ကာဗာနီ ကို ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားလာလို့ လိဒ်ယူနိုက်တက်အသင်းလက်လွှတ်ရတော့မှာလား

ကာဗာနီကို ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားလာလို့ လိဒ်ယူနိုက်တက်အသင်းအတွက် ပိုပြီး ခက်ခဲဖွယ်ရှိနေပါတယ်။(၇) နှစ်ကြာကစားပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရနိုင်ပြီး ဘင်ဖီကာ ကို ပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ တစ်ချိန်က နာမည်ကျော် လိဒ်ယူနိုက်တက်အသင်းဟာ ကာဗာနီကို ခေါ်ယူရန် ရည်ရွယ်ထားပေမယ့် ဘင်ဖီကာ အသင်းက ပိုပြီး ရေပန်းစားနေပါတယ်။သို့သော်လည်း ပြင်သစ်သတင်းစာ Le10Sport က အဆိုအရ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း ကာဗာနီကို မျက်စိကျလာနေတယ်လို့ သိရပါတယ်။

ဂျာမန်ကလပ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ပြီးပြည့်စုံတဲ့ အရန်တိုက်စစ်မှူး တစ်ယောက်ရှာဖွေနေတာ ဖြစ်ပါတယ်။ ကာဗာနီရဲ့ အကိုတစ်ဝမ်းကွဲဖြစ်သူကလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ စကားပြောပြီးပြီလို့ သိရပါတယ်။ ဥရုဂွေးအသင်းအတွက ်(၁၁၆) ပွဲကစားထားတဲ့ ကာဗာနီကို ခေါ်ယူရမယ့်အသင်းတွေဟာ သူ့ရဲ့ တစ်ပတ်လစာ ပေါင် ၂ သိန်းကို ပေးရဖွယ်ရှိနေတာဖြစ်ပါတယ်။ ကာဗာနီဟာ လီဂူး ၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၃၀၁) ပွဲကစားထားပြီး ဂိုး (၂၀၀) သွင်းပေးထားပါတယ်။ သူဟာ နာပိုလီအသင်းအတွက်လည်း (၁၃၈) ပွဲကစားထားပြီး (၁၀၄) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ကာဗာနီ ကို ဘိုင္ယန္ျမဴးနစ္အသင္းကပါ စိတ္၀င္စားလာလို႔ လိဒ္ယူႏုိက္တက္အသင္းလက္လႊြတ္ရေတာ့မွာလား

ကာဗာနီကို ဘိုင္ယန္ျမဴးနစ္အသင္းကပါ စိတ္၀င္စားလာလို႔ လိဒ္ယူႏိုက္တက္အသင္းအတြက္ ပိုျပီး ခက္ခဲဖြယ္ရွိေနပါတယ္။(၇) ႏွစ္ၾကာကစားျပီးေနာက္ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးခဲ့တဲ့ ဥရုေဂြးတိုက္စစ္မွဴးဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ ရႏိုင္ျပီး ဘင္ဖီကာ ကို ေျပာင္းေရႊ႕ဖြယ္ရွိေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ တစ္ခ်ိန္က နာမည္ေက်ာ္ လိဒ္ယူႏုိက္တက္အသင္းဟာ ကာဗာနီကို ေခၚယူရန္ ရည္ရြယထားေပမယ့္ ဘင္ဖီကာ အသင္းက ပိုျပီး ေရပန္းစားေနပါတယ္။သို႔ေသာ္လည္း ျပင္သစ္သတင္းစာ Le10Sport က အဆိုအရ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ကာဗာနီကုိ မ်က္စိက်လာေနတယ္လို႔ သိရပါတယ္။

ဂ်ာမန္ကလပ္အသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး လီ၀န္ေဒါစကီးအတြက္ ျပီးျပည့္စံုတဲ့ အရန္တိုက္စစ္မွဴး တစ္ေယာက္ရွာေဖြေနတာ ျဖစ္ပါတယ္။ ကာဗာနီရဲ႕ အကိုတစ္၀မ္းကြဲျဖစ္သူကလည္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စကားေျပာျပီးျပီလို႔ သိရပါတယ္။ ဥရုေဂြးအသင္းအတြက ္(၁၁၆) ပြဲကစားထားတဲ့ ကာဗာနီကို ေခၚယူရမယ့္အသင္းေတြဟာ သူ႔ရဲ႕ တစ္ပတ္လစာေပါင္ ၂ သိန္းကို ေပးရဖြယ္ရွိေနတာျဖစ္ပါတယ္။ ကာဗာနီဟာ လီဂူး ၁ ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းအတြက္ ျပိဳင္ပြဲစံု (၃၀၁) ပြဲကစားထားျပီး ဂိုး (၂၀၀) သြင္းေပးထားပါတယ္။ သူဟာ နာပိုလီအသင္းအတါက္လည္း (၁၃၈) ပြဲကစားထားျပီး (၁၀၄) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။