ညီအကိုလို ခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ခွဲခွာခဲ့ရတယ်လို့ ပြောခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်

လီဗာပူးတိုက်စစ်မှူး ဆာလက်က ဇင်းနစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ အသင်းဖော် လိုဗရန်နဲ့ ခွဲခွာခဲ့ရတာကြောင့် ညီ အကိုလိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးနောက်ခံလူ လိုဗရန်ဟာ ပရီးမီးယား လိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်နေရာရဖို့ ရုန်းကန်နေရတဲ့ အနေအထားတွေကြောင့် ဇင်းနစ်ကို ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။

လိုဗရန်ဟာ ၂၀၁၇ ခုနှစ်က ရိုးမားကနေ လီဗာပူးကိုပြောင်းရွှေ့လာတဲ့ ဆာလက်နဲ့အတူ အသင်းမှာ အနီးကပ်ဆုံးရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့တာက မက်ဆေ့ချ်မှားပို့ခြင်း က စခဲ့တယ်လို့ဆာလက်က နောက်ပြောင်ပြီး ပြောဆိုလေ့ရှိပါတယ်။ လိုဗရန်ဟာ လီဗာပူးရဲ့ အဓိက,ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဂိုမက်ဇ်၊ မာတစ်ပ်တို့ကြောင့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူလည်း ဖြစ်ပါတယ်။

ဆာလက်က “ ကျွန်တော်တို့ နှစ်ယောက်ဟာ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။နှစ်ယောက်စလုံးရဲ့ဘဝအစတွေ က ခက်ခဲခဲ့တာခြင်းလည်းတူပါတယ်။ ကျွန်တော်က အီဂျစ်မှာ ဘာနောက်ခံမှမရှိဘဲ ခက်ခက်ခဲခဲကြိုးစားပြီးလာခဲ့တာကို ပြောတော့ လိုဗရန်ကလည်း သူရဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။သူအနေနဲ့ ခရိုအေးရှားစစ်ပွဲကြောင့် ဂျာမနီကိုပြောင်းပြီး နေထိုင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ကော်ဖီအတူသောက်တယ်၊စားပွဲတင်တင်းနစ်ကစားတယ်၊ ရယ်စရာတွေကို အမြဲပြောလေ့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လိုဗရန်အနေနဲ့ ဇင်းနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့အပြီးမှာတော့ ဆာလက်က “ ကျွန် တော်တို့ ဘယ်လိုတွေပြောခဲ့လဲဆိုတာ မသိတော့ပါဘူး။အခုချိန်မှာ ကျွန်တော်ဘယ်လိုခံစားနေရမလဲဆိုတာကို သူမသိပါ ဘူး။ ကျွန်တော်တို့အားလုံး သူကိုသတိရနေမှာပါ၊ အထူးသဖြင့် ကျွန်တော်ပေါ့။ သူကကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ် ပြီး ကျွန်တော်အတွက် သူငယ်ချင်းကောင်းပါ” လို့ ပြောခဲ့ပါတယ်။

 

zawgyi version

ညီအကိုလို ခင္တဲ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ ခြဲခြာခဲ့ရတယ္လို႔ ေျပာခဲ့တဲ့ လီဗာပူးတိုက္စစ္မွဴး ဆာလက္

လီဗာပူးတိုက္စစ္မွဴး ဆာလက္က ဇင္းနစ္အသင္းကို ေျပာင္းေရႊ႕သြားတဲ့ အသင္းေဖာ္ လိုဗရန္နဲ႔ ခြဲခြာခဲ့ရတာေၾကာင့္ ညီ အကိုလိုခင္တဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ဆံုးရႈံးခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးေနာက္ခံလူ လိုဗရန္ဟာ ပရီးမီးယား လိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ အေနအထားေတြေၾကာင့္ ဇင္းနစ္ကို ေပါင္ ၁၁ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူခဲ့တာပဲ ျဖစ္ပါတယ္။
လိုဗရန္ဟာ ၂၀၁၇ ခုႏွစ္က ႐ိုးမားကေန လီဗာပူးကိုေျပာင္းေရႊ႕လာတဲ့ ဆာလက္နဲ႔အတူ အသင္းမွာ အနီးကပ္ဆံုးရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကို ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္လာေအာင္ လုပ္ေဆာင္ေပးခဲ့တာက မက္ေဆ့ခ်္မွားပို႔ျခင္း က စခဲ့တယ္လို႔ဆာလက္က ေနာက္ေျပာင္ၿပီး ေျပာဆိုေလ့ရွိပါတယ္။ လိုဗရန္ဟာ လီဗာပူးရဲ႕ အဓိက,ကစားသမားတစ္ဦး ျဖစ္ခဲ့ေပမယ့္ ဂိုမက္ဇ္၊ မာတစ္ပ္တို႔ေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ့သူလည္း ျဖစ္ပါတယ္။
ဆာလက္က “ ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ဟာ စကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့ၾကပါတယ္။ႏွစ္ေယာက္စလံုးရဲ႕ဘဝအစေတြ က ခက္ခဲခဲ့တာျခင္းလည္းတူပါတယ္။ ကြ်န္ေတာ္က အီဂ်စ္မွာ ဘာေနာက္ခံမွမရွိဘဲ ခက္ခက္ခဲခဲႀကိဳးစားၿပီးလာခဲ့တာကို ေျပာေတာ့ လိုဗရန္ကလည္း သူရဲ႕အေၾကာင္းကို ေျပာျပခဲ့ပါတယ္။သူအေနနဲ႔ ခ႐ိုေအးရွားစစ္ပြဲေၾကာင့္ ဂ်ာမနီကိုေျပာင္းၿပီး ေနထိုင္ခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ႏွစ္ေယာက္ ေကာ္ဖီအတူေသာက္တယ္၊စားပြဲတင္တင္းနစ္ကစားတယ္၊ ရယ္စရာေတြကို အၿမဲေျပာေလ့ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ တနလၤာေန႔က လိုဗရန္အေနနဲ႔ ဇင္းနစ္ကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့အၿပီးမွာေတာ့ ဆာလက္က “ ကြ်န္ ေတာ္တို႔ ဘယ္လိုေတြေျပာခဲ့လဲဆိုတာ မသိေတာ့ပါဘူး။အခုခ်ိန္မွာ ကြ်န္ေတာ္ဘယ္လိုခံစားေနရမလဲဆိုတာကို သူမသိပါ ဘူး။ ကြ်န္ေတာ္တို႔အားလံုး သူကိုသတိရေနမွာပါ၊ အထူးသျဖင့္ ကြ်န္ေတာ္ေပါ့။ သူကႀကီးက်ယ္တဲ့ကစားသမားတစ္ဦးျဖစ္ ၿပီး ကြ်န္ေတာ္အတြက္ သူငယ္ခ်င္းေကာင္းပါ” လို႔ ေျပာခဲ့ပါတယ္။