ဗြိတိန်မင်းသား ဝီလျံက ယူနိုက်တက်၊ချဲလ်ဆီးတို့ကို အားမပေးဘဲ ဗီလာပရိသတ်ပါလို့ ထုတ်ဖော်ပြောဆိုခဲ့

ဗြိတိန်တော်ဝင်မင်းသား ဝီလျံက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့ ပရိသတ်တစ်ဦးမဟုတ်ဘဲ အက်စ်တွန်ဗီလာအ သင်းရဲ့ပရိသတ်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ကစားအပြီးမှာ တန်းဆင်း ရမယ့်အရေးကနေ လွတ်မြောက်ခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းအတွက် မင်းသားဝီလျံက သူရဲ့တွစ်တာအကောင့်မှာ မယုံနိုင်စရာမရှိခဲ့ဘူးလို့ ရေးပြီး တင်ခဲ့တာဖြစ်ပါတယ်။

 

BBC အားကစားဌာနနဲ့ အင်တားဗျူးခဲ့ရာမှာတော့ ဗြိတိန်မင်းသား ဝီလျံက “ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဗီလာပတ်ခ် ကွင်းအထိသွားရောက်ပြီး ဘောလုံးပွဲတွေကြည့်ရှုခဲ့ဖူးပါတယ်။ ပထမဆုံးသွားကြည့်ခဲ့တဲ့ပွဲကတော့ အက်ဖ်အေဖလားပြိုင်ပွဲ တစ်ပွဲဖြစ်တဲ့ ဘော်လ်တန်နဲ့ကစားခဲ့တဲ့ပွဲပါ။ အသင်းပရိသတ်တွေနဲ့အတူ ထိုင်ကြည့်ခဲ့တာဖြစ်ပြီး သူတို့တွေကိုလည်း ကျွန် တော် ချစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ မင်းသားဝီလျံက “ ကျွန်တော်အနေနဲ့ လူတိုင်းနီးပါးအားပေးတဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေ ကိုတော့ အားမပေးချင်ပါဘူး။ ဗီလာအသင်းရဲ့ စိတ်ကူးစိတ်သန်းတွေကို နှစ်သက်ပါတယ်။သူတို့မှာ ကောင်းမွန်တဲသမိုင်း ကြောင်းရှိပြီး ဥရောပဖလားကိုလည်း ရယူနိုင်ခဲ့တဲ့အသင်းပါ။ဗြိတိန်အလယ်ပိုင်း ဘောလုံးကလပ်အသင်းတွေထဲမှာ ဗီလာ အသင်းပွဲတွေကို ကြည့်ရတာ အကောင်းဆုံးပါပဲ” လို့ ပြောခဲ့ပါတယ်။

 

အက်စ်တွန်ဗီလာဟာ ဒီရာသီမှာ တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းကို တစ်ဂိုးစီသရေကျခဲ့တာ ကြောင့်သာ တန်းဆင်းဇုန်က လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအသင်းမှာ ၁၈၇၄ ခုနှစ်ကတည်းက တည် ထောင်ထားခဲ့တဲ့အသင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုကို ၇ ကြိမ်နဲ့ ဥရောပဖလားလို့ခေါ်တဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း တစ်ကြိမ် ရရှိထားတဲ့အသင်းလည်း ဖြစ်ပါတယ်။

 

zawgyi version

ၿဗိတိန္မင္းသား ဝီလ်ံက ယူႏိုက္တက္၊ခ်ဲလ္ဆီးတို႔ကို အားမေပးဘဲ ဗီလာပရိသတ္ပါလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့

ၿဗိတိန္ေတာ္ဝင္မင္းသား ဝီလ်ံက ပရီးမီးယားလိဂ္ၿပိဳင္ပြဲဝင္အသင္းမ်ားရဲ႕ ပရိသတ္တစ္ဦးမဟုတ္ဘဲ အက္စ္တြန္ဗီလာအ သင္းရဲ႕ပရိသတ္တစ္ဦးျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲစဥ္ကစားအၿပီးမွာ တန္းဆင္း ရမယ့္အေရးကေန လြတ္ေျမာက္ခဲ့တဲ့ အက္စ္တြန္ဗီလာအသင္းအတြက္ မင္းသားဝီလ်ံက သူရဲ႕တြစ္တာအေကာင့္မွာ မယံုႏိုင္စရာမရွိခဲ့ဘူးလို႔ ေရးၿပီး တင္ခဲ့တာျဖစ္ပါတယ္။
BBC အားကစားဌာနနဲ႔ အင္တားဗ်ဴးခဲ့ရာမွာေတာ့ ၿဗိတိန္မင္းသား ဝီလ်ံက “ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ဗီလာပတ္ခ္ ကြင္းအထိသြားေရာက္ၿပီး ေဘာလံုးပြဲေတြၾကည့္ရႈခဲ့ဖူးပါတယ္။ ပထမဆံုးသြားၾကည့္ခဲ့တဲ့ပြဲကေတာ့ အက္ဖ္ေအဖလားၿပိဳင္ပြဲ တစ္ပြဲျဖစ္တဲ့ ေဘာ္လ္တန္နဲ႔ကစားခဲ့တဲ့ပြဲပါ။ အသင္းပရိသတ္ေတြနဲ႔အတူ ထိုင္ၾကည့္ခဲ့တာျဖစ္ၿပီး သူတို႔ေတြကိုလည္း ကြ်န္ ေတာ္ ခ်စ္ပါတယ္” လို႔ေျပာခဲ့ပါတယ္။
တစ္ဆက္တည္းမွာပဲ မင္းသားဝီလ်ံက “ ကြ်န္ေတာ္အေနနဲ႔ လူတိုင္းနီးပါးအားေပးတဲ့ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြ ကိုေတာ့ အားမေပးခ်င္ပါဘူး။ ဗီလာအသင္းရဲ႕ စိတ္ကူးစိတ္သန္းေတြကို ႏွစ္သက္ပါတယ္။သူတို႔မွာ ေကာင္းမြန္တဲသမိုင္း ေၾကာင္းရွိၿပီး ဥေရာပဖလားကိုလည္း ရယူႏိုင္ခဲ့တဲ့အသင္းပါ။ၿဗိတိန္အလယ္ပိုင္း ေဘာလံုးကလပ္အသင္းေတြထဲမွာ ဗီလာ အသင္းပြဲေတြကို ၾကည့္ရတာ အေကာင္းဆံုးပါပဲ” လို႔ ေျပာခဲ့ပါတယ္။
အက္စ္တြန္ဗီလာဟာ ဒီရာသီမွာ တန္းမဆင္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေနာက္ဆံုးပြဲစဥ္မွာ ဝက္စ္ဟမ္းကို တစ္ဂိုးစီသေရက်ခဲ့တာ ေၾကာင့္သာ တန္းဆင္းဇုန္က လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ အက္စ္တြန္ဗီလာအသင္းမွာ ၁၈၇၄ ခုႏွစ္ကတည္းက တည္ ေထာင္ထားခဲ့တဲ့အသင္းျဖစ္ၿပီး အမွတ္ေပးခ်န္ပီယံဆုကို ၇ ႀကိမ္နဲ႔ ဥေရာပဖလားလို႔ေခၚတဲ့ ခ်န္ပီယံလိဂ္ဖလားကိုလည္း တစ္ႀကိမ္ ရရွိထားတဲ့အသင္းလည္း ျဖစ္ပါတယ္။