ယူနိုက်တက် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်ရင် ဟယ်ရီကိန်းကို ခေါ်သင့်တယ်လို့ ဆိုလိုက်တဲ့ ပေါလ်မာဆင်

  ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်ရင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသင့်တယ်လို့ ပေါလ်မာဆင်က ယုံကြည်နေပါတယ်။ နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မာရှယ်ယ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့ တိုက်စစ်အတွဲ ပုံစံကောင်းပြထားသော်လည်း ယူနိုက်တက်အနေနဲ့ နောက်ရာသီမှာ မန်စီးတီး နဲ့ လီဗာပူးလ်ကို အမီလိုက်ချင်ရင် ဟယ်ရီကိန်းကို ခေါ်ယူကမ်းလှမ်းသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော့်အထင် ယူနိုက်တက်ဟာ ဗဟို တိုက်စစ်မှူး တစ်ယောက်လိုနေပါတယ်။ကျွန်တော်တစ်ကယ်ပြောတာပါ။ သူတို့သာ ဟယ်ရီကိန်းအတွက် ကြီးမားစွာ ကမ်းလှမ်းမယ်ဆိုရင် သူတို့ဟာ နောက်ရာသီ အင်အားတောင့်တင်းသွားမှာပါ။

လူတွေက မာရှယ်လ်ဟာ ခြေစွမ်းပြခဲ့တယ် ၊ ဂိုးတွေ သွင်းနေတယ်၊ ပြီးတော့ ဂရင်းဝုဒ်လည်း စူပါကြယ်ပွင့် ဖြစ်လာမယ်လို့ ပြောနေကြပေမယ့် ဟယ်ရီကိန်းကို အလယ်မှာ ထားပြီး မာရှယ်လ်၊ ဂရင်းဝုဒ် နဲ့ ရပ်ရှ်ဖိုဒ့်တို့ကို အလှည့်ကျ သုံးမယ်ဆိုရင် ဟယ်ရီကိန်း အညံ့ဆုံး ရာသီမှာဆိုရင်တော့ ဂိုး (၂၀) လောက်သွင်းပေးမှာပါ” လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းက စကိုင်းစပေါ့ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် (၃၂) ပွဲကစားပြီးချိန်မှာ (၁၇) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ စပါးအသင်းအတွက ်ပရီးမီးယားလိဂ် (၂၉) ပွဲကစားပြီးချိန်မှာ မာရှယ်လ်ထက် တစ်ဂိုးပိုသွင်းပြီး (၂) ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။

ယူႏိုက္တက္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚခ်င္ရင္ ဟယ္ရီကိန္းကို ေခၚသင့္တယ္လို႔ ဆိုလိုက္တဲ့ ေပါလ္မာဆင္

ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚခ်င္ရင္ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူသင့္တယ္လို႔ ေပါလ္မာဆင္က ယံုၾကည္ေနပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္(၃) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

မာရွယ္ယ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္း၀ုဒ္တို႔ တိုက္စစ္အတြဲ ပံုစံေကာင္းျပထားေသာ္လည္း ယူႏိုက္တက္အေနနဲ႔ ေနာက္ရာသီမွာ မန္စီးတီး နဲ႔ လီဗာပူးလ္ကို အမီလိုက္ခ်င္ရင္ ဟယ္ရီကိန္းကို ေခၚယူကမ္းလွမ္းသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ့္အထင္ ယူႏိုက္တက္ဟာ ဗဟို တိုက္စစ္မွဴး တစ္ေယာက္လိုေနပါတယ္။ကၽြန္ေတာ္တစ္ကယ္ေျပာတာပါ။ သူတို႔သာ ဟယ္ရီကိန္းအတြက္ ၾကီးမားစြာ ကမ္းလွမ္းမယ္ဆိုရင္ သူတို႔ဟာ ေနာက္ရာသီ အင္အားေတာင့္တင္းသြားမွာပါ။

လူေတြက မာရွယ္လ္ဟာ ေျခစြမ္းျပခဲ့တယ္ ၊ ဂိုးေတြ သြင္းေနတယ္၊ ျပီးေတာ့ ဂရင္း၀ုဒ္လည္း စူပါၾကယ္ပြင့္ ျဖစ္လာမယ္လို႔ ေျပာေနၾကေပမယ့္ ဟယ္ရီကိန္းကို အလယ္မွာ ထားျပီး မာရွယ္လ္၊ ဂရင္း၀ုဒ္ နဲ႔ ရပ္ရွ္ဖိုဒ့္တို႔ကို အလွည့္က် သံုးမယ္ဆိုရင္ ဟယ္ရီကိန္း အညံ့ဆံုး ရာသီမွာဆိုရင္ေတာ့ ဂိုး (၂၀) ေလာက္သြင္းေပးမွာပါ” လို႔ အာဆင္နယ္တိုက္စစ္မွဴးေဟာင္းက စကိုင္းစေပါ့ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

မာရွယ္ဟာ ဒီရာသီမွာ သူ႔ရဲ႕ အေကာင္းဆံုး စြမး္ေဆာင္ရည္ကို ရရွိခဲ့ျပီး ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ (၃၂) ပြဲကစားျပီးခ်ိန္မွာ (၁၇) ဂိုးသြင္း (၆) ဂိုးဖန္တီးေပးထားခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ စပါးအသင္းအတြက ္ပရီးမီးယားလိဂ္ (၂၉) ပြဲကစားျပီးခ်ိန္မွာ မာရွယ္လ္ထက္ တစ္ဂိုးပိုသြင္းျပီး (၂) ဂိုးဖန္တီးေပးထားတာျဖစ္ပါတယ္။