ခေါင်းထဲမှာ ပြောင်းမယ့် အသင်းရှိပြီးသားလို့ စပါးကထွက်တော့မယ့် နောက်ခံလူ ဗာတွန်ဂန် ပြောကြား

ပြီးခဲ့တဲ့ တနင်္လာနေ့က ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ဖို့ သေချာသွားပြီဖြစ်တဲ့ နောက်ခံလူ ဗာ တွန်ဂန်က သူရဲ့ခေါင်းထဲမှာ နောက်ပြောင်းမယ့်အသင်းက အဆင်သင့်ရှိပြီးသားလို့ ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။  အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဗာတွန်ဂန်ဟာ စပါးအသင်းမှာ ၈ နှစ်ကြာကစားပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်း ရွှေ့ကြေးနဲ့ အသင်းပြောင်းမှာပဲ ဖြစ်ပါတယ်။

 

ဗာတွန်ဂန်အနေနဲ့ အသင်းဟောင်းဖြစ်တဲ့အေဂျက်ကို ပြန်ပြောင်းရွှေ့ဖို့ အစောပိုင်းတုန်းက သတင်းတွေထွက်ပေါ်ခဲ့ပေ မယ့် အဆင်မပြေခဲ့ကြောင်းလည်း သိရပါတယ်။ ဗာတွန်ဂန်အနေနဲ့ ဘာသာစကားတစ်ခုကို သင်ယူနေပြီး နိုင်ငံခြားမှာ သွားရောက်ကစားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ဗာတွန်ဂန်ဟာ စပါးအသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့် နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာတော့ ပုံမှန်ကစားခွင့်မရခဲ့တာကြောင့် အသင်းပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

talkSPORT ရဲ့ မေးမြန်းမှုကိုတော့ ဗာတွန်ဂန်က “ စပါးကနေ ထွက်ဖို့ အနှေးနဲ့ အမြန်ဖြစ်လာမှာပါ။ အခုတော့ အသင်းက ထွက်ဖို့ သေချာသွားပြီးနောက်မှာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုကို ပြုလုပ်နိုင်မှာပါ။ အပြောင်းအရွှေ့ဈေး ကွက်ကလည်း အခုမှ ဖွင့်ကာစပဲ ရှိသေးပါတယ်။ ကျွန်တော်ခေါင်းထဲမှာတော့ နောက်ပြောင်းမယ့်အသင်းကိုရွေးချယ်ထား ပြီး ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ ၃၀၀ ကျော်ကစားပေးခဲ့တဲ့ ဗာတွန်ဂန်က သူရဲ့ကစားသမားဘဝမှာ စပါးနဲ့အတူ ကြီးမား တဲ့အချိန်တွေ ရှိခဲ့ကြောင်းနဲ့ အားလုံးကို သတိရနေမယ့်အကြောင်းပြောခဲ့ပါတယ်။ လက်ရှိနည်းပြဖြစ်တဲ့ မော်ရင်ဟိုနဲ့ ပတ် သက်ပြီးတော့လည်း ဗာတွန်ဂန်က “သူက အသင်းကိုဦးဆောင်တဲ့သူပါ။ ဒီရာသီဟာ ကျွန်တော်ရဲ့အကောင်းဆုံးရာသီတစ် ခု မဟုတ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ပွဲမကစားရသလို အရန်ခုံမှာပဲထိုင်နေရ ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ေခါင္းထဲမွာ ေျပာင္းမယ့္ အသင္းရွိၿပီးသားလို႔ စပါးကထြက္ေတာ့မယ့္ ေနာက္ခံလူ ဗာတြန္ဂန္ ေျပာၾကား

ၿပီးခဲ့တဲ့ တနလၤာေန႔က ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ စပါးအသင္းကေန ထြက္ဖို႔ ေသခ်ာသြားၿပီျဖစ္တဲ့ ေနာက္ခံလူ ဗာ တြန္ဂန္က သူရဲ႕ေခါင္းထဲမွာ ေနာက္ေျပာင္းမယ့္အသင္းက အဆင္သင့္ရွိၿပီးသားလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဗာတြန္ဂန္ဟာ စပါးအသင္းမွာ ၈ ႏွစ္ၾကာကစားၿပီးေနာက္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အလြတ္ေျပာင္း ေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းမွာပဲ ျဖစ္ပါတယ္။
ဗာတြန္ဂန္အေနနဲ႔ အသင္းေဟာင္းျဖစ္တဲ့ေအဂ်က္ကို ျပန္ေျပာင္းေရႊ႕ဖို႔ အေစာပိုင္းတုန္းက သတင္းေတြထြက္ေပၚခဲ့ေပ မယ့္ အဆင္မေျပခဲ့ေၾကာင္းလည္း သိရပါတယ္။ ဗာတြန္ဂန္အေနနဲ႔ ဘာသာစကားတစ္ခုကို သင္ယူေနၿပီး ႏိုင္ငံျခားမွာ သြားေရာက္ကစားဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ဗာတြန္ဂန္ဟာ စပါးအသင္းရဲ႕အဓိကေနာက္ခံလူတစ္ဦးျဖစ္ခဲ့ေပမယ့္ နည္းျပေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာေတာ့ ပံုမွန္ကစားခြင့္မရခဲ့တာေၾကာင့္ အသင္းေျပာင္းဖို႔အတြက္ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ ပါတယ္။
talkSPORT ရဲ႕ ေမးျမန္းမႈကိုေတာ့ ဗာတြန္ဂန္က “ စပါးကေန ထြက္ဖို႔ အေႏွးနဲ႔ အျမန္ျဖစ္လာမွာပါ။ အခုေတာ့ အသင္းက ထြက္ဖို႔ ေသခ်ာသြားၿပီးေနာက္မွာ အေကာင္းဆံုးနဲ႔ အမွန္ကန္ဆံုး ေရြးခ်ယ္မႈတစ္ခုကို ျပဳလုပ္ႏိုင္မွာပါ။ အေျပာင္းအေရႊ႕ေစ်း ကြက္ကလည္း အခုမွ ဖြင့္ကာစပဲ ရွိေသးပါတယ္။ ကြ်န္ေတာ္ေခါင္းထဲမွာေတာ့ ေနာက္ေျပာင္းမယ့္အသင္းကိုေရြးခ်ယ္ထား ၿပီး ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စပါးအသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ပြဲ ၃၀၀ ေက်ာ္ကစားေပးခဲ့တဲ့ ဗာတြန္ဂန္က သူရဲ႕ကစားသမားဘဝမွာ စပါးနဲ႔အတူ ႀကီးမား တဲ့အခ်ိန္ေတြ ရွိခဲ့ေၾကာင္းနဲ႔ အားလံုးကို သတိရေနမယ့္အေၾကာင္းေျပာခဲ့ပါတယ္။ လက္ရွိနည္းျပျဖစ္တဲ့ ေမာ္ရင္ဟိုနဲ႔ ပတ္ သက္ၿပီးေတာ့လည္း ဗာတြန္ဂန္က “သူက အသင္းကိုဦးေဆာင္တဲ့သူပါ။ ဒီရာသီဟာ ကြ်န္ေတာ္ရဲ႕အေကာင္းဆံုးရာသီတစ္ ခု မဟုတ္ေပမယ့္ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆံုးလုပ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ပြဲမကစားရသလို အရန္ခံုမွာပဲထိုင္ေနရ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။