တစ်ပတ်ပေါင်တစ်သိန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုတော့မယ့် မက်ဒီဆင်ကြောင့် ယူနိုက်တက်တို့ ခေါ်ယူနိုင်မယ့် အခွင့်အရေး နည်းလာ

ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ လက်စတာတိုက်စစ်မှူး မက်ဒီဆင်ဟာ တစ်ပတ်လုပ်ခ လစာပေါင်တစ်သိန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ အသင်းနဲ့ ပြုလုပ်နေတာကြောင့် ယူနိုက်တက်အနေနဲ့ သူကိုခေါ်ယူဖို့ အခွင့်အ ရေးနည်းလာခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒီနှစ်နွေရာသီမှာ အဓိကဦးစားပေးခေါ်ယူဖို့အတွက် ဒေါ့မွန်တောင် ပံကစားသမား ဆန်ချိုကို ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့အတွက် အဆင်မပြေခဲ့ဘူးဆိုရင် ယူနိုက်တက်အနေနဲ့ အက်စ်တွန်ဗီလာက ဂရီလစ်ရှ်နဲ့ မက်ဒီဆင်တို့ ကိုခေါ်ယူဖို့ ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ အက်စ်တွန်ဗီလာတိုက်စစ်မှူး ဂရီလစ်ရှ်က ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အလိုရှိနေပေမယ့် မက်ဒီဆင်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့မယ့်သတင်းတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုခဲ့ ခြင်းမရှိတာကို သိရပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စတာအသင်းအတွက် ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် အထိလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ရာသီကုန်ခါနီးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အကြိတ်အနယ်ဖြစ်ခဲ့တဲ့ လက်စတာအတွက် မက်ဒီဆင်ဟာ အပေါ့စားတင်ပါးဒဏ်ရာရှိနေခဲ့တာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘူးဆိုပေမယ့် အခုချိန်မှာတော့ လာ မယ့်ရာသီအတွက် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြုလုပ်နေပြီလို့ သိရပါတယ်။

လက်စတာအသင်းဟာ ချန်ပီယံလိဂ်နဲ့ လွဲချော်ခဲ့တာကြောင့် ငွေကြေးနစ်နာမှုတွေရှိခဲ့ပေမယ့် အသင်းရဲ့အဓိက,ကစား သမား အချို့ကို ဆက်ထိန်းထားနိုင်ဖို့ အတွက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ အနေနဲ့ ဗဟိုနောက်ခံလူတစ်ဦးကို ဦးစားပေးခေါ်ဖို့လုပ်ဆောင်နေပြီး ဂိုးသွင်းအများဆုံးဆုရခဲ့တဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ် တဲ့ ဗာဒီရဲ့နေရာကိုလည်း အစားထိုးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

zawgyi version

တစ္ပတ္ေပါင္တစ္သိန္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မယ့္ မက္ဒီဆင္ေၾကာင့္ ယူႏိုက္တက္တို႔ ေခၚယူႏိုင္မယ့္ အခြင့္အေရး နည္းလာ

ယူႏိုက္တက္အသင္းက ေခၚယူဖို႔ ကာလရွည္ေစာင့္ၾကည့္ေနခဲ့တဲ့ လက္စတာတိုက္စစ္မွဴး မက္ဒီဆင္ဟာ တစ္ပတ္လုပ္ခ လစာေပါင္တစ္သိန္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အသင္းနဲ႔ ျပဳလုပ္ေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ သူကိုေခၚယူဖို႔ အခြင့္အ ေရးနည္းလာခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ ဒီႏွစ္ေႏြရာသီမွာ အဓိကဦးစားေပးေခၚယူဖို႔အတြက္ ေဒါ့မြန္ေတာင္ ပံကစားသမား ဆန္ခ်ိဳကို ရည္ရြယ္ထားတာျဖစ္ပါတယ္။
ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ အဆင္မေျပခဲ့ဘူးဆိုရင္ ယူႏိုက္တက္အေနနဲ႔ အက္စ္တြန္ဗီလာက ဂရီလစ္ရွ္နဲ႔ မက္ဒီဆင္တို႔ ကိုေခၚယူဖို႔ ျပင္ဆင္ထားတာပဲ ျဖစ္ပါတယ္။ အက္စ္တြန္ဗီလာတိုက္စစ္မွဴး ဂရီလစ္ရွ္က ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ အလိုရွိေနေပမယ့္ မက္ဒီဆင္ကေတာ့ ယူႏိုက္တက္ကို ေျပာင္းေရႊ႕မယ့္သတင္းေတြနဲ႔ပတ္သက္ၿပီး တစ္စံုတစ္ရာေျပာဆိုခဲ့ ျခင္းမရွိတာကို သိရပါတယ္။
အသက္ ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဒီဆင္ဟာ ၿပီးခဲ့တဲ့ရာသီမွာ လက္စတာအသင္းအတြက္ ၁၃ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ အထိလည္း ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ရာသီကုန္ခါနီးမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္အႀကိတ္အနယ္ျဖစ္ခဲ့တဲ့ လက္စတာအတြက္ မက္ဒီဆင္ဟာ အေပါ့စားတင္ပါးဒဏ္ရာရွိေနခဲ့တာေၾကာင့္ ပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိဘူးဆိုေပမယ့္ အခုခ်ိန္မွာေတာ့ လာ မယ့္ရာသီအတြက္ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္း ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။
လက္စတာအသင္းဟာ ခ်န္ပီယံလိဂ္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ေငြေၾကးနစ္နာမႈေတြရွိခဲ့ေပမယ့္ အသင္းရဲ႕အဓိက,ကစား သမား အခ်ိဳ႕ကို ဆက္ထိန္းထားႏိုင္ဖို႔ အတြက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ အေနနဲ႔ ဗဟိုေနာက္ခံလူတစ္ဦးကို ဦးစားေပးေခၚဖို႔လုပ္ေဆာင္ေနၿပီး ဂိုးသြင္းအမ်ားဆံုးဆုရခဲ့တဲ့ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ တဲ့ ဗာဒီရဲ႕ေနရာကိုလည္း အစားထိုးဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။