အီမီလီဆန္ဒီ ရဲ႕ Abide With Me သီခ်င္းပဲ ျဖစ္ပါတယ္။
အက္ဖ္ေအဖလားဗိုလ္လုပြဲကိုေတာ့ လန္ဒန္ၿမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ဒီႏွစ္သင္းဟာ ဆီမီးဖိုင္နယ္တုန္းက မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါ တယ္။ ဒီရာသီပရီးမီးယားလိဂ္ကေန ခ်န္ပီယံလိဂ္ကစားခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီးထက္ အဆင့္-၈ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တဲ့ အာဆင္နယ္က ခ်န္ပီယံျဖစ္ဖို႔ ဖိအားပိုမ်ားေနၿပီး အက္ဖ္ေအဖလားမွာ ဗိုလ္စြဲမွသာ အာဆင္နယ္အေနနဲ႔ လာမယ့္ရာသီမွာ ဥေရာပၿပိဳင္ပြဲကို ကစားခြင့္ရရွိမွာပဲ ျဖစ္ပါတယ္။