လီဗာပူးလ် ပစ်မှတ် သီယာဂိုအတွက် ပေါင် ၂၇ သန်း သတ်မှတ်ထားသော်လည်း အခုအချိန်အထိ ဘာကမ်းလှမ်းမှုမှ မရသေးတဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ကွင်းလယ်ကစားသမား သီယာဂိုအတွက် လီဗာပူးလ်အသင်းက ဒီနွေရာသီအပြောင်းအရွှေ့မှာ ဆွေးနွေးလို့ရအောင် တန်ကြေးသတ်မှတ်လိုက်ပါတယ်။ ၂၀၂၁ အကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ပရီးမီးယားလိဂ်ချန်ပီယံကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဂျာမန်သတင်းစာ Sport Bild က အဆိုအရ ဘွန်ဒက်စ်လီဂါ ဘီလူးအသင်းဟာ ကွင်းလယ်ကစားသမားအတွက် အနည်းဆုံး ပေါင် ၂၇ သန်းလောက်ရရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာကစားသမားဟောင်းအတွက် အခုအချိန်အထိ ဘာကမ်းလှမ်းမှုမှ မရသေးဘူး ဖြစ်ပါတယ်။
ဒီလအစောပိုင်းတုန်းက လီဗာပူးလ်အသင်းဟာ သီယာဂိုအတွက် ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လီဗာပူးလ်အသင်းဟာ သီယာဂိုအတွက် ပေါင် ၁၈ သန်းထက် ပိုပေးဖွယ်မရှိနိုင်ဘူး ဖြစ်ပါတယ်။ သီယာဂိုကလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖွယ်မရှိလို့ ဒီနွေရာသီမှာပဲ ရောင်းချဖို့ ပြင်ဆင်နေတာပါ။