အလွတ်ပြောင်းရွှေ့ကြေး ဖြစ်နေတဲ့ အိုင်ဗန်နိုဗစ် ပရီးမီးယားလိဂ်ကို ပြန်လာချင်ပေမယ့် အသက်ကြီးနေလို့ အဲဗာတန်အသင်းက စိတ်မဝင်စား

အဲဗာတန်အသင်းဟာ ချဲလ်ဆီးနောက်ခံလူဟောင်း အန်ဗန်နိုဗစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မပါဝင်ပါဘူး။ အသက် ၃၆ နှစ်အရွယ်ကစားသမားကို ချဲလ်ဆီးနည်းပြဟောင်း အန်စလော့တီက နှစ်သက်ပေမယ့် အဲဗာတန်နည်းပြဟာ ကွင်းလယ်မှာပါ ကစားနိုင်တဲ့ နောက်ခံလူကို ရှာဖွေနေတာဖြစ်ပါတယ်။

ဇင်းနစ်အသင်းမှာ ဒီရာသီ (၃၅) ပွဲကစားပြီး (၅) ဂိုးသွင်းထားတဲ့ အိုင်ဗန်နိုဗစ်ဟာ ဇင်းနစ်က ထွက်ခွာလာပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ကစားသမား တစ်ယောက်ပါ။သူ့ကို မကြာသေးခင်တုန်းက ဂွတ်ဆင်ပတ်ခ် က ဆက်သွယ်ခဲ့ပြီး ကစားသမားကလည်း အင်္ဂလန်ကို ပြန်သွားချင်ပေမယ့် အဲဗာတန်အသင်းက ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်တဲ့ လူငယ်ကစားသမားတစ်ယောက်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အိုင်ဗန်နိုဗစ်ဟာ အခုအချိန်အထိ အကောင်းဆုံးအနေအထားမှာ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်နေတာပါ။ သူ့ကို ပြည်ပက အသင်းတော်တော်များများက ကမ်းလှမ်းထားပေမယ့် သူဟာ သူ့အိမ်ရှိတဲ့ အင်္ဂလန် ရဲ့ လန်ဒန်ကိုပဲသွားချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်းဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာ ကစားသမားဘ၀ တစ်လျှောက်လုံး အချိန်တော်တော်များများ ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းအတွက် (၃၇၇) ပွဲကစားထားပြီး (၃၄) ဂိုး သွင်းပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဇင်းနစ်ကို ပြောင်းခဲ့ပြီး ရုရှားအမှတ်ပေးလိဂ် (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အိုင်ဗန်နိုဗစ်ဟာ ဇင်းနစ်မှာလည်း ပွဲပေါင်း (၁၁၂) ပွဲ ကစားခဲ့ပြီး (၁၂) ဂိုးသွင်းပေးခဲ့ပါတယ်။

အလြတ္ေျပာင္းေရႊ႕ေၾကး ျဖစ္ေနတဲ့ အိုင္ဗန္ႏိုဗစ္ ပရီးမီးယားလိဂ္ကို ျပန္လာခ်င္ေပမယ့္ အသက္ၾကီးေနလို႔ အဲဗာတန္အသင္းက စိတ္မ၀င္စား

အဲဗာတန္အသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း အန္ဗန္ႏိုဗစ္ကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္းေတြထဲမွာ မပါ၀င္ပါဘူး။ အသက္ ၃၆ ႏွစ္အရြယ္ကစားသမားကို ခ်ဲလ္ဆီးနည္းျပေဟာင္း အန္စေလာ့တီက ႏွစ္သက္ေပမယ့္ အဲဗာတန္နည္းျပဟာ ကြင္းလယ္မွာပါ ကစားႏိုင္တဲ့ ေနာက္ခံလူကို ရွာေဖြေနတာျဖစ္ပါတယ္။

ဇင္းနစ္အသင္းမွာ ဒီရာသီ (၃၅) ပြဲကစားျပီး (၅) ဂိုးသြင္းထားတဲ့ အိုင္ဗန္ႏိုဗစ္ဟာ ဇင္းနစ္က ထြက္ခြာလာျပီးေနာက္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္မယ့္ ကစားသမား တစ္ေယာက္ပါ။သူ႔ကို မၾကာေသးခင္တုန္းက ဂြတ္ဆင္ပတ္ခ္ က ဆက္သြယ္ခဲ့ျပီး ကစားသမားကလည္း အဂၤလန္ကို ျပန္သြားခ်င္ေပမယ့္ အဲဗာတန္အသ္းက ဘယ္ေနာက္ခံလူေနရာမွာ ကစားႏိုင္တဲ့ လူငယ္ကစားသမားကိုပဲ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

အိုင္ဗန္ႏိုဗစ္ဟာ အခုအခ်ိန္အထိ အေကာင္းဆံုးအေနအထားမွာ ကစားႏိုင္စြမ္းရွိသူျဖစ္ျပီး ပရီးမီးယားလိဂ္မွာ ျပန္ကစားခ်င္ေနတာပါ။ သူ႔ကို ျပည္ပက အသင္းေတာ္ေတာ္မ်ားမ်ားက ကမ္းလွမ္းထားေပမယ့္ သူဟာ သူ႔အိမ္ရွိတဲ့ လန္ဒန္ ရဲ႕ အဂၤလန္ကိုပဲ သြားခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာ ကစားသမားဘ၀ တစ္ေလွ်ာက္လံုး အခ်ိန္ေတာ္ေတာ္မ်ားမ်ား ျဖတ္သန္းခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးအသင္းအတြက္ (၃၇၇) ပြဲကစားထားျပီး (၃၄) ဂိုး သြင္းေပးခဲ့သူျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက ဇင္းနစ္ကို ေျပာင္းခဲ့ျပီး ရုရွားအမွတ္ေပးလိဂ္ (၂) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အိုင္ဗန္ႏိုဗစ္ဟာ ဇင္းနစ္မွာလည္း ပြဲေပါင္း (၁၁၂) ပြဲ ကစားခဲ့ျပီး (၁၂) ဂိုးသြင္းေပးခဲ့ပါတယ္။