ဘောလုံးသမားတစ်ယောက်၊ လူတစ်ယောက်အနေနဲ့ ဒီနှစ်မှာရှုံးခဲ့တယ်လို့ ပြောလိုက်တဲ့ယူနိုက်တက်ကစားသမား လင်ဂတ်

ယူနိုက်တက်အသင်းတောင်ပံကစားသမား လင်ဂတ်က ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကစားသမားတစ်ယောက်အနေနဲ့ ရော လူတစ်ယောက်အနေနဲ့ပါ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ လင်ဂတ်ဟာ ဒီရာသီမှာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၂၂ ပွဲကစားခွင့်ရခဲ့တယ်ဆိုပေမယ့် ၉ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လက် စတာနဲ့ပွဲမှ ဒီရာသီရဲ့တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်တောင်ပံကစားသမား လင်ဂတ်အနေနဲ့ သူရဲ့အင်စတာဂရမ်မှာတော့ “ ဘယ်တော့မှအရှုံးပေးမှာ မဟုတ် ကြောင်းနဲ့ လက်ရှိလုပ်နိုင်တာထက် ပိုကောင်းအောင်လုပ်ဆောင်သွားဖို့ ကြိုးစားသွားမယ်” လို့ပြောခဲ့ပါတယ်။လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီအစတုန်းက မိသားစုအရေးကိစ္စတွေကြောင့် စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

မတ်လက ဒါဘီနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲက ယူနိုက်တက်မှာ လင်ဂတ်အနေနဲ့ နောက်ဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ပွဲ လည်း ဖြစ်ခဲ့ပါတယ်။လင်ဂတ်က “ နည်းပြဆိုးလ်ရှားအနေနဲ့ ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကို အခုထက်ပိုပြီး အလိုရှိခဲ့ ပါတယ်။ဒါပေမယ့် ကျွန်တော်က မလုပ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ ကျွန်တော်ရဲ့မိသားစုအသင်းမှာပါ။ဒီနှစ်မှာ ကစား သမားတစ်ယောက်၊လူတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုတွေရှိခဲ့ပေမယ့် လာမယ့်နှစ်မှာ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစား သွားမှာပါ” လို့ပြောခဲ့ပါတယ်။

အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့ လုပ်ဆောင်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းကနေရောင်းချမယ့် ကစားသမားစာရင်းမှာ လင်ဂတ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။လင်ဂတ်ဟာ လူငယ်ကစားသမားဘဝကတည်း က ယူနိုက်တက်ကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူလည်းဖြစ်ပါ တယ်။ အခြားအသင်းတွေကို အဌားနဲ့ သွားရောက်ကစားခဲ့ရတယ်ဆိုပေမယ့် ၂၀၁၆ ခုနှစ်ကတည်းက ယူနိုက်တက်မှာပဲ ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

 

zawgyi version

ေဘာလံုးသမားတစ္ေယာက္၊ လူတစ္ေယာက္အေနနဲ႔ ဒီႏွစ္မွာရႈံးခဲ့တယ္လို႔ ေျပာလိုက္တဲ့ယူႏိုက္တက္ကစားသမား လင္ဂတ္

ယူႏိုက္တက္အသင္းေတာင္ပံကစားသမား လင္ဂတ္က ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ကစားသမားတစ္ေယာက္အေနနဲ႔ ေရာ လူတစ္ေယာက္အေနနဲ႔ပါ ဆံုးရႈံးမႈေတြျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ လင္ဂတ္ဟာ ဒီရာသီမွာယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ ၂၂ ပြဲကစားခြင့္ရခဲ့တယ္ဆိုေပမယ့္ ၉ ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ လက္ စတာနဲ႔ပြဲမွ ဒီရာသီရဲ႕တစ္လံုးတည္းေသာ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ေတာင္ပံကစားသမား လင္ဂတ္အေနနဲ႔ သူရဲ႕အင္စတာဂရမ္မွာေတာ့ “ ဘယ္ေတာ့မွအရႈံးေပးမွာ မဟုတ္ ေၾကာင္းနဲ႔ လက္ရွိလုပ္ႏိုင္တာထက္ ပိုေကာင္းေအာင္လုပ္ေဆာင္သြားဖို႔ ႀကိဳးစားသြားမယ္” လို႔ေျပာခဲ့ပါတယ္။လင္ဂတ္ဟာ ၿပီးခဲ့တဲ့ရာသီအစတုန္းက မိသားစုအေရးကိစၥေတြေၾကာင့္ စြမ္းေဆာင္ရည္က်ဆင္းခဲ့ၿပီး ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။
မတ္လက ဒါဘီနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲက ယူႏိုက္တက္မွာ လင္ဂတ္အေနနဲ႔ ေနာက္ဆံုးပြဲထြက္ကစားခြင့္ရခဲ့တဲ့ပြဲ လည္း ျဖစ္ခဲ့ပါတယ္။လင္ဂတ္က “ နည္းျပဆိုးလ္ရွားအေနနဲ႔ ကြ်န္ေတာ္ရဲ႕စြမ္းေဆာင္ရည္ေတြကို အခုထက္ပိုၿပီး အလိုရွိခဲ့ ပါတယ္။ဒါေပမယ့္ ကြ်န္ေတာ္က မလုပ္ႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္ဟာ ကြ်န္ေတာ္ရဲ႕မိသားစုအသင္းမွာပါ။ဒီႏွစ္မွာ ကစား သမားတစ္ေယာက္၊လူတစ္ေယာက္အေနနဲ႔ ဆံုးရႈံးမႈေတြရွိခဲ့ေပမယ့္ လာမယ့္ႏွစ္မွာ အေကာင္းဆံုးလုပ္ႏိုင္ေအာင္ ႀကိဳးစား သြားမွာပါ” လို႔ေျပာခဲ့ပါတယ္။
အသင္းကိုေျပာင္းလဲမႈျပဳလုပ္ဖို႔ လုပ္ေဆာင္ေနတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ အသင္းကေနေရာင္းခ်မယ့္ ကစားသမားစာရင္းမွာ လင္ဂတ္ကို ထည့္သြင္းထားတယ္လို႔ သိရပါတယ္။လင္ဂတ္ဟာ လူငယ္ကစားသမားဘဝကတည္း က ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့သူျဖစ္ၿပီး ၂၀၁၁ ခုႏွစ္ကတည္းက အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့သူလည္းျဖစ္ပါ တယ္။ အျခားအသင္းေတြကို အဌားနဲ႔ သြားေရာက္ကစားခဲ့ရတယ္ဆိုေပမယ့္ ၂၀၁၆ ခုႏွစ္ကတည္းက ယူႏိုက္တက္မွာပဲ ရွိေနခဲ့သူလည္း ျဖစ္ပါတယ္။