ချဲလ်ဆီးကစားသမားဟောင်းကို လေဗာကူဆင် နဲ့ နာပိုလီတို့နဲ့ အပြိုင်ခေါ်ယူရတော့မယ် အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဂျရမီဘိုဂါကို ဒီနွေရာသီမှာ အီတလီ နဲ့ ဂျာမန်ကလပ်အသင်းတွေနဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ အဲဗာတန်နည်းပြ အန်စလော့တီဟာ ဆာဆူအိုလိုအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ စီးရီးအေ တောင်ပံကစားသမားကို အသင်းရဲ့ အလိုအရှိဆုံး ကစားသမား စာရင်းထဲမှာ ထည့်သွားထားတာ ဖြစ်ပါတယ်။

သို့သော်လည်း အဲဗာတန်အသင်းဟာ အိုင်ဗရီကိုစ့် လက်ရွေးစင်ကစားသမားကို နာပိုလီ နဲ့ လေဗာကူဆင်အသင်းတို့နဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေပါတယ်။အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးအသင်းကနေ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာကတည်းက စီးရီးအေမှာ ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ ဒီရာသီမှာ ဘိုဂါဟာ ဆာဆူအိုလိုအသင်းအတွက် စီးရီးအေ (၃၄) ပွဲကစားထားပြီး (၁၁) ၈ိုးသွင်းပေးထားကာ အဓိက အခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ပေးထားပါတယ်။

ဘိုဂါကို နာပိုလီ ၊ လေဗာကူဆင် ၊ ဒေါ့မွန် နဲ့ ယူနိုက်တက်အသင်းတို့ အပါအဝင် ဥရောပ ထိပ်သီးကလပ်အသင်းတွေကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ တောင်ပံကစားသမားကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆာဆူအိုလီအသင်းက ပေါင် ၃၅ သန်းလောက် လိုချင်နေပါတယ်။ ဒေါ့မွန် နဲ့ လေဗာကူဆင် တို့ (၂) သင်းစလုံးကလည်း အသင်းက ဂျာဒွန်ဆန်ချို နဲ့ ကိုင်ဟာဗက်ဇ်တို့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ခ်ဲလ္ဆီးကစားသမားေဟာင္းကို ေလဗာကူဆင္ နဲ႔ နာပိုလီတို႔နဲ႔ အျပိဳင္ေခၚယူရေတာ့မယ္ အဲဗာတန္အသင္း

အဲဗာတန္အသင္းဟာ ခ်ဲလ္ဆီးေတာင္ပံကစားသမား ဂ်ရမီဘိုဂါကို ဒီေႏြရာသီမွာ အီတလီ နဲ႔ ဂ်ာမန္ကလပ္အသင္းေတြနဲ႔ အျပိဳင္ကမ္းလွမ္းရဖြယ္ ရွိေနပါတယ္။ အဲဗာတန္နည္းျပ အန္စေလာ့တီဟာ ဆာဆူအိုလိုအသင္းမွာ ေျခစြမ္းျပကစားေနတဲ့ စီးရီးေအ ေတာင္ပံကစားသမားကို အသင္းရဲ႕ အလိုအရွိဆံုး ကစားသမား စာရင္းထဲမွာ ထည့္သြားထားတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အဲဗာတန္အသင္းဟာ အိုင္ဗရီကိုစ့္ လက္ေရြးစင္ကစားသမားကို နာပိုလီ နဲ႔ ေလဗာကူဆင္အသင္းတို႔နဲ႔ အျပိဳင္ေခၚယူရဖြယ္ရွိေနပါတယ္။အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းကေန ၂၀၁၈ ခုႏွစ္က ေျပာင္းေရႊ႕လာကတည္းက စီးရီးေအမွာ ေျခစြမ္းျပကစားေနတာျဖစ္ပါတယ္။ ဒီရာသီမွာ ဘုိဂါဟာ ဆာဆူအိုလိုအသင္းအတြက္ စီးရီးေအ (၃၄) ပြဲကစားထားျပီး (၁၁) ၈ိုးသြင္းေပးထားကာ အဓိက အခန္းက႑ကေန ပါ၀င္စြမး္ေဆာင္ေပးထားပါတယ္။

ဘိုဂါကို နာပိုလီ ၊ ေလဗာကူဆင္ ၊ ေဒါ့မြန္ နဲ႔ ယူႏိုက္တက္အသင္းတို႔ အပါအ၀င္ ဥေရာပ ထိပ္သီးကလပ္အသင္းေတြကလည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ နာပိုလီအသင္းဟာ ေတာင္ပံကစားသမားကို ေပါင္ သန္း ၂၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ဆာဆူအိုလီအသင္းက ေပါင္ ၃၅ သန္းေလာက္ လိုခ်င္ေနပါတယ္။ ေဒါ့မြန္ နဲ႔ ေလဗာကူဆင္ တို႔ (၂) သင္းစလံုးကလည္း အသင္းက ဂ်ာဒြန္ဆန္ခ်ိဳ နဲ႔ ကိုင္ဟာဗက္ဇ္တို႔ ေနရာမွာ အစားထိုးဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။